Articles

ကျူပီအာနဲ့ ပွဲစဥ်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ပြသခဲ့တဲ့ လူငယ်ကစားသမား

အန်သိုနီ အီလန်ဂါဟာ (၂၀၂၁ ) အစောပိုင်းကာလတွေမှာ ပုခုံးဒဏ်ရာကြောင့်

အနားယူနေခဲ့ရပြီး စီနီယာအသင်းကြီးနဲ့ ကစားခွင့်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် ရာသီကုန်ဆုံခါနီးမှာ မန်ချက်စတာ ယူနိုက်တက်က ပွဲကျပ်ကာလ

ရင်ဆိုင်ခဲ့ရတဲ့အတွက် လူငယ်‌တောင်ပံကစားသမားအနေနဲ့ ထင်မှတ်မထားတဲ့

အခွင့်အရေး ရရှိခဲ့ပါတယ်။ လက်စတာ စီးတီးအသင်းနဲ့ ခက်ခဲတဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ

စတင်ပါဝင်ခွင့်ရခဲ့ပြီး ရာသီနောက်ဆုံးပိတ် ဝုဗ်နဲ့ ပွဲစဥ်မှာ သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။

ယခုလို ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အီလန်ဂါဟာ ဆွီဒင် ယူ-၂၁ အသင်းမှာပါ

ရွေးချယ်ခံခဲ့ရပါတယ်။ လူငယ်ကစားသမားဟာ စနေနေ့က Loftus Road မှာ

ကစားခဲ့တဲ့ ပွဲစဥ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ( ၄၅ ) မိနစ်အတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာတွေ့ရပါတယ်။

အီလန်ဂါက ဘောလုံးပေးပို့မှု ( ၈၈ ) ရာခိုင်နှုန်း တိကျခဲ့ပြီး ဘောလုံးထိချက်

( ၃၁ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂိုးကန်သွင်းမှု ( ၃ ) ကြိမ် ပြုလုပ်ခဲ့ပြီး ( ၃ ) ကြိမ် စလုံး

ဂိုးပေါက်တည့်ခဲ့ပါတယ်။ အပိုင်းအခွင့်အ‌ေရး ( ၂ ) ကြိမ် ဖန်တီးပေးခဲ့ပြီး

ပြစ်ဒဏ်ဘော ( ၂ ) ကြိမ် ရယူပေးခဲ့ပါတယ်။ နောက်ပြီး ချေပဂိုးတစ်ဂိုးကိုလည်း

လှလှပပ သွင်းယူပေးခဲ့ပါတယ်။ စီနီယာကစားသမားတွေကသြဂုတ်လအစောပိုင်းထိ

လာရောက်ပူးပေါင်းဖို့ မရှိသေးတဲ့အတွက် အီလန်ဂါ အနေနဲ့ လာမယ့်

ခြေစမ်းပွဲစဥ်တွေမှာလည်း ဆက်လက်ပါဝင်ခွင့်ရပါလိမ့်မယ်။

Zawgyi

က်ဴပီအာနဲ႔ ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ရည္ျပသခဲ့တဲ့ လူငယ္ကစားသမား

အန္သိုနီ အီလန္ဂါဟာ (၂၀၂၁ ) အေစာပိုင္းကာလေတြမွာ ပုခုံးဒဏ္ရာေၾကာင့္

အနားယူေနခဲ့ရၿပီး စီနီယာအသင္းႀကီးနဲ႔ ကစားခြင့္ရဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္ ရာသီကုန္ဆုံခါနီးမွာ မန္ခ်က္စတာ ယူႏိုက္တက္က ပြဲက်ပ္ကာလ

ရင္ဆိုင္ခဲ့ရတဲ့အတြက္ လူငယ္‌ေတာင္ပံကစားသမားအေနနဲ႔ ထင္မွတ္မထားတဲ့

အခြင့္အေရး ရရွိခဲ့ပါတယ္။ လက္စတာ စီးတီးအသင္းနဲ႔ ခက္ခဲတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ

စတင္ပါဝင္ခြင့္ရခဲ့ၿပီး ရာသီေနာက္ဆုံးပိတ္ ဝုဗ္နဲ႔ ပြဲစဥ္မွာ သြင္းဂိုးရယူႏိုင္ခဲ့ပါတယ္။

ယခုလို ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ အီလန္ဂါဟာ ဆြီဒင္ ယူ-၂၁ အသင္းမွာပါ

ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ လူငယ္ကစားသမားဟာ စေနေန႔က Loftus Road မွာ

ကစားခဲ့တဲ့ ပြဲစဥ္ကို ရႈံးနိမ့္ခဲ့ေပမယ့္ ( ၄၅ ) မိနစ္အတြင္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ့တာေတြ႕ရပါတယ္။

အီလန္ဂါက ေဘာလုံးေပးပို႔မႈ ( ၈၈ ) ရာခိုင္ႏႈန္း တိက်ခဲ့ၿပီး ေဘာလုံးထိခ်က္

( ၃၁ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဂိုးကန္သြင္းမႈ ( ၃ ) ႀကိမ္ ျပဳလုပ္ခဲ့ၿပီး ( ၃ ) ႀကိမ္ စလုံး

ဂိုးေပါက္တည့္ခဲ့ပါတယ္။ အပိုင္းအခြင့္အ‌ေရး ( ၂ ) ႀကိမ္ ဖန္တီးေပးခဲ့ၿပီး

ျပစ္ဒဏ္ေဘာ ( ၂ ) ႀကိမ္ ရယူေပးခဲ့ပါတယ္။ ေနာက္ၿပီး ေခ်ပဂိုးတစ္ဂိုးကိုလည္း

လွလွပပ သြင္းယူေပးခဲ့ပါတယ္။ စီနီယာကစားသမားေတြကၾသဂုတ္လအေစာပိုင္းထိ

လာေရာက္ပူးေပါင္းဖို႔ မရွိေသးတဲ့အတြက္ အီလန္ဂါ အေနနဲ႔ လာမယ့္

ေျခစမ္းပြဲစဥ္ေတြမွာလည္း ဆက္လက္ပါဝင္ခြင့္ရပါလိမ့္မယ္။