Spots news

ရီးရဲလ်လိုချင်နေတဲ့ ရစ်ချာလီဆန်ကို ပြောင်းရွေ့ကြေး သတ်မှတ်လိုက်တဲ့ အဲဗာတန်

Unicode Version

အဲဗာတန်အသင်းဟာ အသင်းရဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေအတွက် ရစ်ချာလီဆန်ရဲ့ ပြောင်းရွေ့ကြေးကို ပေါင်သန်း ၉၀ အထိ သတ်မှတ်ထားကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒီယာများက ဖော်ပြသွားပါတယ်။

ရစ်ချာလီဆန်ဟာ မကြာသေးမီက ဘရာဇီးအသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခဲ့သလို အခုလက်ရှိမှာလည်း ဘရာဇီးအိုလံပစ်အသင်းနဲ့အတူ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ပါဝင်ကစားနေပြီး ဂျာမနီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိုလံပစ် အုပ်စုအဆင့်ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းဂိုးတွေကိုပါ သွင်းယူပြခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်သာ ရှိသေးပြီး‌ ခြေစွမ်းကောင်းတွေ ပြ‌သနေတဲ့ အဲဗာတန် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို သူနဲ့အတူ အဲဗာတန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း အန်စလော့တီက သူရဲ့အသင်းသစ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ခေါ်ယူသွားချင်နေပါတယ်။

သို့ပေမယ့် ရစ်ချာလီဆန်လို အဓိက ကစားသမားတစ်ယောက်ကိုတော့ အဲဗာတန်အသင်းက လွယ်လွယ်ကူကူ လက်လွတ်မသွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ လောက်အထိ အလိုရှိနေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေပေမယ့် ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် ဒီနွေရာသီ အပြောင်းအရွေ့မှာ ရစ်ချာလီဆန်ကို ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းဖို့ဆိုတာ ခက်ခဲဖွယ်ရာရှိပါတယ်။

ရစ်ချာလီဆန်ဟာ ဝက်ဖိုဒ့်အသင်းကနေ အဲဗာတန်အသင်းဆီကို ပေါင် ၃၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ ၃ ခုအထိ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၄၂ ဂိုးအထိ သွင်းယူထားသူဖြစ်ပါတယ်။ အသင်းနဲ့လည်း ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Zawgyi Version

အဲဗာတန္အသင္းဟာ အသင္းရဲ႕ ဘရာဇီးလက္ေ႐ြးစင္ တိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနၾကတဲ့ ကလပ္အသင္းေတြအတြက္ ရစ္ခ်ာလီဆန္ရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို ေပါင္သန္း(၉၀)အထိ သတ္မွတ္ထားေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းမီဒီယာမ်ားက ေဖာ္ျပသြားပါတယ္။

ရစ္ခ်ာလီဆန္ဟာ မၾကာေသးမီက ဘရာဇီးအသင္းနဲ႕အတူ ကိုပါအေမရိကၿပိဳင္ပြဲကို ဝင္ေရာက္ဆင္ႏြဲခဲ့သလို အခုလက္ရွိမွာလည္း ဘရာဇီးအိုလံပစ္အသင္းနဲ႕အတူ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲကို ပါဝင္ကစားေနၿပီး ဂ်ာမနီအသင္းနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ အိုလံပစ္ အုပ္စုအဆင့္ပြဲမွာ အသင္းအတြက္ ဟက္ထရစ္သြင္းဂိုးေတြကိုပါ သြင္းယူျပခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး‌ ေျခစြမ္းေကာင္းေတြ ျပ‌သေနတဲ့ အဲဗာတန္ တိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ကို သူနဲ႕အတူ အဲဗာတန္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပေဟာင္း အန္စေလာ့တီက သူရဲ႕အသင္းသစ္ ရီးရဲလ္မက္ဒရစ္အသင္းဆီ ေခၚယူသြားခ်င္ေနပါတယ္။

သို႔ေပမယ့္ ရစ္ခ်ာလီဆန္လို အဓိက ကစားသမားတစ္ေယာက္ကိုေတာ့ အဲဗာတန္အသင္းက လြယ္လြယ္ကူကူ လက္လြတ္မသြားခ်င္ပဲ အသင္းမွာသာ ဆက္လက္ထိန္းသိမ္းထားခ်င္ေနၿပီး ေရာင္းခ်ရမယ္ဆိုရင္လည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၉၀ ေလာက္အထိ အလိုရွိေနေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ ရစ္ခ်ာလီဆန္ကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္အသင္းက စိတ္ဝင္စားေနေပမယ့္ ရီးရဲလ္ မက္ဒရစ္အသင္းဟာ ဘ႑ာေရးအခက္အခဲေၾကာင့္ ဒီေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ရစ္ခ်ာလီဆန္ကို ေပါင္သန္း ၉၀ နဲ႕ ကမ္းလွမ္းဖို႔ဆိုတာ ခက္ခဲဖြယ္ရာရွိပါတယ္။

ရစ္ခ်ာလီဆန္ဟာ ဝက္ဖိုဒ့္အသင္းကေန အဲဗာတန္အသင္းဆီကို ေပါင္ ၃၅ သန္းနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းနဲ႕အတူ ေဘာလုံးရာသီ ၃ ခုအထိ ျဖတ္သန္းခဲ့ၿပီး ၿပိဳင္ပြဲစုံသြင္းဂိုး ၄၂ ဂိုးအထိ သြင္းယူထားသူျဖစ္ပါတယ္။ အသင္းနဲ႕လည္း ၂၀၂၄ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးသူပါ။