
ပီအက်စ်ဂျီပရိသတ်တွေကတော့ ပေါ့ဘာနဲ့ပတ်သက်ပြီး သူတို့သဘောထားကို ရှင်းရှင်းလင်းလင်း ဖွင့်ဟပြလိုက်ပါပြီ။ အသင်းရဲ့ Parc des Princes ကွင်းနဲ့ လေ့ကျင့်ရေးကွင်းတစ်ဝိုက်မှာ စာတမ်းတွေချိတ်ဆွဲပြီး မန်ယူကွင်းလယ်ကြယ်ပွင့်ကို အလိုမရှိကြောင်း ကန့်ကွက်ခဲ့ကြတာပါ။

ပေါ့ဘာရဲ့မန်ယူနဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲရောက်နေပါပြီ။ မန်ယူဟာ ပေါ့ဘာကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ ပေါင် သန်း ၅၀ တန် ကာလရှည်စာချုပ်တစ်ရပ်ကမ်းလှမ်းခဲ့ပြီး ဒါဟာ လက်ရှိရနေတဲ့ ပေါင် ၂၉၀၀၀၀ ထက် တိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်

ပြင်သစ်သားကပယ်ချခဲ့တယ်လို့ Daily Mirror သတင်းစာက ဖေါ်ပြပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီက ပြင်သစ်သားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ တရားဝင်ကမ်းလှမ်းတော့မယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီပရိသတ်အချို့ကတော့ သရဲနီကွင်းလယ်လူကို မလိုလားကြပါဘူး။

“ ပေါ့ဘာ .. မင်းအမေစကားကို နားထောင်သင့်တယ်။ သူမက မင်းကို ဒီနေရာမှာ ရှိမနေစေချင်ဘူး။ ငါတို့လည်း မင်းကိုမလိုချင်ဘူး ” လို့ စာတမ်းတွေပေါ်မှာ ရေးသားထားပါတယ်။ ဒါ ဘယ်အဖွဲ့ရဲ့လက်ချက်လည်းဆိုတာတော့ တုံ့ပြန်မှုမရှိသေးဘူးလို့ RMC Sport က ရေးသားထားပါတယ်။

ဘာကြောင့် အခုလို ပေါ့ဘာအပေါ် မလိုမုန်းထားရတာလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ၂၀၁၉ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီကို မန်ယူအနိုင်ရတုန်းကတော့ ပေါ့ဘာဟာ အောင်ပွဲခံဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။

သူဟာ ပါရီမှာကစားတဲ့ ဒုတိယအကျော့မှာ ပွဲပယ်ခံခဲ့ရပြီး မန်ယူရဲ့ပြဇာတ်ဆန်တဲ့နိုင်ပွဲကို ကြည့်နေခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ကွင်းထဲဆင်းပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ပီအက်စ်ဂျီပရိသတ်တွေအတွက် ရန်ငြိုးတစ်ခုဖြစ်စေခဲ့သလားတော့ မသိနိုင်သေးပါဘူး။

