
နွေဈေးကွက်မှာ နောက်ဆုံးခေါ်ယူလိုက်တဲ့ကစားသမားသစ်အဖြစ် ကွင်းလယ်လူ ဝှစ်ချ်နယ်ဒန်ကို ပီအက်စ်ဂျီအသင်း တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ စာချုပ်ပြည့်သွားတဲ့လီဗာပူးကနေ ထွက်ခွာခဲ့ပြီး

လီဂူးကလပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူပါ။ တစ်နည်းအားဖြင့် ပီအက်စ်ဂျီဟာ ဘာစီလိုနာကိုကျော်ဖြတ်ပြီး ဝှစ်ချ်နယ်ဒန်ကို ၃ နှစ် စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းသစ်နဲ့တရားဝင်မိတ်ဆက်ပွဲမှာတော့ အသက် ၃၀ အရွယ်ကွင်းလယ်လူကို PSG TV နဲ့ အင်တာမဗျူးခင် ပီအက်စ်ဂျီအိမ်ကွင်းအကျီၤကိုကိုင်ပြီး ကင်မရာတွေရှေ့မှာ ပြုံးရွှင်စွာတွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ဘာကြောင့် ပါရီအခြေစိုက်အသင်းကို သူရွေးချယ်ခဲ့ရတာလဲဆိုတာ ဝှစ်ချ်နယ်ဒန်က ဖွင့်ဟသွားခဲ့ပါတယ်။ “ လီဗာပူးနဲ့စာချုပ်ပြည့်ချိန်မှာ အသင်းတော်တော်များများက ကျွန်တော့်ကိုဆက်သွယ်လာခဲ့ကြပါတယ်။

ပီအက်စ်ဂျီက ကျွန်တော့်ကိုတွေ့ဖို့ ကြိုးစားလာချိန်မှာတော့ အရာအားလုံးက သိပ်ကိုကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် ဒီကိုခပ်မြန်မြန်ပဲ ပြောင်းချင်ခဲ့တယ်။ ပိုချက်တီနိုကလည်း စပါးကိုခေါ်ဖို့ကြိုးစားခဲ့ဖူးတော့ ပိုပြီးအဆင်ပြေသွားခဲ့ပါတယ်။ ကျွန်တော်တို့ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။

အဓိကအကြောင်းရင်းကတော့ တစ်သင်းလုံးက ကျွန်တော့်ကို အမှန်တကယ်လိုချင်နေတယ်လို့ ခံစားရတာကြောင့်ပါပဲ ” လို့ နယ်သာလန်ကွင်းလယ်လူက ဆိုပါတယ်။ သူဟာ လီဗာပူးကစားသမားဘ၀ ၅ နှစ်တာကာလမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေစူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။

အခုအချိန်မှာလည်း အသင်းသစ်နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ စိန်ခေါ်မှုတွေဆက်လက်ရင်ဆိုင်သွားမယ်လို့ ဝှစ်ချ်နယ်ဒန်က ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဒီနွေဈေးကွက်မှာ ဝှစ်ချ်နယ်ဒန်အပြင် ရာမို့စ်၊ ဒွန်နာရမ်မာနဲ့ ဟာကီမီတို့ကိုလည်း ခေါ်ယူအားဖြည့်ထားပါတယ်။
(zawgyi)
ေႏြေဈးကြက္မွာ ေနာက္ဆုံးေခၚယူလိုက္တဲ့ကစားသမားသစ္အျဖစ္ ကြင္းလယ္လူ ဝွစ္ခ်္နယ္ဒန္ကို ပီအက္စ္ဂ်ီအသင္း တရားဝင္မိတ္ဆက္ခဲ့ပါတယ္။ နယ္သာလန္လက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့ရာသီအကုန္မွာ စာခ်ဳပ္ျပည့္သြားတဲ့လီဗာပူးကေန ထြက္ခြာခဲ့ၿပီး လီဂူးကလပ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိခဲ့သူပါ။ တစ္နည္းအားျဖင့္ ပီအက္စ္ဂ်ီဟာ ဘာစီလိုနာကိုေက်ာ္ျဖတ္ၿပီး ဝွစ္ခ်္နယ္ဒန္ကို ၃ ႏွစ္ စာခ်ဳပ္နဲ႔ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အသင္းသစ္နဲ႔တရားဝင္မိတ္ဆက္ပြဲမွာေတာ့ အသက္ ၃၀ အ႐ြယ္ကြင္းလယ္လူကို PSG TV နဲ႔ အင္တာမဗ်ဴးခင္ ပီအက္စ္ဂ်ီအိမ္ကြင္းအက်ီကႋုကိုင္ၿပီး ကင္မရာေတြေရွ႕မွာ ၿပဳံး႐ႊင္စြာေတြ႕ခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ ဘာေၾကာင့္ ပါရီအေျခစိုက္အသင္းကို သူေ႐ြးခ်ယ္ခဲ့ရတာလဲဆိုတာ ဝွစ္ခ်္နယ္ဒန္က ဖြင့္ဟသြားခဲ့ပါတယ္။ “ လီဗာပူးနဲ႔စာခ်ဳပ္ျပည့္ခ်ိန္မွာ အသင္းေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ့္ကိုဆက္သြယ္လာခဲ့ၾကပါတယ္။ ပီအက္စ္ဂ်ီက ကြၽန္ေတာ့္ကိုေတြ႕ဖို႔ ႀကိဳးစားလာခ်ိန္မွာေတာ့ အရာအားလုံးက သိပ္ကိုေကာင္းမြန္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဒီကိုခပ္ျမန္ျမန္ပဲ ေျပာင္းခ်င္ခဲ့တယ္။ ပိုခ်က္တီႏိုကလည္း စပါးကိုေခၚဖို႔ႀကိဳးစားခဲ့ဖူးေတာ့ ပိုၿပီးအဆင္ေျပသြားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ စကားေတြအမ်ားႀကီးေျပာျဖစ္ခဲ့ၾကတယ္။ အဓိကအေၾကာင္းရင္းကေတာ့ တစ္သင္းလုံးက ကြၽန္ေတာ့္ကို အမွန္တကယ္လိုခ်င္ေနတယ္လို႔ ခံစားရတာေၾကာင့္ပါပဲ ” လို႔ နယ္သာလန္ကြင္းလယ္လူက ဆိုပါတယ္။ သူဟာ လီဗာပူးကစားသမားဘ၀ ၅ ႏွစ္တာကာလမွာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ ဖီဖာကလပ္ကမာၻ႔ဖလားနဲ႔ ယူအီးအက္ဖ္ေအစူပါဖလားကို ရယူႏိုင္ခဲ့ပါတယ္။ အခုအခ်ိန္မွာလည္း အသင္းသစ္နဲ႔အတူ ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔ စိန္ေခၚမႈေတြဆက္လက္ရင္ဆိုင္သြားမယ္လို႔ ဝွစ္ခ်္နယ္ဒန္က ေျပာဆိုသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ ဒီေႏြေဈးကြက္မွာ ဝွစ္ခ်္နယ္ဒန္အျပင္ ရာမို႔စ္၊ ဒြန္နာရမ္မာနဲ႔ ဟာကီမီတို႔ကိုလည္း ေခၚယူအားျဖည့္ထားပါတယ္။