Articles

ဟယ်ရီကိန်း​နေရာကို အစားထိုးလာနိုင်တဲ့ စပါးအသင်းရဲ့ အနာဂတ်တိုက်စစ်မှူး

ဟယ်ရီကိန်း​နေရာကို အစားထိုးလာနိုင်တဲ့ စပါးအသင်းရဲ့ အနာဂတ်တိုက်စစ်မှူး

Photo Credit football.london

စပါးအသင်းသည် အသင်း၏တိုက်စစ်မှူးဖြစ်သူ ဟယ်ရီကိန်းကို ရောင်းချနိုင်ပါက ဟယ်ရီကိန်း၏ နေရာကို အစားထိုးရန် တိုက်စစ်မှူးတစ်ဦးအား ရှာဖွေလျှက်ရှိကြောင်း သိရသည်။

စပါးအသင်း အနေဖြင့် ဟယ်ရီကိန်းနေရာကို အစားထိုးရန် အစကနဦးက ဗင်ဖီကာအသင်းမှ စီဖာရိုဗစ် ကို ခေါ်ယူရန်ကြိုးပမ်းမှူ့များရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ယခုအခါတွင်​တော့ စပါးအသင်းအနေဖြင့် ဟယ်ရီကိန်း၏ နေရာကို အစားထိုးရန်အတွက် ဖီအိုရင်တီးနားအသင်းထံ ကမ်းလှမ်းလာဖွယ်ရှိကြောင်း သိရသည်။

Photo Credit sportslens.com

စပါးအသင်းသည် ဖီအိုရင်တီးနားအသင်းမှ တိုက်စစ်မှူးဖြစ်သူ ဒူဆန်ဗယ်ဟိုဗစ် ကိုခေါ်ယူရန်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း sportslens.com တွင် ​ဖော်ပြထားသည်။

စပါးအသင်းအနေဖြင့် ဖီအိုရင်တီးနား နှင့် ဆာဘီးယား အသင်းတို့၏ တိုက်စစ်မှူးဖြစ်သူ ဒူဆန်ဗယ်ဟိုဗစ်အတွက် ပေါင် သန်း ၅၀ ကို အကုန်အကျခံကာ ခေါ်ယူသွားနိုင်ကြောင်းကိုလည်း La Gazzette dello Sport ကဖော်ပြထားသည်။

Photo Credit sportslens.com

စပါးအသင်း၏ နည်းပြသစ်ဖြစ်သူ နူနိုအက်စ်ပီရီတို ဆန်းတိုစ့် မှလည်း ဟယ်ရီကိန်းနေရာ ကို အစားထိုးရန်အတွက် ဒူဆန်ဗယ်ဟိုဗစ်ကို ခေါ်ယူရန် အတွက် ထောက်ခံပေးထားပြီး ဖြစ်သည်။

ဒူဆန်ဗယ်ဟိုဗစ် အနေဖြင့်တော့ ပြီးခဲ့သော ဘောလုံးရာသီတွင် ဖီအိုရင်တီးနား အသင်းနှင့်အတူ ၃၇ ပွဲ ပွဲထွက် ကစားခဲ့သည်။ သွင်းဂိုးအနေဖြင့် ၂၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။

Photo Credit sportslens.com

Sempre Milan သတင်းဌာန၏ ဖော်ပြချက်အရ ဒူဆန် ဗယ်ဟိုဗစ် သည် စီးရီးအေ ၏ အဆုံးသတ်သေချာသော တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း ဖော်ပြခြင်း ခံခဲ့ရဖူးသည့် ကစားသမား တစ်ဦးဖြစ်သည်။

Contact Writer by Shwe Lann Ma