Articles

နည်းပြဆိုးလ်ရှားကို ၂၀၂၄ ခုနှစ်အထိ မန်ယူ သက်တမ်းတိုး


နည်းပြဆိုးလ်ရှားကို ၂၀၂၄ ခုနှစ်အထိရှိနေမယ့် သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း မန်ယူအသင်းက တရားဝင်ကြေညာလိုက်ပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်နှစ် သက်တမ်တိုးခွင့်ရှိတဲ့ သဘောတူညီမှုတစ်ရပ်လည်း စာချုပ်မှာပါရှိတယ်လို့ဖေါ်ပြထားပါတယ်။


နော်ဝေသားဟာ ၂၀၁၈ ဒီဇင်ဘာတုန်းက ဟိုဆေးမော်ရင်ညိုရဲ့နေရာမှာ ယာယီနည်းပြအဖြစ် အစားထိုးခံခဲ့ရသူဖြစ်ပြီး ၂၀၁၉ မတ်လမှာ ၃ နှစ်စာချုပ်နဲ့ တရားဝင်နည်းပြဖြစ်လာခဲ့ပါတယ်။ “ ဒီအသင်းအပေါ်မှာထားတဲ့ ကျွန်တော့်ခံစားချက်ကို လူတိုင်းသိပါတယ်။


အခုလို စာချုပ်သစ်ချုပ်ဆိုနိုင်တဲ့အတွက် ကျွန်တော်ကြည်နူးမိပါတယ်။ အခုက မန်ယူအတွက် စိတ်လှုပ်ရှားစရာအချိန်တွေပါ။ လူငယ်တွေ၊ အတွေ့အကြုံရင့်ကျက်သူတွေနဲ့ ဟန်ချက်ညီပြီး နိုင်ပွဲဆာလောင်နေတဲ့အသင်းတစ်သင်းကို ကျွန်တော်တို့တည်ဆောက်နိုင်ခဲ့တယ်။


ပြီးတော့ ကျွန်တော့်ဘေးမှာ သိပ်ကောင်းတဲ့နည်းပြအဖွဲ့လည်းရှိနေပါတယ်။ ရာသီသစ်ခရီးအတွက် ကျွန်တော်တို့အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ မန်ယူဟာ အကြီးမားဆုံးနဲ့ အကောင်းဆုံးဆုဖလားတွေကို လိုချင်နေပါတယ်။ အဲဒါ ကျွန်တော်တို့အားလုံး ကြိုးပမ်းရမယ့်အရာပါ။


ကျွန်တော်တို့ ကွင်းတွင်းကွင်းပြင်တိုးတက်မှုတွေလည်း ရှိလာခဲ့ပါပြီ။ အိုးလ်ထရက်ဖို့ဒ်က ပရိသတ်တွေရှေ့မှောက်မှာ ရာသီသစ်စတင်ဖို့ ကျွန်တော် မစောင့်နိုင်လောက်အောင် ဖြစ်နေရပါပြီ ” လို့ ဆိုးလ်ရှားက လက်မှတ်ထိုးပြီးတဲ့နောက် မန်ယူဝက်ဘ်ဆိုက်ကနေ ဖွင့်ဟသွားခဲ့ပါတယ်။


ကလေးမျက်နှာနဲ့လူသတ်သမားလို့ တစ်ချိန်က သရဲနီတိုက်စစ်မှာ နာမည်ကျော်ခဲ့တဲ့ ဆိုးလ်ရှားရဲ့မန်ယူနည်းပြဘဝမှာ ဘာဆုဖလားမှမရသေးပေမယ့် တစ်နှစ်ပြီးတစ်နှစ် တိုးတက်မှုတွေတော့ရှိလာခဲ့ပါတယ်။


အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ နော်ဝေသားလက်ထက် အကောင်းဆုံးစွမ်းဆောင်နိုင်မှု ဒါမှမဟုတ် ၂၀၁၇-၁၈ နောက်ပိုင်း အမြင့်မားဆုံးရပ်တည်မှုအဖြစ် ပရီးမီးယားလိဂ်မှာ ဒုတိယရခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့ရတာပါ။

(zawgyi)

