Spots news

ကစားသမား ၄ ဦး ကို အရောင်းစာရင်းတင်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းက‌‌ တော့ အသင်းမှ ခေါ်ယူ ရရှိနိုင်တဲ့ ကစားသမားစာရင်း ကို ထုတ်ပြန် လိုက်ပါတယ်။ အဆိုပါ စာရင်း မှာ ပူပူနွေးနွေး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားတဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီ လင်ဂတ် ပါဝင်လာ ခဲ့ပါတယ်။ ကစားသမား ၄ ဦး စာရင်း ထုတ်ပြန် ခဲ့ရာမှာ နောက်ခံလူ ရိုဟို ၊ ဖီးလ်ဂျုံးစ် ၊ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ် နဲ့ ဂိုးသမား ရိုမဲရိုးတို့ပဲ ဖြစ်ကြပါတယ်။

ကစားသမား လေးဦးစလုံးဟာ ယခုဘောလုံးရာသီမှာ အသင်းနဲ့ တစ်ပွဲမှ ပါဝင် ကစားခွင့် မရရှိ‌ သေးကြပါဘူး။ ဖီးလ်ဂျုံးစ် ၊ ရိုဟို နဲ့ ရိုမဲရိုး တို့ဟာ ကာလရှည် မိမိ နိုင်ငံအသီးသီး သို့ ပြန်‌ကာ ခွင့်ရက်ရှည် ရယူထားသူများ ဖြစ်ပါတယ်။ ဂျက်ဆီလင်ဂတ် တစ်ဦးတည်းသာ အသင်းနဲ့ လေ့ကျင့်ရေး ဆင်းနေသူ ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အသင်းနဲ့ စာချုပ်သက်တန်း တိုးထားသူပါ။ ဖီးလ်ဂျုံးဟာ ဆာအဲလက်စ် ထားရှိခဲ့တဲ့ မျိုးဆက်ထဲမှ တစ်ယောက်ဖြစ်ပြီး သူသာ ပြောင်းရွေ့သွားခဲ့ လျှင် ဒေးဗစ်ဒီဂီယာ တစ်ဦးသာ ဆာအဲလက်စ်ရဲ့ မျိုးဆက် အဖြစ် ကျန်ရှိတော့မှာပါ။

ရိုဟို ဟာလဲ ကာလရှည်ဒဏ်ရာ ပြသနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲထွက်ခွင့် မရရှိခဲ့တာလဲ ကြာခဲ့ပါပြီ။ အကယ် ဒမီ ထွက် လူငယ် ဂိုးသမား ဟန်ဒါဆန် ပြန်လည် ရောက်ရှိ လာပြီး နောက်ပိုင်း အာဂျင်  တိုင်းသား ဆာဂျီယို ရိုမီယို ကို ယူနိုက်တက် လူစာရင်း မှာရော ထရိန်နင် တွေမှာ ပါ မမြင်တွေ့  ရတာ တော်တော် လေး ကြာခဲ့ပြီ ပဲ ဖြစ်ပါတယ် ။ အခုအချိန်မှာ ဂိုးသမားရိုမဲရိုးကို အရောင်းစာရင်းတင်လိုက်ပြီဖြစ်လို့ ကစားသမား အတွက်ရော အသင်းအတွက်ပါ အကျိုးရှိနိုင်မှာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမား ၄ဦးထဲ ကနေ ၃ဦးခန့်ကို ရောင်းချ သွားနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ လက်ရှိမှာ တခြားအသင်း တစ်သင်းထံ ပြောင်းရွှေ့ဖို့ အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေကြတဲ့ ကစားသမားတွေ ကတော့ လင်ဂတ် ၊ ရိုမဲရိုးနဲ့ ဖီးလ်ဂျုံးစ် တို့ပဲ ဖြစ်ပါတယ်။

ရိုမဲရိုး နဲ့ ဖီးလ်ဂျုံးစ်တို့ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွေ့မယ့် ကစားသမားတွေ ဖြစ်ပေမယ့် ရိုမဲရိုးကို ခေါ်ယူဖို့ အတွက် ဘရိုက်တန် ကမ်းလှမ်းတော့မှာ ဖြစ်ပြီး နယူးကာဆယ် အသင်းကလည်း ဖီးလ်ဂျုံးစ်ကို ခေါ်ယူချင် နေပါတယ်။ လင်ဂတ်ကို ပြောင်းရွှေ့ကြေးကို ယူနိုက်တက်က ပေါင် ၁၀သန်း သတ်မှတ် ထားပြီး စီးရီးအေ ကလပ်အသင်း တစ်ခုခုကို ရောက်ရှိ နိုင်ပါတယ်။The Athletic သတင်း ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ကစားသမား ၃ဦး အတွက် ပေါင် ၁၅ သန်းခန့် မျှော်လင့်နေပါတယ်။

