Spots news

ဟာရီကိန်းကို ပေါင်းသန်း ၁၆၀ နဲ့ နောက်ဆုံးဈေးသတ်မှတ်ပေးလိုက်တဲ့ စပါး

Unicode Version

စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီရယ်လီဗီးကတော့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူချင်တဲ့

ဘယ်ကလပ်အသင်းမဆို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၆၀ ခန့်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖွယ် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းမှာ နှစ်ရှည်ကြာ ပါဝင်ကစားပေးထားခဲ့သူဖြစ်ပြီး သွင်းဂိုးပေါင်းများစွာကိုလည်း

သွင်းယူထားသူဖြစ်ပေမယ့် လက်ရှိအချိန်ထိ စပါး ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်သေးတာကြောင့် အသင်းပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

သို့ပေမယ့် စပါးအသင်းဘက်က ဟာရီကိန်းလို အသင်းအတွက် အရေးပါတဲ့ ကစားသမားကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး ကမ်းလှမ်းမှုတွေကိုလည်း

ပယ်ချနေပေမယ့် လက်ရှိမှာတော့ အသင်းဥက္ကဌက ကိန်းကို ပေါင်သန်း ၁၆၀ နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖို့ စီစဉ်လာဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဟာရီကိန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း စပါးဘက်က အကြိမ်ကြိမ် ပယ်ချထားတာကြောင့် ဟာရီကိန်းထက် အခြားတိုက်စစ်ကစားသမားတွေကိုသာ

ပြောင်းလဲပစ်မှတ်ထားနေခဲ့ရပေမယ့် လက်ရှိမှာတော့ စပါးဘက်ကနေ ကိန်းအတွက် ပေါင်သန်း ၁၆၀ ဝန်းကျင်နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားမယ်ဆိုပြီး အသိပေးလာတာကြောင့် မန်စီးတီးအသင်းဘက်ကနေ ထပ်မံကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

သို့ပေမယ့် စပါးဘက်က ဟာရီကိန်းအတွက် ပြောင်းရွှေ့ကြေးသီးသန့်နဲ့သာ ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုမျိုးကိုပဲ လက်ခံသွားဖွယ် ရှိပြီး ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုမျိုးကို

လက်ခံဖွယ် မရှိနိုင်ပါဘူး။ ဟယ်ရီကိန်း ကတော့ စပါးကနေ ထွက်ခွာပြီး မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လို့ နေပါတယ်။

Zawgyi Version

စပါးအသင္းရဲ႕ ဥကၠဌျဖစ္သူ ဒန္နီရယ္လီဗီးကေတာ့ အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္တဲ့ တိုက္စစ္မႉး ဟာရီကိန္းကို ေခၚယူခ်င္တဲ့

ဘယ္ကလပ္အသင္းမဆို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၆၀ ခန႔္နဲ႕သာ ကမ္းလွမ္းလာမယ္ဆိုရင္ ေရာင္းခ်သြားဖြယ္ ရွိေနတယ္လို႔ ၿဗိတိန္မီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဟာရီကိန္းဟာ စပါးအသင္းမွာ ႏွစ္ရွည္ၾကာ ပါဝင္ကစားေပးထားခဲ့သူျဖစ္ၿပီး သြင္းဂိုးေပါင္းမ်ားစြာကိုလည္း

သြင္းယူထားသူျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ စပါး ဆုဖလားေအာင္ျမင္မႈေတြ မရယူနိုင္ေသးတာေၾကာင့္ အသင္းေျပာင္းဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

သို႔ေပမယ့္ စပါးအသင္းဘက္က ဟာရီကိန္းလို အသင္းအတြက္ အေရးပါတဲ့ ကစားသမားကို အသင္းမွာသာ ဆက္လက္ထိန္းသိမ္းထားခ်င္ေနၿပီး ကမ္းလွမ္းမႈေတြကိုလည္း

ပယ္ခ်ေနေပမယ့္ လက္ရွိမွာေတာ့ အသင္းဥကၠဌက ကိန္းကို ေပါင္သန္း ၁၆၀ နဲ႕သာ ကမ္းလွမ္းလာမယ္ဆိုရင္ ေရာင္းခ်သြားဖို႔ စီစဥ္လာဖြယ္ ရွိေနပါတယ္။

မန္စီးတီးအသင္းဟာ ဟာရီကိန္းကို အသင္းရဲ႕ အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီး ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္လည္း စပါးဘက္က အႀကိမ္ႀကိမ္ ပယ္ခ်ထားတာေၾကာင့္ ဟာရီကိန္းထက္ အျခားတိုက္စစ္ကစားသမားေတြကိုသာ

ေျပာင္းလဲပစ္မွတ္ထားေနခဲ့ရေပမယ့္ လက္ရွိမွာေတာ့ စပါးဘက္ကေန ကိန္းအတြက္ ေပါင္သန္း ၁၆၀ ဝန္းက်င္နဲ႕သာ ကမ္းလွမ္းလာမယ္ဆိုရင္ ေရာင္းခ်သြားမယ္ဆိုၿပီး အသိေပးလာတာေၾကာင့္ မန္စီးတီးအသင္းဘက္ကေန ထပ္မံႀကိဳးပမ္းလာဖြယ္ ရွိေနပါတယ္။

သို႔ေပမယ့္ စပါးဘက္က ဟာရီကိန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးသီးသန႔္နဲ႕သာ ကမ္းလွမ္းလာတဲ့ ကမ္းလွမ္းမႈမ်ိဳးကိုပဲ လက္ခံသြားဖြယ္ ရွိၿပီး ကစားသမား အလိုက္ေပး ကမ္းလွမ္းမႈမ်ိဳးကို

လက္ခံဖြယ္ မရွိနိုင္ပါဘူး။ ဟယ္ရီကိန္း ကေတာ့ စပါးကေန ထြက္ခြာၿပီး မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ကစားဖို႔ စိတ္အားထက္သန္လို႔ ေနပါတယ္။