နည္းျပဆိုးလ္ရွားကို ၂၀၂၄ ခုႏွစ္အထိရွိေနမယ့္ သက္တမ္းတိုးစာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း မန္ယူအသင္းက တရားဝင္ေၾကညာလိုက္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္တစ္ႏွစ္ သက္တမ္တိုးခြင့္ရွိတဲ့ သေဘာတူညီမႈတစ္ရပ္လည္း စာခ်ဳပ္မွာပါရွိတယ္လို႔ေဖၚျပထားပါတယ္။ ေနာ္ေဝသားဟာ ၂၀၁၈ ဒီဇင္ဘာတုန္းက ဟိုေဆးေမာ္ရင္ညိဳရဲ႕ေနရာမွာ ယာယီနည္းျပအျဖစ္ အစားထိုးခံခဲ့ရသူျဖစ္ၿပီး ၂၀၁၉ မတ္လမွာ ၃ ႏွစ္စာခ်ဳပ္နဲ႔ တရားဝင္နည္းျပျဖစ္လာခဲ့ပါတယ္။ “ ဒီအသင္းအေပၚမွာထားတဲ့ ကြၽန္ေတာ့္ခံစားခ်က္ကို လူတိုင္းသိပါတယ္။ အခုလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္တဲ့အတြက္ ကြၽန္ေတာ္ၾကည္ႏူးမိပါတယ္။ အခုက မန္ယူအတြက္ စိတ္လႈပ္ရွားစရာအခ်ိန္ေတြပါ။ လူငယ္ေတြ၊ အေတြ႕အႀကဳံရင့္က်က္သူေတြနဲ႔ ဟန္ခ်က္ညီၿပီး ႏိုင္ပြဲဆာေလာင္ေနတဲ့အသင္းတစ္သင္းကို ကြၽန္ေတာ္တို႔တည္ေဆာက္ႏိုင္ခဲ့တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ေဘးမွာ သိပ္ေကာင္းတဲ့နည္းျပအဖြဲ႕လည္းရွိေနပါတယ္။ ရာသီသစ္ခရီးအတြက္ ကြၽန္ေတာ္တို႔အားလုံး အဆင္သင့္ျဖစ္ေနပါၿပီ။ မန္ယူဟာ အႀကီးမားဆုံးနဲ႔ အေကာင္းဆုံးဆုဖလားေတြကို လိုခ်င္ေနပါတယ္။ အဲဒါ ကြၽန္ေတာ္တို႔အားလုံး ႀကိဳးပမ္းရမယ့္အရာပါ။ ကြၽန္ေတာ္တို႔ ကြင္းတြင္းကြင္းျပင္တိုးတက္မႈေတြလည္း ရွိလာခဲ့ပါၿပီ။ အိုးလ္ထရက္ဖို႔ဒ္က ပရိသတ္ေတြေရွ႕ေမွာက္မွာ ရာသီသစ္စတင္ဖို႔ ကြၽန္ေတာ္ မေစာင့္ႏိုင္ေလာက္ေအာင္ ျဖစ္ေနရပါၿပီ ” လို႔ ဆိုးလ္ရွားက လက္မွတ္ထိုးၿပီးတဲ့ေနာက္ မန္ယူဝက္ဘ္ဆိုက္ကေန ဖြင့္ဟသြားခဲ့ပါတယ္။ ကေလးမ်က္ႏွာနဲ႔လူသတ္သမားလို႔ တစ္ခ်ိန္က သရဲနီတိုက္စစ္မွာ နာမည္ေက်ာ္ခဲ့တဲ့ ဆိုးလ္ရွားရဲ႕မန္ယူနည္းျပဘဝမွာ ဘာဆုဖလားမွမရေသးေပမယ့္ တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးတက္မႈေတြေတာ့ရွိလာခဲ့ပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီမွာ ေနာ္ေဝသားလက္ထက္ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္မႈ ဒါမွမဟုတ္ ၂၀၁၇-၁၈ ေနာက္ပိုင္း အျမင့္မားဆုံးရပ္တည္မႈအျဖစ္ ပရီးမီးယားလိဂ္မွာ ဒုတိယရခဲ့ပါတယ္။ ဒါ့အျပင္ ယူ႐ိုပါလိဂ္မွာလည္း ဗိုလ္လုပြဲတက္ႏိုင္ခဲ့ၿပီး ဗီလာရီးရဲလ္ကို ရႈံးနိမ့္ခဲ့ရတာပါ။