Articles

တိုကျိုအိုလံပစ်မှာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူးရီချာလီဆန်


ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ၂၀၂၀ နွေရာသီအိုလံပစ်ပွဲတော်ကြီးကတော့ ဂျပန်မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွေမှာ မက္ကဆီကို၊ အိမ်ရှင်ဂျပန်၊ နယူးဇီလန်၊ ရိုမေးနီးယား၊ သြစတြေးလျ၊ အိုင်ဗရီကို့စ်နဲ့ ဘရာဇီးတို့ နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။


လက်ရှိချန်ပီယံဘရာဇီးနဲ့ ဂျာမနီတို့ရဲ့ ယိုကိုဟားမားပွဲစဉ်ကတော့ ပရိသတ်စိတ်ဝင်စားဆုံး ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဆမ်ဘာတွေဟာ ပထမပိုင်းမှာတင် အဲဗာတန်တောင်ပံတိုက်စစ်မှူး ရီချာလီဆန်ရဲ့ ဟက်ထရစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။


တစ်နည်းအားဖြင့် အသက်၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ နည်းပြဂျာဒီနီရဲ့အသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံး ခြေအသာနဲ့ကစားနိုင်ခဲ့ပြီး


ပွဲပြီးကာနီးမှာ ပင်နယ်တီရခဲ့သေးပေမယ့် ကန်ဟာရဲ့ကန်ချက်ကို ဂျာမန်ဂိုးသမားမူလာကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အမ်မီရီက ဂျာမန်တွေအတွက် တစ်ဂိုးသွင်းနိုင်ပေမယ့် အာနိုးလ်ထုတ်ပယ်ခံရတဲ့နောက် ဘရာဇီးပဲ အခွင့်အရေးတွေအများကြီးရခဲ့တာပါ။


ဒါတောင် ၈၄ မိနစ်မှာ လူစားဝင်ကစားသမား ရက်ဂ်နာအေချီက တစ်ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် ၃-၂ ဖြစ်ပြီး ပွဲကအကြိတ်အနယ်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ပေါ်လင်ညိုက ပွဲသိမ်းဂိုးသွင်းနိုင်ခဲ့တာကြောင့် ဆမ်ဘာတွေ ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။


ပုံမှန်အားဖြင့် ယူ-၂၃ အသင်းတွေသာ ယှဉ်ပြိုင်ခွင့်ရတဲ့ဒီပြိုင်ပွဲမှာ တစ်နှစ်နောက်ဆုတ်ကျင်းပခဲ့ရတာကြောင့် ၂၄ နှစ်အောက်ကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုထားသလို သက်ကျော်ကစားသမား ၃ ဦး ပါဝင်ခွင့်ပြုထားပါတယ်။


လက်ရှိချိန်ပီယံဘရာဇီးရဲ့ သက်ကျော်ကစားသမားတွေကတော့ ဂိုးသမားဆန်းတို့စ်၊ နောက်ခံလူဒီယေဂိုကားလို့စ်နဲ့ အသင်းခေါင်းဆောင် ဒန်နီရယ်အဲလ်ဗက်စ်တို့ဖြစ်ပါတယ်။

(zawgyi)

ကိုဗစ္ေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ ၂၀၂၀ ေႏြရာသီအိုလံပစ္ပြဲေတာ္ႀကီးကေတာ့ ဂ်ပန္မွာ စတင္က်င္းပေနၿပီျဖစ္ပါတယ္။ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အဖြင့္ပြဲစဥ္ေတြမွာ မကၠဆီကို၊ အိမ္ရွင္ဂ်ပန္၊ နယူးဇီလန္၊ ႐ိုေမးနီးယား၊ ၾသစေၾတးလ်၊ အိုင္ဗရီကို႔စ္နဲ႔ ဘရာဇီးတို႔ ႏိုင္ပြဲကိုယ္စီရခဲ့ၾကပါတယ္။ လက္ရွိခ်န္ပီယံဘရာဇီးနဲ႔ ဂ်ာမနီတို႔ရဲ႕ ယိုကိုဟားမားပြဲစဥ္ကေတာ့ ပရိသတ္စိတ္ဝင္စားဆုံး ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ပါတယ္။ ဆမ္ဘာေတြဟာ ပထမပိုင္းမွာတင္ အဲဗာတန္ေတာင္ပံတိုက္စစ္မႉး ရီခ်ာလီဆန္ရဲ႕ ဟက္ထရစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။ တစ္နည္းအားျဖင့္ အသက္၂၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အိုလံပစ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္သြင္းႏိုင္တဲ့ ပထမဆုံး ပရီးမီးယားလိဂ္ကစားသမား ျဖစ္လာခဲ့ပါတယ္။ နည္းျပဂ်ာဒီနီရဲ႕အသင္းဟာ ပထမပိုင္းတစ္ပိုင္းလုံး ေျခအသာနဲ႔ကစားႏိုင္ခဲ့ၿပီး ပြဲၿပီးကာနီးမွာ ပင္နယ္တီရခဲ့ေသးေပမယ့္ ကန္ဟာရဲ႕ကန္ခ်က္ကို ဂ်ာမန္ဂိုးသမားမူလာကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ အမ္မီရီက ဂ်ာမန္ေတြအတြက္ တစ္ဂိုးသြင္းႏိုင္ေပမယ့္ အာႏိုးလ္ထုတ္ပယ္ခံရတဲ့ေနာက္ ဘရာဇီးပဲ အခြင့္အေရးေတြအမ်ားႀကီးရခဲ့တာပါ။ ဒါေတာင္ ၈၄ မိနစ္မွာ လူစားဝင္ကစားသမား ရက္ဂ္နာေအခ်ီက တစ္ဂိုးထပ္သြင္းႏိုင္ခဲ့တာေၾကာင့္ ၃-၂ ျဖစ္ၿပီး ပြဲကအႀကိတ္အနယ္ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမဲ့ နာက်င္အခ်ိန္ပိုမွာ ေပၚလင္ညိဳက ပြဲသိမ္းဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ဆမ္ဘာေတြ ၄-၂ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ပုံမွန္အားျဖင့္ ယူ-၂၃ အသင္းေတြသာ ယွဥ္ၿပိဳင္ခြင့္ရတဲ့ဒီၿပိဳင္ပြဲမွာ တစ္ႏွစ္ေနာက္ဆုတ္က်င္းပခဲ့ရတာေၾကာင့္ ၂၄ ႏွစ္ေအာက္ကစားသမားေတြကို ယွဥ္ၿပိဳင္ခြင့္ျပဳထားသလို သက္ေက်ာ္ကစားသမား ၃ ဦး ပါဝင္ခြင့္ျပဳထားပါတယ္။ လက္ရွိခ်ိန္ပီယံဘရာဇီးရဲ႕ သက္ေက်ာ္ကစားသမားေတြကေတာ့ ဂိုးသမားဆန္းတို႔စ္၊ ေနာက္ခံလူဒီေယဂိုကားလို႔စ္နဲ႔ အသင္းေခါင္းေဆာင္ ဒန္နီရယ္အဲလ္ဗက္စ္တို႔ျဖစ္ပါတယ္။