Zawgyi Version

ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ကာလမွာ ပရီးမီးယားလိဂ္ ထိပ္သီး မန္ခ်က္စတာ ယူနိုက္တက္ အသင္းက‌‌ ေတာ့ အသင္းမွ ေခၚယူရရွိနိုင္တဲ့ ကစားသမားစာရင္းကို ထုတ္ျပန္လိုက္ပါတယ္။ အဆိုပါ စာရင္း မွာ ပူပူေႏြးေႏြး အသင္းနဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့ ကြင္းလယ္ကစားသမား ဂ်က္ဆီ လင္ဂတ္ ပါဝင္လာခဲ့ပါတယ္။ ကစားသမား ၄ဦးစာရင္းထုတ္ျပန္ ခဲ့ရာမွာ ေနာက္ခံလူ ရိုဟို ၊ ဖီးလ္ဂ်ဳံးစ္ ၊ အဂၤလန္ ကြင္းလယ္တိုက္စစ္ ကစားသမား လင္ဂတ္နဲ႕ ဂိုးသမား ရိုမဲရိုးတို႔ပဲ ျဖစ္ၾကပါတယ္။

ကစားသမား ေလးဦးစလုံးဟာ ယခုေဘာလုံးရာသီမွာ အသင္းနဲ႕ တစ္ပြဲမွ ပါဝင္ကစားခြင့္ မရရွိ‌ ေသးၾကပါဘူး။ ဖီးလ္ဂ်ဳံးစ္ ၊ ရိုဟို နဲ႕ ရိုမဲရိုး တို႔ဟာ ကာလရွည္ မိမိ နိုင္ငံအသီးသီး သို႔ျပန္‌ကာ ခြင့္ရက္ရွည္ ရယူထားသူမ်ား ျဖစ္ပါတယ္။ ဂ်က္ဆီလင္ဂတ္ တစ္ဦးတည္းသာ အသင္းနဲ႕ ေလ့က်င့္ေရး ဆင္းေနသူ ျဖစ္ၿပီး လြန္ခဲ့တဲ့ ရက္ပိုင္းကပဲ အသင္းနဲ႕ စာခ်ဳပ္သက္တန္း တိုးထားသူပါ။ ဖီးလ္ဂ်ဳံးဟာ ဆာအဲလက္စ္ ထားရွိခဲ့တဲ့ မ်ိဳးဆက္ထဲမွ တစ္ေယာက္ျဖစ္ၿပီး သူသာ ေျပာင္းေ႐ြ႕သြားခဲ့ လွ်င္ ေဒးဗစ္ဒီဂီယာ တစ္ဦးသာ ဆာအဲလက္စ္ရဲ႕ မ်ိဳးဆက္ အျဖစ္ က်န္ရွိေတာ့မွာပါ။

ရိုဟိုဟာလဲ ကာလရွည္ဒဏ္ရာ ျပသနာနဲ႕ ရင္ဆိုင္ခဲ့ရၿပီး ပြဲထြက္ခြင့္ မရရွိခဲ့တာလဲ ၾကာခဲ့ပါၿပီ။
အကယ္ ဒမီ ထြက္ လူငယ္ ဂိုးသမား ဟန္ဒါဆန္ ျပန္လည္ ေရာက္ရွိ လာၿပီး ေနာက္ပိုင္း အာဂ်င္  တိုင္းသား ဆာဂ်ီယို ရိုမီယို ကို ယူနိုက္တက္ လူစာရင္း မွာေရာ ထရိန္နင္ ေတြမွာ ပါ မျမင္ေတြ႕  ရတာ ေတာ္ေတာ္ ေလး ၾကာခဲ့ ၿပီ ပဲ ျဖစ္ ပါတယ္ ။ အခုအခ်ိန္မွာ ဂိုးသမားရိုမဲရိုးကို အေရာင္းစာရင္းတင္လိုက္ၿပီျဖစ္လို႔ ကစားသမား အတြက္ေရာ အသင္းအတြက္ပါ အက်ိဳးရွိနိုင္မွာပါ။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ကစားသမား ၄ဦးထဲ ကေန ၃ဦးခန႔္ကို ေရာင္းခ် သြားနိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။ လက္ရွိမွာ တျခားအသင္း တစ္သင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အတြက္ အေျခအေန အေကာင္းဆုံး ျဖစ္ေနၾကတဲ့ ကစားသမားေတြ ကေတာ့ လင္ဂတ္ ၊ ရိုမဲရိုးနဲ႕ ဖီးလ္ဂ်ဳံးစ္ တို႔ပဲ ျဖစ္ပါတယ္။

ရိုမဲရိုး နဲ႕ ဖီးလ္ဂ်ဳံးစ္တို႔ဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ အလြတ္ ေျပာင္းေ႐ြ႕မယ့္ ကစားသမားေတြ ျဖစ္ေပမယ့္ ရိုမဲရိုးကို ေခၚယူဖို႔ အတြက္ ဘရိုက္တန္ ကမ္းလွမ္းေတာ့မွာ ျဖစ္ၿပီး နယူးကာဆယ္ အသင္းကလည္း ဖီးလ္ဂ်ဳံးစ္ကို ေခၚယူခ်င္ ေနပါတယ္။ လင္ဂတ္ကို ေျပာင္းေ႐ႊ႕ေၾကးကို ယူနိုက္တက္က ေပါင္ ၁၀သန္း သတ္မွတ္ ထားၿပီး စီးရီးေအ ကလပ္အသင္း တစ္ခုခုကို ေရာက္ရွိ နိုင္ပါတယ္။The Athletic သတင္း ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အဆိုပါ ကစားသမား ၃ဦး အတြက္ ေပါင္ ၁၅ သန္းခန႔္ ေမွ်ာ္လင့္ေနပါတယ္။