Articles

စီရော်နယ်ဒို ဂျူဗီမှာဆက်ကစားမယ်လို့ ဒုတိယဥက္ကဋ္ဌနက်ဗက်အတည်ပြု


အသင်းကထွက်ခွာမယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ ယခုရာသီမှာ အသင်းမှာပဲဆက်ကစားသွားမှာဖြစ်ကြောင်း ဂျူဗင်တပ်ဒုတိယဥက္ကဋ္ဌ ပေဗယ်နက်ဗက်က အတည်ပြုပြောကြားလိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီကပ္ပတိန်ဟာ တူရင်အခြေစိုက်ကလပ်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်က


နောက်ဆုံးနှစ်ထဲရောက်ရှိလာပြီဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ဆုရှင် စီရော်နယ်ဒိုဟာ စိတ်ပျက်စရာကောင်းတဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီကို ရင်ဆိုင်ရပြီးတဲ့နောက် ဂျူဗင်တပ်ကိုစွန့်ခွာမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။


ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီက ဂျူဗီနဲ့စာချုပ် ၁ နှစ်သာကျန်တော့တဲ့ စီရော်နယ်ဒိုကို ခေါ်ယူဖို့ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း ဂျူဗီဒု-ဥက္ကဋ္ဌနက်ဗက်က စီရော်နယ်ဒိုဟာ လက်ရှိမှာ အားလပ်ရက်ခရီးထွက်နေပြီး လာမယ့်အပတ်စတင်မယ့် စီးရီးအေရာသီသစ်အတွက်


အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မတိုင်မီ တူရင်ကိုရောက်ရှိလာမယ်လို့ ဆိုပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေ ရောက်ရှိလာပြီးနောက် ဂျူဗင်တပ်ရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်လာပြီး လိဂ် ၉၇ ပွဲကစားကာ ၈၁ ဂိုးအထိ သွင်းယူထားတာပါ။


သူဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ ၃၃ ပွဲကစားကာ ၂၉ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရယူနိုင်ပေမယ့်လည်း စကူဒက်တိုဆုဖလားကို ကာကွယ်နိုင်ခွင့်ဆုံးရှုံးခဲ့သလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ တူရင်အခြေစိုက်ကလပ်ကနေ ထွက်ခွာဖို့ စဉ်းစားနေသလို


အသင်းတာဝန်ရှိသူတွေကလည်း အလွတ်ထွက်ခွာခွင့် မပြုရစေဖို့အတွက် သင့်တော်တဲ့ငွေကြေးတရပ်နဲ့ ကမ်းလှမ်းလာရင် လက်ခံသွားမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။ အဆိုပါ သတင်းတွေနဲ့ပတ်သက်ပြီး နက်ဗက်က ” ရော်နယ်ဒိုကို ဇူလိုင် ၂၆ ရက်ကျရင် သတင်းပို့ဖို့ ခေါ်ထားပြီးပါပြီ။


တနလာၤနေ့ကျရင် သူပြန်ရောက်လာမယ်။ နောက်တော့ အသင်းနဲ့ပြန်လည်ပူးပေါင်းပါလိမ့်မယ် ” လို့ ပြောပါတယ်။ ယမန်နှစ်ရာသီက စီးရီးအေမှာ အဆင့် ၄ နေရာနဲ့ ကျေနပ်ခဲ့ရတဲ့ ဂျူဗင်တပ်ဟာ ရာသီကြိုခြေစမ်းပွဲမှာ ဆီစီနာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပီယာလိုနဲ့လမ်းခွဲပြီး နည်းပြဟောင်း အယ်လီဂရီနဲ့ ပြန်လည်လက်တွဲမယ့် ဂျူဗီဟာ စီးရီးအေအဖွင့်ပွဲအဖြစ် သြဂုတ် ၂၂ ရက်ကျရင် အူဒီးနီးစ်နဲ့ အဝေးကွင်းကစားရမှာပါ။

(zawgyi)