လက်ရှိအချိန်မှာ မန်ယူအနေနဲ့လည်း ၂၀၁၆ တုန်းက ပေါင် ၈၉ သန်းနဲ့ဝယ်ခဲ့တဲ့ပေါ့ဘာကို ပေါင် ၄၃ သန်းနဲ့ အရှုံးခံရောင်းရမလား၊ လာမယ့်နှစ်မှာ အလွတ်ထွက်ခွာခွင့်ပြုရမလားဆိုတာ ဝေခွဲမရဖြစ်နေတယ်လို့ သိရပါတယ်။
(zawgyi)
ပီအက္စ္ဂ်ီပရိသတ္ေတြကေတာ့ ေပါ့ဘာနဲ႔ပတ္သက္ၿပီး သူတို႔သေဘာထားကို ရွင္းရွင္းလင္းလင္း ဖြင့္ဟျပလိုက္ပါၿပီ။ အသင္းရဲ႕ Parc des Princes ကြင္းနဲ႔ ေလ့က်င့္ေရးကြင္းတစ္ဝိုက္မွာ စာတမ္းေတြခ်ိတ္ဆြဲၿပီး မန္ယူကြင္းလယ္ၾကယ္ပြင့္ကို အလိုမရွိေၾကာင္း ကန႔္ကြက္ခဲ့ၾကတာပါ။ ေပါ့ဘာရဲ႕မန္ယူနဲ႔စာခ်ဳပ္သက္တမ္းက ေနာက္ဆုံးႏွစ္ထဲေရာက္ေနပါၿပီ။ မန္ယူဟာ ေပါ့ဘာကို တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ နဲ႔ ေပါင္ သန္း ၅၀ တန္ ကာလရွည္စာခ်ဳပ္တစ္ရပ္ကမ္းလွမ္းခဲ့ၿပီး ဒါဟာ လက္ရွိရေနတဲ့ ေပါင္ ၂၉၀၀၀၀ ထက္ တိုးျမႇင့္ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္ ျပင္သစ္သားကပယ္ခ်ခဲ့တယ္လို႔ Daily Mirror သတင္းစာက ေဖၚျပပါတယ္။ အဲဒီေနာက္ ပီအက္စ္ဂ်ီက ျပင္သစ္သားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၃ သန္းနဲ႔ တရားဝင္ကမ္းလွမ္းေတာ့မယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။ ဒါေပမဲ့ ပီအက္စ္ဂ်ီပရိသတ္အခ်ိဳ႕ကေတာ့ သရဲနီကြင္းလယ္လူကို မလိုလားၾကပါဘူး။ “ ေပါ့ဘာ .. မင္းအေမစကားကို နားေထာင္သင့္တယ္။ သူမက မင္းကို ဒီေနရာမွာ ရွိမေနေစခ်င္ဘူး။ ငါတို႔လည္း မင္းကိုမလိုခ်င္ဘူး ” လို႔ စာတမ္းေတြေပၚမွာ ေရးသားထားပါတယ္။ ဒါ ဘယ္အဖြဲ႕ရဲ႕လက္ခ်က္လည္းဆိုတာေတာ့ တုံ႔ျပန္မႈမရွိေသးဘူးလို႔ RMC Sport က ေရးသားထားပါတယ္။ ဘာေၾကာင့္ အခုလို ေပါ့ဘာအေပၚ မလိုမုန္းထားရတာလဲဆိုတာလည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ၂၀၁၉ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ပီအက္စ္ဂ်ီကို မန္ယူအႏိုင္ရတုန္းကေတာ့ ေပါ့ဘာဟာ ေအာင္ပြဲခံဖို႔ မတြန႔္ဆုတ္ခဲ့ပါဘူး။ သူဟာ ပါရီမွာကစားတဲ့ ဒုတိယအေက်ာ့မွာ ပြဲပယ္ခံခဲ့ရၿပီး မန္ယူရဲ႕ျပဇာတ္ဆန္တဲ့ႏိုင္ပြဲကို ၾကည့္ေနခဲ့တာပါ။ ဒါေပမဲ့ အဲဒီေနာက္မွာေတာ့ ကြင္းထဲဆင္းၿပီး အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ပါတယ္။ ဒါဟာ ပီအက္စ္ဂ်ီပရိသတ္ေတြအတြက္ ရန္ၿငိဳးတစ္ခုျဖစ္ေစခဲ့သလားေတာ့ မသိႏိုင္ေသးပါဘူး။ လက္ရွိအခ်ိန္မွာ မန္ယူအေနနဲ႔လည္း ၂၀၁၆ တုန္းက ေပါင္ ၈၉ သန္းနဲ႔ဝယ္ခဲ့တဲ့ေပါ့ဘာကို ေပါင္ ၄၃ သန္းနဲ႔ အရႈံးခံေရာင္းရမလား၊ လာမယ့္ႏွစ္မွာ အလြတ္ထြက္ခြာခြင့္ျပဳရမလားဆိုတာ ေဝခြဲမရျဖစ္ေနတယ္လို႔ သိရပါတယ္။