Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ရာသီမှာ ပုံစံကောင်းများ ပြသနေပြီး 2021 နှစ်သစ်ကိုလဲ အနိုင်နဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့သလို ဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ အမှတ်တူခဲ့ပြီး ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်ပြီ ဖြစ်တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့တာ တွေ့ရပါတယ်။ ။ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ကလဲ အမြင့်ဆုံး အနေ အထားကို ရောက်ရှိနေပြီး မည်သည့် အသင်းကို မဆို စိန်ခေါ်နိုင်တဲ့ အနေအထားပါ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းကို နောက်ဆုံး ရှုံးနိမ့်ခဲ့တဲ့နောက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် 10 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် ကစားပြနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့်လည်း ရာသီ အစ တုန်းက ရလဒ် ဆိုးရွားခဲ့ပေမယ့် အခုလို အမှတ်ပေး ဇယား ထိပ်ပိုင်းကို တက်လှမ်း လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
နိုင်ပွဲတွေ ဆက်တိုက် ရရှိနေပြီး အသင်းရဲ့ စုစည်းမှု အားကောင်းလာတာဟာ နောက်ကွယ်က ပဲ့ကိုင်ရှင် တစ်ဦး ရှိနေကြောင်း နည်းပြ ဆိုးလ်ရှားက ဝန်ခံထားပါတယ်။ လက်ရှိ ယူနိုက်တက်ဟာ တချိန်က သုံးမိနစ် မန်ယူ ဆိုတဲ့ အသင်းကို ပြန်လည် မြင်တွေ့နေရတာ ဖြစ်ပြီး နောက်ဆုံး မိနစ်တွေ အထိ ဆက်တိုက်ဖိအားေပးကာ အနိုင်ဂိုးတွေ ရယူနေတာပါ။လိဒ်ယူနိုက်တက် အသင်းကို ဂိုးပြတ် နိုင်တဲ့ ပွဲမှာလဲ ဆာအဲလက်သ် ဖာဂူဆန်ရဲ့ မိန့်ကြားမှုတွေ လိုက်နာခဲ့ ကြောင်း နည်းပြ ဆိုလ်းရှားက ဝန်ခံသွားပါတယ်။
ယူနိုက်တက်အသင်း သည် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် လက်ထက်မှာ အောင်မြင်မှုတွေရခဲ့တုန်းကလည်း ပွဲတိုင်းမှာ ကစားပုံ အကောင်းကြီး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဖာဂူဆန်ရဲ့ နာမည်ကျော် တန်ပြန်တိုက်စစ်တွေ၊ Epic Come Back တွေ နဲ့ အနိုင် (၃) မှတ်ကို အဓိက ထားပြီး ဖလားတွေအများကြီးရယူခဲ့တာပါ။
အခုလည်း တပည့်ကျော် ဆိုးလ်ရှားဟာ အသင်းကို ကစားကွက်အသာစီးရဖို့ထက် တန်ပြန်တိုက်စစ် ကစားဟန်ကို ပီပီပြင်ပြင် ပုံဖော်နေပြီး ဖာဂူဆန် ရဲ့ နာမည်ကျော် Come- Back နဲ့ နိုင်လိုစိတ်ပြင်းထန်မှုတွေကိုလည်း ဆိုးလ်ရှားရဲ့ အသင်းမှာတွေ့မြင်နေရပါတယ်။ ဆိုးလ်ရှားတစ်ယောက် ပြိုင်ဘက်အသင်းတွေ တပ်ပျက်နေချိန်မှာ ပရီးမီးယားလိဂ် ချိန်ပီယံဆုကို သိမ်းပိုက်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ကာရာဘောင် ဖလားပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ ။ အဆိုပါ နှစ်ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ဆုဖလား နှစ်လုံး အတွက် အဆုံးအဖြတ်ပွဲစဉ်နှစ်ပွဲ ဖြစ်ပြီး နည်းပြ ဆိုလ်းရှားရဲ့ ပြင်ဆင်လာပုံကို စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ယခုႏွစ္ ရာသီမွာ ပုံစံေကာင္းမ်ား ျပသေနၿပီး 2021 ႏွစ္သစ္ကိုလဲ အနိုင္နဲ႕ စတင္ဖြင့္လွစ္နိုင္ခဲ့သလို ဇယားထိပ္ဆုံးက လီဗာပူးအသင္းနဲ႕ အမွတ္တူခဲ့ၿပီး ခ်န္ပီယံဆုဖလားကို စိန္ေခၚနိုင္ၿပီ ျဖစ္တဲ့ အသင္းတစ္သင္း ျဖစ္လာခဲ့တာ ေတြ႕ရပါတယ္။ ။ အသင္းရဲ႕ စိတ္ဓာတ္ပိုင္း ကလဲ အျမင့္ဆုံး အေန အထားကို ေရာက္ရွိေနၿပီး မည္သည့္ အသင္းကို မဆို စိန္ေခၚနိုင္တဲ့ အေနအထားပါ။
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အာဆင္နယ္ အသင္းကို ေနာက္ဆုံး ရႈံးနိမ့္ခဲ့တဲ့ေနာက္ ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္ 10 ပြဲ ဆက္တိုက္ ရႈံးပြဲ မရွိေအာင္ ကစားျပနိုင္ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္လည္း ရာသီ အစ တုန္းက ရလဒ္ ဆိုး႐ြားခဲ့ေပမယ့္ အခုလို အမွတ္ေပး ဇယား ထိပ္ပိုင္းကို တက္လွမ္း လာနိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။
နိုင္ပြဲေတြ ဆက္တိုက္ ရရွိေနၿပီး အသင္းရဲ႕ စုစည္းမႈ အားေကာင္းလာတာဟာ ေနာက္ကြယ္က ပဲ့ကိုင္ရွင္ တစ္ဦး ရွိေနေၾကာင္း နည္းျပ ဆိုးလ္ရွားက ဝန္ခံထားပါတယ္။ လက္ရွိ ယူနိုက္တက္ဟာ တခ်ိန္က သုံးမိနစ္ မန္ယူ ဆိုတဲ့ အသင္းကို ျပန္လည္ ျမင္ေတြ႕ေနရတာ ျဖစ္ၿပီး ေနာက္ဆုံး မိနစ္ေတြ အထိ ဆက္တိုက္ဖိအားေပးကာ အနိုင္ဂိုးေတြ ရယူေနတာပါ။လိဒ္ယူနိုက္တက္ အသင္းကို ဂိုးျပတ္ နိုင္တဲ့ ပြဲမွာလဲ ဆာအဲလက္သ္ ဖာဂူဆန္ရဲ႕ မိန႔္ၾကားမႈေတြ လိုက္နာခဲ့ ေၾကာင္း နည္းျပ ဆိုလ္းရွားက ဝန္ခံသြားပါတယ္။
ယူနိုက္တက္အသင္း သည္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ လက္ထက္မွာ ေအာင္ျမင္မႈေတြရခဲ့တုန္းကလည္း ပြဲတိုင္းမွာ ကစားပုံ အေကာင္းႀကီး မဟုတ္ခဲ့ပါဘူး။ ဒါေပမဲ့ ဖာဂူဆန္ရဲ႕ နာမည္ေက်ာ္ တန္ျပန္တိုက္စစ္ေတြ၊ Epic Come Back ေတြ နဲ႕ အနိုင္ (၃) မွတ္ကို အဓိက ထားၿပီး ဖလားေတြအမ်ားႀကီးရယူခဲ့တာပါ။
အခုလည္း တပည့္ေက်ာ္ ဆိုးလ္ရွားဟာ အသင္းကို ကစားကြက္အသာစီးရဖို႔ထက္ တန္ျပန္တိုက္စစ္ ကစားဟန္ကို ပီပီျပင္ျပင္ ပုံေဖာ္ေနၿပီး ဖာဂူဆန္ ရဲ႕ နာမည္ေက်ာ္ Come- Back နဲ႕ နိုင္လိုစိတ္ျပင္းထန္မႈေတြကိုလည္း ဆိုးလ္ရွားရဲ႕ အသင္းမွာေတြ႕ျမင္ေနရပါတယ္။ ဆိုးလ္ရွားတစ္ေယာက္ ၿပိဳင္ဘက္အသင္းေတြ တပ္ပ်က္ေနခ်ိန္မွာ ပရီးမီးယားလိဂ္ ခ်ိန္ပီယံဆုကို သိမ္းပိုက္နိုင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ ဟာ ကာရာေဘာင္ ဖလားပြဲစဥ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္းနဲ႕ ရင္ဆိုင္ရမွာျဖစ္ၿပီး ဇန္နဝါရီ ၁၇ ရက္ေန႕မွာ လီဗာပူးအသင္းနဲ႕ ယွဥ္ၿပိဳင္ရမွာပါ ။ အဆိုပါ ႏွစ္ပြဲဟာ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ဆုဖလား ႏွစ္လုံး အတြက္ အဆုံးအျဖတ္ပြဲစဥ္ႏွစ္ပြဲ ျဖစ္ၿပီး နည္းျပ ဆိုလ္းရွားရဲ႕ ျပင္ဆင္လာပုံကို ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္။