Articles

မန်စီးတီးကို ပေါင် သန်း ၁၆၀ နဲ့ ဟယ်ရီကိန်းပြောင်းရွှေ့မယ်ဆိုတဲ့သတင်းကို လီဗိုင်းငြင်းဆန်


တိုက်စစ်မှူးဟယ်ရီကိန်းနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားက ပြောင်းလဲမှာမဟုတ်ဘူးလို့ စပါးဥက္ကဒန်နီရယ်လီဗိုင်းက ထပ်မံပြောဆိုလိုက်ပါတယ်။ တစ်နည်းအားဖြင့် ဒီနွေဈေးကွက်မှာ သူတို့အသင်းရဲ့အဓိကပုံရိပ်ကို ရောင်းချမှာမဟုတ်ဘူးလို့ အတိအလင်းထပ်ပြောလိုက်တာပါ။


ဒါဟာ မန်စီးတီးကို ပေါင် သန်း ၁၆၀ နဲ့ ဟယ်ရီကိန်းပြောင်းရွှေ့တော့မယ်ဆိုတဲ့ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေကို ငြင်းဆန်လိုက်တာပါပဲ။ ပရီးမီးယားလိဂ်ချန်ပီယံဟာ အင်္ဂလန်အသင်းခေါင်းဆောင်ကိုရဖို့ အတော်လေးစိတ်ရှည်နေသလို ဘဏ္ဍာရေးအကြပ်အတည်းတွေရှိနေတဲ့ကြားမှာပဲ ပြောင်းရွှေ့ကြေးကို


စပါးလိုချင်သလောက် ပေးမယ့်အနေအထားရှိနေပါတယ်။ ကာယကံရှင်ကလည်း အသင်းလိုက်ဆုဖလားတွေ ရယူနိုင်ဖို့ လန်ဒန်မြောက်ပိုင်းကလပ်ကနေထွက်ခွာမယ်ဆိုတာ ရှင်းရှင်းလင်းပြောထားပါတယ်။ ဒါကြောင့် ဘာစီလိုနာကိုထွက်ခွာသွားတဲ့ အဂူရိုနေရာမှာ ဟယ်ရီကိန်းနဲ့အစားထိုးဖို့ကြိုးစားနေတဲ့ မန်စီးတီးကို


စပါးရပ်တန့်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဆန်ချိုကို မန်ယူထံရောင်းချခဲ့တဲ့နောက် ဟာလန်းကိုလက်မလွှတ်ရဖို့ ဒေါ့တ်မန်တင်းခံထားတာကြောင့် နည်းပြဂွါဒီယိုလာအနေနဲ့လည်း ဟယ်ရီကိန်းထက် နော်ဝေတိုက်စစ်မှူးကပိုခက်နေတာပါ။ ဒါကြောင့် စတာလင်း၊ ဂျီဆပ်၊ မာရက်ဇ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ထဲက


တစ်ယောက်ယောက်ကိုအလိုက်ပေးကမ်းလှမ်းမယ်ဆိုတဲ့အထိ သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် ဗီလာအသင်းခေါင်းဆောင်ဂရီလစ်ရှ်နောက်ကိုလည်း လိုက်နေပါသေးတယ်။ ဒါပေမဲ့ စပါးဟာ တိုက်စစ်မှူးဆွန်ဟောင်မင်ကို စာချုပ်သက်တမ်းတိုးလိုက်ပြီး ဟယ်ရီကိန်းနဲ့အတွဲကို မဖြုတ်မယ့်သဘောရှိနေတာပါ။

(zawgyi)

တိုက္စစ္မႉးဟယ္ရီကိန္းနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕သေဘာထားက ေျပာင္းလဲမွာမဟုတ္ဘူးလို႔ စပါးဥကၠဒန္နီရယ္လီဗိုင္းက ထပ္မံေျပာဆိုလိုက္ပါတယ္။ တစ္နည္းအားျဖင့္ ဒီေႏြေဈးကြက္မွာ သူတို႔အသင္းရဲ႕အဓိကပုံရိပ္ကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ အတိအလင္းထပ္ေျပာလိုက္တာပါ။ ဒါဟာ မန္စီးတီးကို ေပါင္ သန္း ၁၆၀ နဲ႔ ဟယ္ရီကိန္းေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့ လက္ရွိထြက္ေပၚေနတဲ့သတင္းေတြကို ျငင္းဆန္လိုက္တာပါပဲ။ ပရီးမီးယားလိဂ္ခ်န္ပီယံဟာ အဂၤလန္အသင္းေခါင္းေဆာင္ကိုရဖို႔ အေတာ္ေလးစိတ္ရွည္ေနသလို ဘ႑ာေရးအၾကပ္အတည္းေတြရွိေနတဲ့ၾကားမွာပဲ ေျပာင္းေ႐ႊ႕ေၾကးကို စပါးလိုခ်င္သေလာက္ ေပးမယ့္အေနအထားရွိေနပါတယ္။ ကာယကံရွင္ကလည္း အသင္းလိုက္ဆုဖလားေတြ ရယူႏိုင္ဖို႔ လန္ဒန္ေျမာက္ပိုင္းကလပ္ကေနထြက္ခြာမယ္ဆိုတာ ရွင္းရွင္းလင္းေျပာထားပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာကိုထြက္ခြာသြားတဲ့ အဂူ႐ိုေနရာမွာ ဟယ္ရီကိန္းနဲ႔အစားထိုးဖို႔ႀကိဳးစားေနတဲ့ မန္စီးတီးကို စပါးရပ္တန႔္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ဆန္ခ်ိဳကို မန္ယူထံေရာင္းခ်ခဲ့တဲ့ေနာက္ ဟာလန္းကိုလက္မလႊတ္ရဖို႔ ေဒါ့တ္မန္တင္းခံထားတာေၾကာင့္ နည္းျပဂြါဒီယိုလာအေနနဲ႔လည္း ဟယ္ရီကိန္းထက္ ေနာ္ေဝတိုက္စစ္မႉးကပိုခက္ေနတာပါ။ ဒါေၾကာင့္ စတာလင္း၊ ဂ်ီဆပ္၊ မာရက္ဇ္နဲ႔ ဘာနာဒိုေဆးလ္ဗားတို႔ထဲက တစ္ေယာက္ေယာက္ကိုအလိုက္ေပးကမ္းလွမ္းမယ္ဆိုတဲ့အထိ သတင္းေတြထြက္ေနပါတယ္။ ဒါ့အျပင္ ဗီလာအသင္းေခါင္းေဆာင္ဂရီလစ္ရွ္ေနာက္ကိုလည္း လိုက္ေနပါေသးတယ္။ ဒါေပမဲ့ စပါးဟာ တိုက္စစ္မႉးဆြန္ေဟာင္မင္ကို စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီး ဟယ္ရီကိန္းနဲ႔အတြဲကို မျဖဳတ္မယ့္သေဘာရွိေနတာပါ။