Unicode Version
လီဗာပူး အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှ အသင်းရဲ့ လူစာရင်းကို အင်အားဖြည့်ဖို့ လေလီ နောက်ခံလူ ဆဗန်ဘော့မန်းရဲ့ အေးဂျင့်နှင့် ဆွေးနွေး လျက်ရှိ နေကြောင်း သတင်းများ ထွက်ပေါ် လာ ပါတယ်။
လက်ရှိ အချိန်မှာ လေလီ အသင်း ဟာ ကိုဗစ် ကာလ ငွေကြေး အခက်အခဲ ဖြင့် ရင်ဆိုင် နေရပြီး လအနည်း ငယ်က အိုင်းယတ်မှ ပေါင် ၇ သန်း ဖြင့် ခေါ်ယူ ထားသော ဘော့မန်းကို ပြောင်းရွှေ့ ကြေး ပေါင်သန်း ၂၀ ရလျှင် ရောင်းချ မည် ဟု ပြောကြား ခဲ့ ပါတယ်။ ဘော့မန်း ဟာ ပြီးခဲ့သော နိုဝင်ဘာလ က နယ်သာလန် လက်ရွေးစင် အသင်း အတွက် ရွေးချယ် ခြင်းခံခဲ့ ရပြီး လီဗာပူး ကစားသမားများ ဖြစ်သော ဝင့်နယ်ဒန် နှင့် ဗန်ဒိုက် တို့က ဘော့မန်းရဲ့ ခြေစွမ်းကို အသိအမှတ် ပြုခြင်း ခံခဲ့ ရပါတယ်။
လေလီ တွင် ဘော့မန်း နှင့် တွဲကစား နေသော ဗန်ဒိုက်ရဲ့ အသင်းဖော် ဟောင်း ဖွန်တီက အသက် ၂၀ အရွယ် ရှိ ဗဟို နောက်ခံလူ ဘော့မန်းဟာ သူ ကစားဖူး သမျှ ကစားသမားများ တွင် အကောင်းဆုံး နောက်ခံလူ ဖြစ်ကြောင်း ပြောဆိုခဲ့ ပါသေးတယ်။
ကစားသမား အပြောင်း အရွှေ့ ကျွမ်းကျင်သူ ကတ်စ်တဲလ်က “ဖွန်တီဟာ ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူ တွေ ဖြစ်တဲ့ ဗန်ဒိုက်၊ အယ်ဒါဝီယယ်၊ ပီပီ၊ ဂါဘရီယယ် တို့ နဲ့ တွဲကစား ဖူးပါတယ်။ ဒါပေမယ့် ဖွန်တီက လူငယ် ကစားသမား ဘော့မန်း ကို တွဲ ကစားဖူး သမျှ ထဲမှာ အကောင်းဆုံးလို့ ပြော ခဲ့ပါတယ်။ ခင်များတို့ အနေနဲ့ သူရဲ့ ခြေစွမ်း ကို ခန့်မှန်း ကြည့်လို့ ရမှာပါ။ ဘော့မန်းဟာ အသက် ငယ်ရွယ်ပြီး အတွေ့အကြုံ ရင့် ကစားသမား တွေ ဆီကနေ သင်ယူ ချင်စိတ် ပြင်းထန်တဲ့ သူပါ။ လီဗာပူး အသင်း ဟာ ကစားသမားသစ် ခေါ်ယူတဲ့ နေရာမှာ ဒီလို အရည်အချင်း တွေကို အဓိက ထားရှိ ပါတယ် ”
“ ဘော့မန်းဟာ အရပ် မြင့်ပြီး လျင်မြန် သလို ကိန်းဂဏန်း တွေအရ ဆိုရင် ဘော့မန်းဟာ ဥရောပ ဘောလုံးလိဂ် ၅ လိဂ်မှာ တစ်ယောက်ချင်း ရင်ဆိုင် ရာမှာ အကောင်းဆုံး ကစားသမားပါပဲ။ လီဗာပူး ကစားတဲ့ ပုံစံမှာ နောက်ခံလူ တွေက တစ်ယောက်ချင်း တွေ့ရင် အနိုင်ရဖို့ အရေးကြီးပါတယ်။ ဒါမှ တန်ပြန် တိုက်စစ် လျင်လျင် မြန်မြန် စနိုင် မှာပါ ။ လက်ရှိ အချိန်မှာ ဘော့ မန်းရဲ့ အေးဂျင့် အဆိုအရ လီဗာပူး နဲ့ အပြောင်း အရွေ့ ဆွေးနွေးမှူ ဟာ အတော် ခရီး ရောက်နေပြီး ဇန်နဝါရီလမှာ အပြောင်းအရွေ့ ဖြစ်ဖို့ ရာခိုင်နှုန်းများ နေပါတယ် ”
