Articles

လွယ်လွယ်ပဲဆုံးဖြတ်ခဲ့တာပါလို့ စပါးနဲ့ ၄ နှစ်သက်တမ်းတိုးလိုက်တဲ့ ဆွန်ဟောင်မင် ဖွင့်ဟ


တိုက်စစ်မှူးဆွန်ဟောင်မင်ကို ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း စပါးအသင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကိုရီးယားတိုက်စစ်မှူးရဲ့စာချုပ်သစ်က ၂၀၂၅ ခုနှစ်အထိ ရှိနေတော့မှာဖြစ်သလို စပါးအနေနဲ့ ၂၀၁၅ တုန်းက လေဗာကူဆင်ကခေါ်ထားတဲ့ ဒီကစားသမားကို


ဆယ်စုနှစ်တစ်ခုကြာ ထိန်းသိမ်းနိုင်တော့မှာပါ။ အသက် ၂၉ နှစ်အရွယ် ဆွန်ဟောင်မင်ဟာ လန်ဒန်မြောက်ပိုင်းကလပ်အတွက် ၆ ရာသီမှာ ပွဲ ၂၈၀ ကစား ၁၀၇ ဂိုးသွင်းပြီး ၆၄ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် တော့တင်ဟမ်ဟော့စပါးကွင်းသစ်ကြီးမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပထမဆုံးဂိုးတွေ သွင်းယူပေးခဲ့သူပါ။


“ ဒီမှာ ၆ နှစ်ကစားခဲ့ရတာ ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါ။ အသင်းကလည်း ကျွန်တော့်ကို လေးစားမှုကြီးကြီးမားမားပေးခဲ့ပါတယ်။ ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်။ အိမ်လိုပါပဲ။ အထူးသဖြင့် ပရိသတ်တွေ၊ အသင်းဖော်တွေ၊ အဖွဲ့ဝင်တွေနဲ့အတူပေါ့။ ဒါကြောင့် ဘာမှဆုံးဖြတ်စရာမရှိပါဘူး။ လွယ်ပါတယ်။


ဒီမှာဆက်နေရတော့မယ့်အတွက် သိပ်ပျော်သလို မကြာခင်မှာ ပရိသတ်တွေနဲ့ပြန်ဆုံရတော့မယ့်အတွက်လည်း ကြည်နူးမိပါတယ် ” လို့ ဆွန်ဟောင်မင်က ဖွင့်ဟလိုက်ပါတယ်။ ကိုရီးယားသားဟာ မနှစ်က အသင်းဖော်ဟယ်ရီကိန်းနဲ့အတူတွဲဖက်ပြီး စံချိန်တင် ၁၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။


အင်္ဂလန်အသင်းခေါင်းဆောင်ဟာ မန်စီးတီးကို ပေါင် သန်း ၁၆၀ နဲ့ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတာကြောင့် ဒီနှစ်မှာတော့ အတူတွဲကစားခွင့်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

(zawgyi)

တိုက္စစ္မႉးဆြန္ေဟာင္မင္ကို ၄ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း စပါးအသင္းက ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ကိုရီးယားတိုက္စစ္မႉးရဲ႕စာခ်ဳပ္သစ္က ၂၀၂၅ ခုႏွစ္အထိ ရွိေနေတာ့မွာျဖစ္သလို စပါးအေနနဲ႔ ၂၀၁၅ တုန္းက ေလဗာကူဆင္ကေခၚထားတဲ့ ဒီကစားသမားကို ဆယ္စုႏွစ္တစ္ခုၾကာ ထိန္းသိမ္းႏိုင္ေတာ့မွာပါ။ အသက္ ၂၉ ႏွစ္အ႐ြယ္ ဆြန္ေဟာင္မင္ဟာ လန္ဒန္ေျမာက္ပိုင္းကလပ္အတြက္ ၆ ရာသီမွာ ပြဲ ၂၈၀ ကစား ၁၀၇ ဂိုးသြင္းၿပီး ၆၄ ႀကိမ္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ တစ္နည္းအားျဖင့္ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းသစ္ႀကီးမွာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ပထမဆုံးဂိုးေတြ သြင္းယူေပးခဲ့သူပါ။ “ ဒီမွာ ၆ ႏွစ္ကစားခဲ့ရတာ ႀကီးမားတဲ့ဂုဏ္ယူစရာတစ္ခုပါ။ အသင္းကလည္း ကြၽန္ေတာ့္ကို ေလးစားမႈႀကီးႀကီးမားမားေပးခဲ့ပါတယ္။ ကြၽန္ေတာ္ ဒီမွာ အရမ္းေပ်ာ္ပါတယ္။ အိမ္လိုပါပဲ။ အထူးသျဖင့္ ပရိသတ္ေတြ၊ အသင္းေဖာ္ေတြ၊ အဖြဲ႕ဝင္ေတြနဲ႔အတူေပါ့။ ဒါေၾကာင့္ ဘာမွဆုံးျဖတ္စရာမရွိပါဘူး။ လြယ္ပါတယ္။ ဒီမွာဆက္ေနရေတာ့မယ့္အတြက္ သိပ္ေပ်ာ္သလို မၾကာခင္မွာ ပရိသတ္ေတြနဲ႔ျပန္ဆုံရေတာ့မယ့္အတြက္လည္း ၾကည္ႏူးမိပါတယ္ ” လို႔ ဆြန္ေဟာင္မင္က ဖြင့္ဟလိုက္ပါတယ္။ ကိုရီးယားသားဟာ မႏွစ္က အသင္းေဖာ္ဟယ္ရီကိန္းနဲ႔အတူတြဲဖက္ၿပီး စံခ်ိန္တင္ ၁၄ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းေခါင္းေဆာင္ဟာ မန္စီးတီးကို ေပါင္ သန္း ၁၆၀ နဲ႔ေျပာင္းေ႐ႊ႕မယ္လို႔ သတင္းထြက္ေနတာေၾကာင့္ ဒီႏွစ္မွာေတာ့ အတူတြဲကစားခြင့္ရမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။