Articles

ချီယေဆာအတွက် လီဗာပူးရဲ့ ယူရို သန်း ၁၀၀တန် ကမ်းလှမ်းမှုကို ဂျူဗင်တပ် ပယ်ချ


အီတလီကြယ်ပွင့်ဖက်ဒါရီကိုချီယေဆာအတွက် လီဗာပူးရဲ့ပေါင် ၈၆ သန်းတန်ကမ်းလှမ်းမှုကို ဂျူဗင်တပ်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။ လီဗာပူးဟာ ရီးရဲလ်ကိုပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်၊ ဂျူဗင်တပ်ကိုပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်ဒိုတို့နောက်မှာ ၈ ဦးမြောက်


ပြောင်းရွှေ့ကြေး အမြင့်မားဆုံးကစားသမားအဖြစ် အိုးလ်လေဒီတောင်ပံတိုက်စစ်မှူးအတွက် ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ အီတလီအခြေစိုက် Repubblica သတင်းစာက ဖေါ်ပြလိုက်တာပါ။


တကယ်သာ အပြောင်းအရွှေ့ဖြစ်ခဲ့ရင် အသက် ၂၃ နှစ်အရွယ် အီတလီလက်ရွေးစင်ဟာ မန်ယူကိုပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဘာနောက်မှာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက်ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမား ဖြစ်လာမှာပါ။


ဒါပေမဲ့ တူရင်အခြေစိုက်ကလပ်ကတော့ ကြိုးကြာနီတွေရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ရေးသားထားပါတယ်။ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ ချီယေဆာကို ၄-၃-၃ ကစားကွက်မှာ မာနေး၊ ဆာလက်တို့နဲ့အတူတွဲဖက်စေဖို့ ဒါမှမဟုတ် အစားဝင်စေဖို့ တွေးထားတယ်လို့လည်း သိရပါတယ်။


ဒါပေမဲ့ ဂျူဗင်တပ်ကို ၄ နှစ်စာချုပ်နဲ့ တစ်ကျော့ပြန်ရောက်လာခဲ့တဲ့ နည်းပြအယ်လီဂရီကတော့ ချီယေဆာကို ဈေးကွက်မတင်ဖို့စဉ်းစားထားပြီး ဥက္ကဌအက်ဂ်နယ်လီကလည်း ဒီဆုံးဖြတ်ချက်ကိုထောက်ခံထားပါတယ်။


ချီယေဆာဟာ ယူရို ၂၀၂၀ မှာ အီတလီလက်ရွေးစင်အသင်း ချန်ပီယံဖြစ်အောင် ခြေစွမ်းပြကူညီပေးနိုင်ခဲ့တဲ့နောက် ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုခံနေရသူပါ။ ဝေးလ်နဲ့ပွဲစဉ်မှာ အကောင်းဆုံးကစာသမားဆုရခဲ့ပြီး သြစတြီးယားနဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့သလို အကောင်းဆုံးကစားသမားဆု ရခဲ့ပါတယ်။


ဒါ့အပြင် စပိန်နဲ့ဆီမီးဖိုင်နယ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီး အင်္ဂလန်နဲ့ဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့်လူစားလဲမခံရခင် ၈၆ မိနစ်အထိ ကစားပေးခဲ့သူပါ။ တစ်နည်းအားဖြင့် ဖခင်ဖြစ်သူ အီတလီတိုက်စစ်မှူးဟောင်းကြီး အန်ရီကိုချီယေဆာရဲ့ခြေရာနင်းနိုင်တဲ့ အမျိုးမှန်အဖိုးတန်လေးဖြစ်နေပါတယ်။

(zawgyi)

အီတလီၾကယ္ပြင့္ဖက္ဒါရီကိုခ်ီေယဆာအတြက္ လီဗာပူးရဲ႕ေပါင္ ၈၆ သန္းတန္ကမ္းလွမ္းမႈကို ဂ်ဴဗင္တပ္က ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ လီဗာပူးဟာ ရီးရဲလ္ကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂါရတ္ေဘးလ္၊ ဂ်ဴဗင္တပ္ကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ စီေရာ္နယ္ဒိုတို႔ေနာက္မွာ ၈ ဦးေျမာက္ ေျပာင္းေ႐ႊ႕ေၾကး အျမင့္မားဆုံးကစားသမားအျဖစ္ အိုးလ္ေလဒီေတာင္ပံတိုက္စစ္မႉးအတြက္ ယူ႐ို သန္း ၁၀၀ နဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ အီတလီအေျခစိုက္ Repubblica သတင္းစာက ေဖၚျပလိုက္တာပါ။ တကယ္သာ အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့ရင္ အသက္ ၂၃ ႏွစ္အ႐ြယ္ အီတလီလက္ေ႐ြးစင္ဟာ မန္ယူကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ ေပါ့ဘာေနာက္မွာ ပရီးမီးယားလိဂ္ရဲ႕ ဒုတိယေျမာက္ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံးကစားသမား ျဖစ္လာမွာပါ။ ဒါေပမဲ့ တူရင္အေျခစိုက္ကလပ္ကေတာ့ ႀကိဳးၾကာနီေတြရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တယ္လို႔ ေရးသားထားပါတယ္။ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ ခ်ီေယဆာကို ၄-၃-၃ ကစားကြက္မွာ မာေနး၊ ဆာလက္တို႔နဲ႔အတူတြဲဖက္ေစဖို႔ ဒါမွမဟုတ္ အစားဝင္ေစဖို႔ ေတြးထားတယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့ ဂ်ဴဗင္တပ္ကို ၄ ႏွစ္စာခ်ဳပ္နဲ႔ တစ္ေက်ာ့ျပန္ေရာက္လာခဲ့တဲ့ နည္းျပအယ္လီဂရီကေတာ့ ခ်ီေယဆာကို ေဈးကြက္မတင္ဖို႔စဥ္းစားထားၿပီး ဥကၠဌအက္ဂ္နယ္လီကလည္း ဒီဆုံးျဖတ္ခ်က္ကိုေထာက္ခံထားပါတယ္။ ခ်ီေယဆာဟာ ယူ႐ို ၂၀၂၀ မွာ အီတလီလက္ေ႐ြးစင္အသင္း ခ်န္ပီယံျဖစ္ေအာင္ ေျခစြမ္းျပကူညီေပးႏိုင္ခဲ့တဲ့ေနာက္ ဥေရာပထိပ္တန္းအသင္းေတြရဲ႕ စိတ္ဝင္စားမႈခံေနရသူပါ။ ေဝးလ္နဲ႔ပြဲစဥ္မွာ အေကာင္းဆုံးကစာသမားဆုရခဲ့ၿပီး ၾသစႀတီးယားနဲ႔ပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့သလို အေကာင္းဆုံးကစားသမားဆု ရခဲ့ပါတယ္။ ဒါ့အျပင္ စပိန္နဲ႔ဆီမီးဖိုင္နယ္မွာ ဂိုးသြင္းႏိုင္ခဲ့ၿပီး အဂၤလန္နဲ႔ဗိုလ္လုပြဲမွာ ဒဏ္ရာေၾကာင့္လူစားလဲမခံရခင္ ၈၆ မိနစ္အထိ ကစားေပးခဲ့သူပါ။ တစ္နည္းအားျဖင့္ ဖခင္ျဖစ္သူ အီတလီတိုက္စစ္မႉးေဟာင္းႀကီး အန္ရီကိုခ်ီေယဆာရဲ႕ေျခရာနင္းႏိုင္တဲ့ အမ်ိဳးမွန္အဖိုးတန္ေလးျဖစ္ေနပါတယ္။