Articles

အေဘရာဟမ်အတွက် လာကာဇက်တီနဲ့ အန်ကီတီရက်တို့ကို ရင်းဖို့လိုအပ်နေတဲ့ အာဆင်နယ်


အာဆင်နယ်အသင်းဟာ လာကာဇက်တီနဲ့ အန်ကီတီရက်တို့ကို ရောင်းချမှသာ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးကို ဂန်းနားတွေမျက်စိကျနေတာတော့ ကြာခဲ့ပါပြီ။


ကာယကံရှင်ကလည်း တူချယ်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တာကြောင့် အသင်းပြောင်းချင်နေပါတယ်။ အထူးသဖြင့် အာဆင်နယ်ပရိသတ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သူဖြစ်သလို ဂန်းနားတို့ရဲ့ဂန္ထဝင်ဟင်နရီက သူ့ရဲ့သူရဲကောင်းဖြစ်နေပါတယ်။


လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ပေါင် သန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ The Athletic က ဖေါ်ပြပါတယ်။ ဒါပေမဲ့ အငှားနဲ့ခေါ်ယူခွင့်ရခဲ့ရင် တစ်ပတ် ပေါင် ၈ သောင်းလောက်ပေးရမယ့် အေဘရာဟမ်အတွက် လုပ်ခလစာ၊


အပြီးသတ်ခေါ်ယူခွင့်ရရင် ပေးချေရမယ့်ပြောင်းရွှေ့ကြေးအတွက် အာဆင်နယ်အနေနဲ့ ပထမအသင်းကိုဝိတ်လျှော့ဖို့ လိုအပ်နေတယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒီနေရာမှာ အဖြစ်နိုင်ဆုံး စီနီယာကစားသမားနှစ်ယောက်ကတော့ လာကာဇက်တီနဲ့ အန်ကီတီရက်ဖြစ်တယ်လို့ ရေးသားထားပါတယ်။


ဒီကစားသမားနှစ်ယောက်လုံးဟာ တစ်နှစ်သာ စာချုပ်သက်တမ်းကျန်တော့တာကြောင့် ၂၀၂၂ နွေဈေးကွက်မှာ အလွတ်ဆုံးရှုံးရမယ့်သူတွေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ၂၉ ပွဲကစား ၆ ဂိုးသွင်းပေးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အန်ကီတီရက်ဟာ


စာချုပ်သစ်အတွက် ကမ်းလှမ်းမှုခံရပေမယ့် ပွဲထွက်ခွင့်အတွက် အာမခံချက်လိုချင်နေပြီး အသက် ၃၀ အရွယ် လာကာဇက်တီကိုတော့ ရောင်းချချင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအကယ်ဒမီထွက် အေဘရာဟမ်ဟာ နည်းပြလမ်းပတ်လက်ထက်မှာ ခြေစွမ်းပြခွင့်ရခဲ့ပေမယ့်


တူချယ်ရောက်လာချိန်မှာတော့ တီမိုဝါနာကိုဦးစားပေးနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရသူပါ။ အင်္ဂလန်အတွက် ၆ ပွဲကစားပေးထားတဲ့ သူ့ကို စပါးနဲ့ ဝက်စ်ဟမ်းတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

(zawgyi)

အာဆင္နယ္အသင္းဟာ လာကာဇက္တီနဲ႔ အန္ကီတီရက္တို႔ကို ေရာင္းခ်မွသာ ခ်ဲလ္ဆီးတိုက္စစ္မႉး ေအဘရာဟမ္ကို ေခၚယူႏိုင္လိမ့္မယ္လို႔သိရပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးကို ဂန္းနားေတြမ်က္စိက်ေနတာေတာ့ ၾကာခဲ့ပါၿပီ။ ကာယကံရွင္ကလည္း တူခ်ယ္လက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးခဲ့တာေၾကာင့္ အသင္းေျပာင္းခ်င္ေနပါတယ္။ အထူးသျဖင့္ အာဆင္နယ္ပရိသတ္တစ္ဦးအျဖစ္ ႀကီးျပင္းလာခဲ့သူျဖစ္သလို ဂန္းနားတို႔ရဲ႕ဂႏၴဝင္ဟင္နရီက သူ႔ရဲ႕သူရဲေကာင္းျဖစ္ေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အာဆင္နယ္ဟာ ေပါင္ သန္း ၄၀ နဲ႔အၿပီးသတ္ေခၚယူခြင့္ပါတဲ့ အငွားစာခ်ဳပ္နဲ႔ကမ္းလွမ္းဖို႔ စီစဥ္ေနတယ္လို႔ The Athletic က ေဖၚျပပါတယ္။ ဒါေပမဲ့ အငွားနဲ႔ေခၚယူခြင့္ရခဲ့ရင္ တစ္ပတ္ ေပါင္ ၈ ေသာင္းေလာက္ေပးရမယ့္ ေအဘရာဟမ္အတြက္ လုပ္ခလစာ၊ အၿပီးသတ္ေခၚယူခြင့္ရရင္ ေပးေခ်ရမယ့္ေျပာင္းေ႐ႊ႕ေၾကးအတြက္ အာဆင္နယ္အေနနဲ႔ ပထမအသင္းကိုဝိတ္ေလွ်ာ့ဖို႔ လိုအပ္ေနတယ္လို႔လည္း သုံးသပ္ထားပါတယ္။ ဒီေနရာမွာ အျဖစ္ႏိုင္ဆုံး စီနီယာကစားသမားႏွစ္ေယာက္ကေတာ့ လာကာဇက္တီနဲ႔ အန္ကီတီရက္ျဖစ္တယ္လို႔ ေရးသားထားပါတယ္။ ဒီကစားသမားႏွစ္ေယာက္လုံးဟာ တစ္ႏွစ္သာ စာခ်ဳပ္သက္တမ္းက်န္ေတာ့တာေၾကာင့္ ၂၀၂၂ ေႏြေဈးကြက္မွာ အလြတ္ဆုံးရႈံးရမယ့္သူေတြျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ၂၉ ပြဲကစား ၆ ဂိုးသြင္းေပးခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အန္ကီတီရက္ဟာ စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈခံရေပမယ့္ ပြဲထြက္ခြင့္အတြက္ အာမခံခ်က္လိုခ်င္ေနၿပီး အသက္ ၃၀ အ႐ြယ္ လာကာဇက္တီကိုေတာ့ ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအကယ္ဒမီထြက္ ေအဘရာဟမ္ဟာ နည္းျပလမ္းပတ္လက္ထက္မွာ ေျခစြမ္းျပခြင့္ရခဲ့ေပမယ့္ တူခ်ယ္ေရာက္လာခ်ိန္မွာေတာ့ တီမိုဝါနာကိုဦးစားေပးေနတာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့ရသူပါ။ အဂၤလန္အတြက္ ၆ ပြဲကစားေပးထားတဲ့ သူ႔ကို စပါးနဲ႔ ဝက္စ္ဟမ္းတို႔ကလည္း စိတ္ဝင္စားေနၾကပါတယ္။