Unicode Version
ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကို မကြာခင်မှာပဲ ရောက်ရှိလာတော့မယ့် နောက်ခံကစားသမားသစ် ဗာရန်းကို ကြိုဆိုလိုက်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ဗာရန်းရဲ့ ပြောင်းရွေ့ကြေးနဲ့ပတ်သက်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ ယမန်နေ့က သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ အင်္ဂါနေ့မှာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်များကို ပြန်လည်ပူးပေါင်းလာပြီး အသင်းဖော်အသစ်တွေနဲ့အတူ ကစားရမယ့်
အပေါ် ပျော်ရွှင်နေပုံရပါတယ်။ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်း + အပိုဆုကြေး ပေးချေခဲ့ရပါတယ်။
ဖာနန်ဒက်စ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် “ အသင်းဖော်တွေနဲ့အတူပြန်လည်တွေ့ဆုံခွင့်ရပြီး ကောင်းမွန်တဲ့ စတင်မှုဖြစ်ခဲ့ပါတယ်။ နောက်ပြီး နေ့တစ်နေ့ကို အဆုံးသတ်ဖို့ ဒါက အကောင်းဆုံးနည်းပါပဲ ၊ကြိုဆိုပါတယ် ရာဖေးလ် ဗာရန်း။” ဆိုပြီး ရေးသားထားပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့အတွက် ဗာရန်းကိုခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗာရန်းကို ၄နှစ် + ၁နှစ် ထပ်မံ သက်တမ်း တိုးနိုင်မယ့် စာချုပ်တရပ်ကို ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ ဗာရန်းဟာ အပြောင်းအရွေ့ အပြီးသတ်နိုင်ဖို့ ဆောင်ရွက်နေပြီး မန်ချက်စတာ မြို့ကို သွားရောက်ကာ ဆေးစစ်ချက်ရယူဖို့ လိုအပ်နေပါသေးတယ်။
ဒါပေမယ့် ကွာရန်တင်းဝင်ဖို့ လိုအပ်နိုင်တာကြောင့်အသင်းဖော်အသစ်တွေနဲ့ လာမယ့် အပတ်မှသာ ပူးပေါင်းနိုင်ဖွယ်ရှိပါတယ်။ဒါကြောင့် ဗာရန်းအနေနဲ့ ဘရတ်ဖို့ဒ်နဲ့ ခြေစမ်းပွဲစဉ်မှာ အံ့အားသင့်ဖွယ်ပါဝင်လာမှာ မဟုတ်ပါဘူး။
Zawgyi Version
ယူနိုက္တက္ ကြင္းလယ္ကစားသမား ဘ႐ူနို ဖာနန္ဒက္စ္ကေတာ့ ယူနိုက္တက္ကို မၾကာခင္မွာပဲ ေရာက္ရွိလာေတာ့မယ့္ ေနာက္ခံကစားသမားသစ္ ဗာရန္းကို ႀကိဳဆိုလိုက္ပါတယ္။ လက္ရွိအခ်ိန္မွာ ယူနိုက္တက္ဟာ ဗာရန္းရဲ႕ ေျပာင္းေ႐ြ႕ေၾကးနဲ႕ပတ္သက္ၿပီး ရီးရဲမက္ဒရစ္အသင္းနဲ႕ ယမန္ေန႕က သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္ဟာ အဂၤါေန႕မွာ အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မ်ားကို ျပန္လည္ပူးေပါင္းလာၿပီး အသင္းေဖာ္အသစ္ေတြနဲ႕အတူ ကစားရမယ့္
အေပၚ ေပ်ာ္႐ႊင္ေနပုံရပါတယ္။ယူနိုက္တက္အသင္းဟာ ဗာရန္းအတြက္ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၄သန္း + အပိုဆုေၾကး ေပးေခ်ခဲ့ရပါတယ္။
ဖာနန္ဒက္စ္က သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန တဆင့္ “ အသင္းေဖာ္ေတြနဲ႕အတူျပန္လည္ေတြ႕ဆုံခြင့္ရၿပီး ေကာင္းမြန္တဲ့ စတင္မႈျဖစ္ခဲ့ပါတယ္။ ေနာက္ၿပီး ေန႕တစ္ေန႕ကို အဆုံးသတ္ဖို႔ ဒါက အေကာင္းဆုံးနည္းပါပဲ ၊ႀကိဳဆိုပါတယ္ ရာေဖးလ္ ဗာရန္း။” ဆိုၿပီး ေရးသားထားပါတယ္။
ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ေနာက္ခံလူ မက္ဂြိုင္းယားနဲ႕ တြဲဖက္ကစားဖို႔အတြက္ ဗာရန္းကိုေခၚယူဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဗာရန္းကို ၄ႏွစ္ + ၁ႏွစ္ ထပ္မံ သက္တမ္း တိုးနိုင္မယ့္ စာခ်ဳပ္တရပ္ကို ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရယူနိုင္ခဲ့တာပါ။
လက္ရွိအခ်ိန္မွာ ဗာရန္းဟာ အေျပာင္းအေ႐ြ႕ အၿပီးသတ္နိုင္ဖို႔ ေဆာင္႐ြက္ေနၿပီး မန္ခ်က္စတာ ၿမိဳ႕ကို သြားေရာက္ကာ ေဆးစစ္ခ်က္ရယူဖို႔ လိုအပ္ေနပါေသးတယ္။
ဒါေပမယ့္ ကြာရန္တင္းဝင္ဖို႔ လိုအပ္နိုင္တာေၾကာင့္အသင္းေဖာ္အသစ္ေတြနဲ႕ လာမယ့္ အပတ္မွသာ ပူးေပါင္းနိုင္ဖြယ္ရွိပါတယ္။ဒါေၾကာင့္ ဗာရန္းအေနနဲ႕ ဘရတ္ဖို႔ဒ္နဲ႕ ေျခစမ္းပြဲစဥ္မွာ အံ့အားသင့္ဖြယ္ပါဝင္လာမွာ မဟုတ္ပါဘူး။