Spots news

ယူနိုက်တက် ဂန္ဓဝင်ကစားသမားတွေရဲ့ ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရမယ့် ဆန်ချို

Unicode Version

လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းအတွက် စတင်ခြေစွမ်းပြကစား ရတော့မယ့် တောင်ပံကစားသမားဆန်ချိုဟာ ဆေးစစ်မှုတွေအားလုံးလုပ် ဆောင်ထားနေပြီဖြစ်တဲ့အပြင် မကြာခင်မှာကစားသမားမိတ်ဆက်ပွဲလည်း ပြုလုပ်တော့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ပေါင်(၇၃)သန်းနဲ့ခေါ်ယူဖို့ ဒေ့ါမွန်အသင်းနဲ့ အကြိမ်ကြိမ် ဆွေးနွေးမှု ပြုလုပ်ကာ ခေါ်ယူခဲ့ရတာ ဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကလည်း ဆန်ချိုကို အသင်းရဲ့ဂန္ထဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၇)ဝတ်ဆင်ကစားတာကို မြင်တွေ့လိုနေပေမယ့် ကာဗာနီက အဲဒီနံပါတ်ဝတ်ဆင်နေတာကြောင့် ယူနိုက်တက်အသင်းမှာ ဆန်ချို နံပါတ်ဘယ်လောက်ဝတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ကြယ်ပွင့်ကစားသမားဆန်ချိုဝတ်ဆင့်မယ့် အင်္ကျီနံပါတ်ကိုလည်း သတ်မှတ်ထားပြီးပြီလို့သိရပါတယ်။ ကနဉီးမှာတုန်းက ဆန်ချိုကို ယူနိုက်တက် အသင်းရဲ့ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့

နံပါတ်(၇)ကို ဝတ်ဆင်မယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့်လည်း အဆိုပါနံပါတ်ကို ဝါရင့်တိုက်စစ်မှူး ကာဗာနီကဝတ်ဆင်နေတဲ့အတွက် ဆန်ချိုအတွက် နောက်ထပ်ကျောနံပါတ် တစ်ခုကိုသက်မှတ်ပေးလိုက်တယ်လို့သိရပါတယ်။

တောင်ပံကစားသမားဆန်ချိုအတွက် ကျောနံပါတ်ကို (၁၆)နဲ့ကစားစေမှာ ဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာသလို ဒီနံပါတ်ကတော့ ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းနဲ့ မိုက်ကယ်ကာရစ်တို့ အပြင် မာကို့စ်ရိုဂျိုဝတ်ဆင်ခဲ့တဲ့ မန်ယူအတွက်ဂန္တဝင်နံပါတ်တစ်ခုဆိုလည်း မမှားပါဘူး။

Zawgyi Version

လာမယ့္ရာသီမွာ ယူနိုက္တက္အသင္းအတြက္ စတင္ေျခစြမ္းျပကစား ရေတာ့မယ့္ ေတာင္ပံကစားသမားဆန္ခ်ိဳဟာ ေဆးစစ္မႈေတြအားလုံးလုပ္ ေဆာင္ထားေနၿပီျဖစ္တဲ့အျပင္ မၾကာခင္မွာကစားသမားမိတ္ဆက္ပြဲလည္း ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ကာလရွည္ပစ္မွတ္ျဖစ္တဲ့ ဆန္ခ်ိဳကို ေပါင္(၇၃)သန္းနဲ႕ေခၚယူဖို႔ ေဒ့ါမြန္အသင္းနဲ႕ အႀကိမ္ႀကိမ္ ေဆြးေႏြးမႈ ျပဳလုပ္ကာ ေခၚယူခဲ့ရတာ ျဖစ္ၿပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။

ယူနိုက္တက္ပရိသတ္ေတြကလည္း ဆန္ခ်ိဳကို အသင္းရဲ႕ဂႏၳဝင္နံပါတ္ျဖစ္တဲ့ ေက်ာနံပါတ္(၇)ဝတ္ဆင္ကစားတာကို ျမင္ေတြ႕လိုေနေပမယ့္ ကာဗာနီက အဲဒီနံပါတ္ဝတ္ဆင္ေနတာေၾကာင့္ ယူနိုက္တက္အသင္းမွာ ဆန္ခ်ိဳ နံပါတ္ဘယ္ေလာက္ဝတ္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

လက္ရွိမွာေတာ့ ယူနိုက္တက္အသင္းဟာ ၾကယ္ပြင့္ကစားသမားဆန္ခ်ိဳဝတ္ဆင့္မယ့္ အကၤ်ီနံပါတ္ကိုလည္း သတ္မွတ္ထားၿပီးၿပီလို႔သိရပါတယ္။ ကနဉီးမွာတုန္းက ဆန္ခ်ိဳကို ယူနိုက္တက္ အသင္းရဲ႕ဂႏၲဝင္ေက်ာနံပါတ္ျဖစ္တဲ့

နံပါတ္(၇)ကို ဝတ္ဆင္မယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ေပမယ့္လည္း အဆိုပါနံပါတ္ကို ဝါရင့္တိုက္စစ္မႉး ကာဗာနီကဝတ္ဆင္ေနတဲ့အတြက္ ဆန္ခ်ိဳအတြက္ ေနာက္ထပ္ေက်ာနံပါတ္ တစ္ခုကိုသက္မွတ္ေပးလိုက္တယ္လို႔သိရပါတယ္။

ေတာင္ပံကစားသမားဆန္ခ်ိဳအတြက္ ေက်ာနံပါတ္ကို (၁၆)နဲ႕ကစားေစမွာ ျဖစ္တယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာသလို ဒီနံပါတ္ကေတာ့ ဂႏၳဝင္အသင္းေခါင္းေဆာင္႐ြိုင္ကိန္းနဲ႕ မိုက္ကယ္ကာရစ္တို႔ အျပင္ မာကို႔စ္ရိုဂ်ိဳဝတ္ဆင္ခဲ့တဲ့ မန္ယူအတြက္ဂႏၲဝင္နံပါတ္တစ္ခုဆိုလည္း မမွားပါဘူး။