Spots news
အသင်းဆီ ဆန်ချို ယူဆောင်လားမဲ့အရာ ၃ခု ရှိကြောင်း ဆိုးလ်ရှား ပြော
ဆန်ချို ယူနိုက်တက် အသင်းဆီ ယူဆောင်လာမဲ့ အရာသုံးခုကို ပြောပြလိုက်တဲ့ ဆိုးလ်ရှား
ယူနိုက်တက် အသင်းရဲ့ နည်းပြ ဆိုးလ်ရှား ကတော့ ကာလရှည် ပစ်မှတ်ထား နေခဲ့တဲ့ ဒေါ့မွန် ညာ တောင်ပံ တိုက်စစ် ဆန်ချိုကို တရားဝင် ခေါ်နိုင်ပြီ ဖြစ်တဲ့ အတွက် ကြည်နူး ပျော်ရွှင် နေပါတယ် ။
အခုတော့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချိူ ကို 5နှစ် စာချုပ် တရားဝင် ချုပ်ဆိုလိုက်နိုင်ပါပြီ ။ စာချုပ် ချုပ်ဆို အပြီးမှာ ဆိုးလ်ရှားက အင်္ဂလန်သားဟာ အသင်းဆီ ယူဆောင်လာမဲ့ အရာ သုံးခု ရှိကြောင်း ထုတ်ဖော် ပြောကြား သွားပါတယ်။
၁-” ဂျေဒန် (ဆန်ချို) ဟာ ကျွန်တော် အသင်းဆီ ခေါ်ဆောင် လိုတဲ့ ကစားသမားမျိုးပါပဲ ။ သူဟာ ယူနိုက်တက် ရိုးရာနဲ့ အကောင်းဆုံး ကိုက်ညီနိုင်မဲ့ တိုက်စစ် ကစားသမားမျိုးပဲ ဖြစ်ပါတယ် ။ သူဟာ လာမဲ့နှစ်တွေမှာ ကျွန်တော့် အသင်းရဲ့ အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာမှာ ဖြစ်ပြီး ပိုမို ပွင့်လန်း လာတာကို ကျွန်တော်တို့ မြင်တွေ့ရပါ လိမ့်မယ် ”
၂-” သူ့ရဲ့ သွင်းဂိုး နဲ့ ဖန်တီးမှု မှတ်တမ်း တွေက သူဘာလဲ ဆိုတာ ပြောပြ နေကြ ပါတယ် ။ သူဟာ အသင်းဆီကို မကုန်ခမ်းနိုင်မယ့် လျင်မြန်မှု ၊ လိုအပ်တဲ့ မီးတောက် တွေနဲ့ ဖန်တီးနိုင်မှု စွမ်းရည် တွေကို ယူဆောင်လာပါလိမ့်မယ် ။ အိုးလ် ထရပ်ဖို့ဒ် က သူ မပြသရသေးတဲ့ အကောင်းဆုံး အရည်အသွေး ၊ ပါရမီ တွေကို ဖော်ထုတ်ခွင့် ရအောင် လုပ်ဆောင်ပေးတဲ့ ကြားခံ တစ်ခု ဖြစ်လာပါလိမ့်မယ် ”
၃-” ဂျေဒန်ဟာ ဒီအသက်အရွယ်မှာပဲ ခမ်းနားတဲ့ အရာတွေကို လုပ်ဆောင်ပြနိုင်ခဲ့ပြီးပါပြီ ။ သူ့ဆီမှာ နိုင်ငံရပ်ခြားကို သွားရောက်ပြီး အရည်အသွေးတွေကို သက်သေ ပြနိုင်တဲ့ သတ္တိမျိုး ရှိခဲ့ပြီးပါပြီ ။ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ကျွန်တော်တို့ဟာ ဂျေဒန်ကို ကြိုဆိုဖို့အတွက် ရှေးရှုနေကြပါပြီ ” လို့ ဆိုးလ်ရှား က ဝမ်းမြောက် စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။
Zawgyi