Articles

ရီးရဲလ်နောက်ခံလူဗာရာနီကို ပေါင် ၃၉ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်တော့မယ် မန်ယူ


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီသီတင်းပတ်အကုန်လောက်မှာ ရီးရဲလ်နောက်ခံလူဗာရာနီကို ပေါင် ၃၉ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ နှစ်သင်းကြားထပ်မံဆွေးနွေးမှုအရ ဈေးတည့်သွားပြီလို့ Le Parisian သတင်းစာက ဖေါ်ပြလိုက်တာပါ။


ပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရီးရဲလ်ကိုပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူကိုပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှုသစ်တွေရင်ဆိုင်ချင်တယ်လို့ အသက် ၂၈ နှစ်သားက ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ သူ့ရဲ့ ရီးရဲလ်နဲ့စာချုပ်သက်တမ်းက တစ်နှစ်သာကျန်တော့တာကြောင့်


မက်ဒရစ်အခြေစိုက်ကလပ်ဟာ ဆက်ထိန်းဖို့ အရဲစွန့်ရမယ့်အနေအထားပါ။ ရီးရဲလ်ဟာ ဗာရာနီရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၇၂ သန်းမျှော်လင့်ထားပေမယ့် Le Parisian သတင်းစာကတော့ နှစ်သင်းကြား ထပ်မံဆွေးနွေးမှုအရ ပေါင် ၃၉ သန်းနဲ့ဈေးတည့်သွားပြီလို့ ရေးသားထားပါတယ်။


ဒါ့အပြင် ပြင်သစ်သားရဲ့အပြောင်းအရွှေ့ဟာ ဒီသီတင်းပတ်အကုန်လောက်မှာ အပြီးသတ်မှာဖြစ်ပြီး မန်ယူနဲ့ ၄ နှစ် ဒါမှမဟုတ် ၅ နှစ် စာချုပ်လိမ့်မယ်လို့ဆိုပါတယ်။ ဒါသာ တကယ်ဖြစ်လာရင် ဗာရာနီဟာ ဒေါ့တ်မန်တောင်ပံလူဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ခေါ်ထားတဲ့


မန်ယူရဲ့ဒီနွေဈေးကွက် ဒုတိယမြောက်ကစားသမားခေါ်ယူမှု ဖြစ်လာမှာပါ။ ဆိုးလ်ရှားကတော့ အသင်းခေါင်းဆောင်မက်ဂွဲယားနဲ့အတူ ပြင်သစ်သားကို ခံစစ်ဗဟိုမှာတွဲဖက်စေချင်နေတယ်လို့ သိရပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီသီတင္းပတ္အကုန္ေလာက္မွာ ရီးရဲလ္ေနာက္ခံလူဗာရာနီကို ေပါင္ ၃၉ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ႏွစ္သင္းၾကားထပ္မံေဆြးေႏြးမႈအရ ေဈးတည့္သြားၿပီလို႔ Le Parisian သတင္းစာက ေဖၚျပလိုက္တာပါ။ ျပင္သစ္လက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ရီးရဲလ္ကိုျပန္ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူကိုေျပာင္းေ႐ႊ႕ၿပီး ပရီးမီးယားလိဂ္မွာ စိန္ေခၚမႈသစ္ေတြရင္ဆိုင္ခ်င္တယ္လို႔ အသက္ ၂၈ ႏွစ္သားက ရွင္းရွင္းလင္းလင္းေျပာထားပါတယ္။ သူ႔ရဲ႕ ရီးရဲလ္နဲ႔စာခ်ဳပ္သက္တမ္းက တစ္ႏွစ္သာက်န္ေတာ့တာေၾကာင့္ မက္ဒရစ္အေျခစိုက္ကလပ္ဟာ ဆက္ထိန္းဖို႔ အရဲစြန႔္ရမယ့္အေနအထားပါ။ ရီးရဲလ္ဟာ ဗာရာနီရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၇၂ သန္းေမွ်ာ္လင့္ထားေပမယ့္ Le Parisian သတင္းစာကေတာ့ ႏွစ္သင္းၾကား ထပ္မံေဆြးေႏြးမႈအရ ေပါင္ ၃၉ သန္းနဲ႔ေဈးတည့္သြားၿပီလို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ ျပင္သစ္သားရဲ႕အေျပာင္းအေ႐ႊ႕ဟာ ဒီသီတင္းပတ္အကုန္ေလာက္မွာ အၿပီးသတ္မွာျဖစ္ၿပီး မန္ယူနဲ႔ ၄ ႏွစ္ ဒါမွမဟုတ္ ၅ ႏွစ္ စာခ်ဳပ္လိမ့္မယ္လို႔ဆိုပါတယ္။ ဒါသာ တကယ္ျဖစ္လာရင္ ဗာရာနီဟာ ေဒါ့တ္မန္ေတာင္ပံလူဆန္ခ်ိဳကို ေပါင္ ၇၃ သန္းနဲ႔ေခၚထားတဲ့ မန္ယူရဲ႕ဒီေႏြေဈးကြက္ ဒုတိယေျမာက္ကစားသမားေခၚယူမႈ ျဖစ္လာမွာပါ။ ဆိုးလ္ရွားကေတာ့ အသင္းေခါင္းေဆာင္မက္ဂြဲယားနဲ႔အတူ ျပင္သစ္သားကို ခံစစ္ဗဟိုမွာတြဲဖက္ေစခ်င္ေနတယ္လို႔ သိရပါတယ္။