အသင္းကထြက္ခြာမယ္လို႔ သတင္းထြက္ေနတဲ့ တိုက္စစ္မႉး စီေရာ္နယ္ဒိုအေနနဲ႔ ယခုရာသီမွာ အသင္းမွာပဲဆက္ကစားသြားမွာျဖစ္ေၾကာင္း ဂ်ဴဗင္တပ္ဒုတိယဥကၠ႒ ေပဗယ္နက္ဗက္က အတည္ျပဳေျပာၾကားလိုက္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီကပၸတိန္ဟာ တူရင္အေျခစိုက္ကလပ္နဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္က ေနာက္ဆုံးႏွစ္ထဲေရာက္ရွိလာၿပီျဖစ္ပါတယ္။ ကမာၻ႔အေကာင္းဆုံး ကစားသမားဆု ၅ ဆုရွင္ စီေရာ္နယ္ဒိုဟာ စိတ္ပ်က္စရာေကာင္းတဲ့ ၂၀၂၀-၂၁ ေဘာလုံးရာသီကို ရင္ဆိုင္ရၿပီးတဲ့ေနာက္ ဂ်ဴဗင္တပ္ကိုစြန႔္ခြာမယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚလာပါတယ္။ ျပင္သစ္ဘီလူးႀကီး ပီအက္စ္ဂ်ီက ဂ်ဴဗီနဲ႔စာခ်ဳပ္ ၁ ႏွစ္သာက်န္ေတာ့တဲ့ စီေရာ္နယ္ဒိုကို ေခၚယူဖို႔ႀကိဳးစားေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနပါတယ္။ ဒါေပမဲ့လည္း ဂ်ဴဗီဒု-ဥကၠ႒နက္ဗက္က စီေရာ္နယ္ဒိုဟာ လက္ရွိမွာ အားလပ္ရက္ခရီးထြက္ေနၿပီး လာမယ့္အပတ္စတင္မယ့္ စီးရီးေအရာသီသစ္အတြက္ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မတိုင္မီ တူရင္ကိုေရာက္ရွိလာမယ္လို႔ ဆိုပါတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၁၈ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကေန ေရာက္ရွိလာၿပီးေနာက္ ဂ်ဴဗင္တပ္ရဲ႕အဓိက ကစားသမားတစ္ေယာက္ျဖစ္လာၿပီး လိဂ္ ၉၇ ပြဲကစားကာ ၈၁ ဂိုးအထိ သြင္းယူထားတာပါ။ သူဟာ ၿပီးခဲ့တဲ့ရာသီက စီးရီးေအ ၃၃ ပြဲကစားကာ ၂၉ ဂိုးသြင္းၿပီး ေ႐ႊဖိနပ္ဆုရယူႏိုင္ေပမယ့္လည္း စကူဒက္တိုဆုဖလားကို ကာကြယ္ႏိုင္ခြင့္ဆုံးရႈံးခဲ့သလို ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကေန ထြက္ခြာခဲ့ရပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ တူရင္အေျခစိုက္ကလပ္ကေန ထြက္ခြာဖို႔ စဥ္းစားေနသလို အသင္းတာဝန္ရွိသူေတြကလည္း အလြတ္ထြက္ခြာခြင့္ မျပဳရေစဖို႔အတြက္ သင့္ေတာ္တဲ့ေငြေၾကးတရပ္နဲ႔ ကမ္းလွမ္းလာရင္ လက္ခံသြားမယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနတာပါ။ အဆိုပါ သတင္းေတြနဲ႔ပတ္သက္ၿပီး နက္ဗက္က ” ေရာ္နယ္ဒိုကို ဇူလိုင္ ၂၆ ရက္က်ရင္ သတင္းပို႔ဖို႔ ေခၚထားၿပီးပါၿပီ။ တနလာေနၤ့က်ရင္ သူျပန္ေရာက္လာမယ္။ ေနာက္ေတာ့ အသင္းနဲ႔ျပန္လည္ပူးေပါင္းပါလိမ့္မယ္ ” လို႔ ေျပာပါတယ္။ ယမန္ႏွစ္ရာသီက စီးရီးေအမွာ အဆင့္ ၄ ေနရာနဲ႔ ေက်နပ္ခဲ့ရတဲ့ ဂ်ဴဗင္တပ္ဟာ ရာသီႀကိဳေျခစမ္းပြဲမွာ ဆီစီနာကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ပီယာလိုနဲ႔လမ္းခြဲၿပီး နည္းျပေဟာင္း အယ္လီဂရီနဲ႔ ျပန္လည္လက္တြဲမယ့္ ဂ်ဴဗီဟာ စီးရီးေအအဖြင့္ပြဲအျဖစ္ ၾသဂုတ္ ၂၂ ရက္က်ရင္ အူဒီးနီးစ္နဲ႔ အေဝးကြင္းကစားရမွာပါ။