Spots news

ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာအမြင့်ဆုံး နောက်ခံလူဖြစ်လာခဲ့တဲ့ ဗာရန်း

Unicode Version

ယူနိုက်တက် ဟာ ရီးရဲမက်ဒရစ် ရဲ့ ပြင်သစ် နောက်ခံလူ ရာဖေး ဗာရန်း ကို ပေါင် ၄၃ သန်းဝန်းကျင် နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း ယမန်နေ့ ညက တရားဝင် ကြေညာ သွားခဲ့ ပါတယ် ။ ဗာရန်းဟာ ယခု အပတ် အကုန် ( သို့ ) လာမယ့် အပတ်ထဲမှာ အိုးထရက်ဖိုဒ့် ကို ရောက်လာပြီး ဆေးစစ်မှု ပြုလုပ်မှာ ဖြစ်ပါတယ် ။

ရီးရဲ မက်ဒရစ်အသင်းဟာ ဟာ ဒီနှစ် နွေရာသီမှာ အသင်းရဲ့ ဈေးကြီးတဲ့ ထိပ်တန်း ပစ်မှတ် တစ်ခု ဖြစ်တဲ့ PSG တိုက်စစ်မှူး ဘာပေ ကို ခေါ်ယူဖို့ အတွက် လိုအပ်တဲ့ ပြောင်းရွှေ့ကြေး ရရှိဖို့ အတွက် စာချုပ် ၁ နှစ်သာ ကျန်တော့တဲ့ ဗာရန်း ကို ဈေးကောင်းရချိန်မှာ ရောင်းထုတ် လိုက်တာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်း ဟာ ရီးရဲမက်ဒရစ် အသင်းနဲ့အတူ ဆယ်စုနှစ် တစ်ခုအကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အပါအဝင် လာလီဂါ ဖလား နဲ့ ကိုပါဒယ်ရေး ဖလားတွေကို ရယူနိုင်ခဲ့ ပါတယ်။

ဗာရန်း ဟာ ရီးရဲမက်ဒရစ် မှာ တစ်ပတ်ကို ပေါင် ၁ သိန်းခွဲ ရရှိသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် မှာတော့ တစ်ပတ်ကို လုပ်ခ ပေါင် ၂ သိန်း ၁ သောင်း ရရှိမယ်လို့ သိရ ပါတယ် ။

ဒါဟာ ဒီဂီယာ နဲ့ ပေါ့ဘာ တို့ပြီးရင် ယူနိုက်တက် ရဲ့ တတိယ လုပ်ခ အများဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပြီး ကာဗာနီ ထက် အနည်းငယ် ပိုမို ရရှိမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

ဒါ့အပြင် ဗာရန်း ရဲ့ လုပ်ခ ဟာ လက်ရှိ ပရီးမီးယားလိဂ် နောက်ခံလူတွေ ထဲမှာ အမြင့်ဆုံး လုပ်ခ ဖြစ်လာမှာ ဖြစ်ပြီး ယခင်က နံပါတ် ၁ နေရာကို ရယူ ထားတဲ့ ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကို ကျော်ဖြတ် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

Zawgyi Version

ယူနိုက္တက္ ဟာ ရီးရဲမက္ဒရစ္ ရဲ႕ ျပင္သစ္ ေနာက္ခံလူ ရာေဖး ဗာရန္း ကို ေပါင္ ၄၃ သန္းဝန္းက်င္ နဲ႕ ေခၚယူ နိုင္ခဲ့ေၾကာင္း ယမန္ေန႕ ညက တရားဝင္ ေၾကညာ သြားခဲ့ ပါတယ္ ။ ဗာရန္းဟာ ယခု အပတ္ အကုန္ ( သို႔ ) လာမယ့္ အပတ္ထဲမွာ အိုးထရက္ဖိုဒ့္ ကို ေရာက္လာၿပီး ေဆးစစ္မႈ ျပဳလုပ္မွာ ျဖစ္ပါတယ္ ။

ရီးရဲ မက္ဒရစ္အသင္းဟာ ဟာ ဒီႏွစ္ ေႏြရာသီမွာ အသင္းရဲ႕ ေဈးႀကီးတဲ့ ထိပ္တန္း ပစ္မွတ္ တစ္ခု ျဖစ္တဲ့ PSG တိုက္စစ္မႉး ဘာေပ ကို ေခၚယူဖို႔ အတြက္ လိုအပ္တဲ့ ေျပာင္းေ႐ႊ႕ေၾကး ရရွိဖို႔ အတြက္ စာခ်ဳပ္ ၁ ႏွစ္သာ က်န္ေတာ့တဲ့ ဗာရန္း ကို ေဈးေကာင္းရခ်ိန္မွာ ေရာင္းထုတ္ လိုက္တာ ျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္း ဟာ ရီးရဲမက္ဒရစ္ အသင္းနဲ႕အတူ ဆယ္စုႏွစ္ တစ္ခုအၾကာ ျဖတ္သန္းခဲ့သူ ျဖစ္ၿပီး အသင္းနဲ႕အတူ ခ်န္ပီယံလိဂ္ ဖလား ၄ ႀကိမ္ အပါအဝင္ လာလီဂါ ဖလား နဲ႕ ကိုပါဒယ္ေရး ဖလားေတြကို ရယူနိုင္ခဲ့ ပါတယ္။

ဗာရန္း ဟာ ရီးရဲမက္ဒရစ္ မွာ တစ္ပတ္ကို ေပါင္ ၁ သိန္းခြဲ ရရွိသူ ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္ မွာေတာ့ တစ္ပတ္ကို လုပ္ခ ေပါင္ ၂ သိန္း ၁ ေသာင္း ရရွိမယ္လို႔ သိရ ပါတယ္ ။

ဒါဟာ ဒီဂီယာ နဲ႕ ေပါ့ဘာ တို႔ၿပီးရင္ ယူနိုက္တက္ ရဲ႕ တတိယ လုပ္ခ အမ်ားဆုံး ကစားသမား ျဖစ္လာမွာ ျဖစ္ၿပီး ကာဗာနီ ထက္ အနည္းငယ္ ပိုမို ရရွိမွာ ျဖစ္တယ္လို႔ သိရ ပါတယ္ ။

ဒါ့အျပင္ ဗာရန္း ရဲ႕ လုပ္ခ ဟာ လက္ရွိ ပရီးမီးယားလိဂ္ ေနာက္ခံလူေတြ ထဲမွာ အျမင့္ဆုံး လုပ္ခ ျဖစ္လာမွာ ျဖစ္ၿပီး ယခင္က နံပါတ္ ၁ ေနရာကို ရယူ ထားတဲ့ ယူနိုက္တက္ ခံစစ္မႉး ဟယ္ရီ မက္ဂြိုင္းယား ကို ေက်ာ္ျဖတ္ သြားခဲ့တာပဲ ျဖစ္ပါတယ္ ။