Articles

ဆန်ချိုဟာ ရက်ရှ်ဖို့ဒ်နဲ့ပေါ့ဘာတို့ကို ထိတ်လန့်တကြားဖြစ်အောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ဟာမန်းချီးကျူး


ဂျာမနီဂန္ထဝင်ဘောလုံးသမားကြီးဟာမန်းကတော့ မန်ယူကစားသမားသစ်လေးဆန်ချိုကို ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ်မှူးလို့ ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားဟာ အသင်းဖော်တွေဖြစ်ကြတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာတို့ကို စိတ်ခြောက်ခြားစေနိုင်ခြင်းနဲ့ လှုံ့ဆော်မှုပေးနိုင်စွမ်းရှိသူလို့ ဆိုပါတယ်။


မန်ယူနဲ့ ဆန်ချိုတို့ရဲ့ကာလရှည်အပြောင်းအရွှေ့ပုံပြင်ဟာ ဒီသီတင်းပတ်မှာအဆုံးသတ်ခဲ့ပြီး ပေါင် ၇၃ သန်းတန် သရဲနီသစ်လေးဟာ အိုးလ်ထရက်ဖို့ဒ်မှာ နံပါတ် ၂၅ ဂျာစီကို ဝတ်ဆင်ကစားတော့မှာဖြစ်ပါတယ်။ ဒေါ့တ်မန်မှာ ဆန်ချိုရဲ့ခြေစွမ်းကို သဘောကျခဲ့တဲ့ ဟာမန်းကတော့ ပရီးမီးယားလိဂ်မှာ ခြားနားတဲ့ခြေစွမ်းမျိုးနဲ့


မန်ယူရဲ့ချန်ပီယံစိန်ခေါ်ရေးကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ ဆိုးလ်ရှားရော မန်ယူအတွက်ပါ ကြီးမားတဲ့ရာသီတစ်ခုပါ။ ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကြယ်တစ်ပွင့်ဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။


ပြိုင်ဘက်ကိုလွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်တဲ့ တောင်ပံလူတစ်ယောက်ကို ကျွန်တော်ရှားရှားပါးပါး မြင်နေရတာပါ။ သူဟာ ရက်ရှ်ဖို့ဒ်နဲ့ပေါ့ဘာတို့လို အသင်းဖော်တွေကို ထိတ်လန့်တကြားဖြစ်အောင် တွန်းအားပေးနိုင်ပါလိမ့်မယ်။


ဘွန်ဒက်စ်လီဂါမှာ အသင်းဖော်တွေ ပိုကောင်းအောင် အခွင့်အရေးတွေဖန်တီးတာ၊ ပြိုင်ဘက်နောက်ခံလူတွေ ပြိုလဲအောင်လုပ်တာတွေနဲ့ သူလုပ်ပြခဲ့ပြီးပါပြီ။ ယူရို ၂၀၂၀ တုန်းက ယူကရိန်းကို အင်္ဂလန်အနိုင်ရတဲ့ ကွာတားဖိုင်နယ်မှာလည်း ဒါကိုမြင်ခဲ့ရပြီးပါပြီ ” လို့ ဟာမန်းက Racing Post မီဒီယာနဲ့အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

(zawgyi)

ဂ်ာမနီဂႏၴဝင္ေဘာလုံးသမားႀကီးဟာမန္းကေတာ့ မန္ယူကစားသမားသစ္ေလးဆန္ခ်ိဳကို ကမာၻ႔အေကာင္းဆုံး ေတာင္ပံတိုက္စစ္မႉးလို႔ ခ်ီးက်ဴးလိုက္ပါတယ္။ ဒါ့အျပင္ အဂၤလန္သားဟာ အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ေပါ့ဘာတို႔ကို စိတ္ေျခာက္ျခားေစႏိုင္ျခင္းနဲ႔ လႈံ႕ေဆာ္မႈေပးႏိုင္စြမ္းရွိသူလို႔ ဆိုပါတယ္။ မန္ယူနဲ႔ ဆန္ခ်ိဳတို႔ရဲ႕ကာလရွည္အေျပာင္းအေ႐ႊ႕ပုံျပင္ဟာ ဒီသီတင္းပတ္မွာအဆုံးသတ္ခဲ့ၿပီး ေပါင္ ၇၃ သန္းတန္ သရဲနီသစ္ေလးဟာ အိုးလ္ထရက္ဖို႔ဒ္မွာ နံပါတ္ ၂၅ ဂ်ာစီကို ဝတ္ဆင္ကစားေတာ့မွာျဖစ္ပါတယ္။ ေဒါ့တ္မန္မွာ ဆန္ခ်ိဳရဲ႕ေျခစြမ္းကို သေဘာက်ခဲ့တဲ့ ဟာမန္းကေတာ့ ပရီးမီးယားလိဂ္မွာ ျခားနားတဲ့ေျခစြမ္းမ်ိဳးနဲ႔ မန္ယူရဲ႕ခ်န္ပီယံစိန္ေခၚေရးကို အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ “ ဆိုးလ္ရွားေရာ မန္ယူအတြက္ပါ ႀကီးမားတဲ့ရာသီတစ္ခုပါ။ ဆန္ခ်ိဳဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၾကယ္တစ္ပြင့္ျဖစ္လာမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ထားပါတယ္။ ၿပိဳင္ဘက္ကိုလြယ္လြယ္ကူကူ ေက်ာ္ျဖတ္ႏိုင္တဲ့ ေတာင္ပံလူတစ္ေယာက္ကို ကြၽန္ေတာ္ရွားရွားပါးပါး ျမင္ေနရတာပါ။ သူဟာ ရက္ရွ္ဖို႔ဒ္နဲ႔ေပါ့ဘာတို႔လို အသင္းေဖာ္ေတြကို ထိတ္လန႔္တၾကားျဖစ္ေအာင္ တြန္းအားေပးႏိုင္ပါလိမ့္မယ္။ ဘြန္ဒက္စ္လီဂါမွာ အသင္းေဖာ္ေတြ ပိုေကာင္းေအာင္ အခြင့္အေရးေတြဖန္တီးတာ၊ ၿပိဳင္ဘက္ေနာက္ခံလူေတြ ၿပိဳလဲေအာင္လုပ္တာေတြနဲ႔ သူလုပ္ျပခဲ့ၿပီးပါၿပီ။ ယူ႐ို ၂၀၂၀ တုန္းက ယူကရိန္းကို အဂၤလန္အႏိုင္ရတဲ့ ကြာတားဖိုင္နယ္မွာလည္း ဒါကိုျမင္ခဲ့ရၿပီးပါၿပီ ” လို႔ ဟာမန္းက Racing Post မီဒီယာနဲ႔အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။