Zawgyi Version
လီဗာပူး အသင္းဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွ အသင္းရဲ႕ လူစာရင္းကို အင္အားျဖည့္ဖို႔ ေလလီ ေနာက္ခံလူ ဆဗန္ေဘာ့မန္းရဲ႕ ေအးဂ်င့္ႏွင့္ ေဆြးေႏြး လ်က္ရွိ ေနေၾကာင္း သတင္းမ်ား ထြက္ေပၚ လာ ပါတယ္။
လက္ရွိ အခ်ိန္မွာ ေလလီ အသင္း ဟာ ကိုဗစ္ ကာလ ေငြေၾကး အခက္အခဲ ျဖင့္ ရင္ဆိုင္ ေနရၿပီး လအနည္း ငယ္က အိုင္းယတ္မွ ေပါင္ ၇ သန္း ျဖင့္ ေခၚယူ ထားေသာ ေဘာ့မန္းကို ေျပာင္းေ႐ႊ႕ ေၾကး ေပါင္သန္း ၂၀ ရလွ်င္ ေရာင္းခ် မည္ ဟု ေျပာၾကား ခဲ့ ပါတယ္။ ေဘာ့မန္း ဟာ ၿပီးခဲ့ေသာ နိုဝင္ဘာလ က နယ္သာလန္ လက္ေ႐ြးစင္ အသင္း အတြက္ ေ႐ြးခ်ယ္ ျခင္းခံခဲ့ ရၿပီး လီဗာပူး ကစားသမားမ်ား ျဖစ္ေသာ ဝင့္နယ္ဒန္ ႏွင့္ ဗန္ဒိုက္ တို႔က ေဘာ့မန္းရဲ႕ ေျခစြမ္းကို အသိအမွတ္ ျပဳျခင္း ခံခဲ့ ရပါတယ္။
ေလလီ တြင္ ေဘာ့မန္း ႏွင့္ တြဲကစား ေနေသာ ဗန္ဒိုက္ရဲ႕ အသင္းေဖာ္ ေဟာင္း ဖြန္တီက အသက္ ၂၀ အ႐ြယ္ ရွိ ဗဟို ေနာက္ခံလူ ေဘာ့မန္းဟာ သူ ကစားဖူး သမွ် ကစားသမားမ်ား တြင္ အေကာင္းဆုံး ေနာက္ခံလူ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ ပါေသးတယ္။
ကစားသမား အေျပာင္း အေ႐ႊ႕ ကြၽမ္းက်င္သူ ကတ္စ္တဲလ္က “ဖြန္တီဟာ ကမာၻ႔ အေကာင္းဆုံး ေနာက္ခံလူ ေတြ ျဖစ္တဲ့ ဗန္ဒိုက္၊ အယ္ဒါဝီယယ္၊ ပီပီ၊ ဂါဘရီယယ္ တို႔ နဲ႕ တြဲကစား ဖူးပါတယ္။ ဒါေပမယ့္ ဖြန္တီက လူငယ္ ကစားသမား ေဘာ့မန္း ကို တြဲ ကစားဖူး သမွ် ထဲမွာ အေကာင္းဆုံးလို႔ ေျပာ ခဲ့ပါတယ္။ ခင္မ်ားတို႔ အေနနဲ႕ သူရဲ႕ ေျခစြမ္း ကို ခန႔္မွန္း ၾကည့္လို႔ ရမွာပါ။ ေဘာ့မန္းဟာ အသက္ ငယ္႐ြယ္ၿပီး အေတြ႕အႀကဳံ ရင့္ ကစားသမား ေတြ ဆီကေန သင္ယူ ခ်င္စိတ္ ျပင္းထန္တဲ့ သူပါ။ လီဗာပူး အသင္း ဟာ ကစားသမားသစ္ ေခၚယူတဲ့ ေနရာမွာ ဒီလို အရည္အခ်င္း ေတြကို အဓိက ထားရွိ ပါတယ္ ”
“ ေဘာ့မန္းဟာ အရပ္ ျမင့္ၿပီး လ်င္ျမန္ သလို ကိန္းဂဏန္း ေတြအရ ဆိုရင္ ေဘာ့မန္းဟာ ဥေရာပ ေဘာလုံးလိဂ္ ၅ လိဂ္မွာ တစ္ေယာက္ခ်င္း ရင္ဆိုင္ ရာမွာ အေကာင္းဆုံး ကစားသမားပါပဲ။ လီဗာပူး ကစားတဲ့ ပုံစံမွာ ေနာက္ခံလူ ေတြက တစ္ေယာက္ခ်င္း ေတြ႕ရင္ အနိုင္ရဖို႔ အေရးႀကီးပါတယ္။ ဒါမွ တန္ျပန္ တိုက္စစ္ လ်င္လ်င္ ျမန္ျမန္ စနိုင္ မွာပါ ။ လက္ရွိ အခ်ိန္မွာ ေဘာ့ မန္းရဲ႕ ေအးဂ်င့္ အဆိုအရ လီဗာပူး နဲ႕ အေျပာင္း အေ႐ြ႕ ေဆြးေႏြးမႉ ဟာ အေတာ္ ခရီး ေရာက္ေနၿပီး ဇန္နဝါရီလမွာ အေျပာင္းအေ႐ြ႕ ျဖစ္ဖို႔ ရာခိုင္ႏႈန္းမ်ား ေနပါတယ္ ”