
ဘာစီလိုနာတိုက်စစ်မှာ မက်ဆီ၊ အဂူရိုတို့နဲ့ သူကိုယ်တိုင်တွဲဖက်ကစားနိုင်စွမ်းရှိကြောင်း ဒီပေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူတို့ ၃ ယောက်တိုက်စစ်အတွဲဟာ ပြီးပြည့်စုံပြီး ကွဲပြားခြားနားတဲ့ပုံစံ ဖြစ်လာလိမ့်မယ်လို့လည်း ဘာစီလိုနာတိုက်စစ်မှူးသစ်က ယုံကြည်ထားပါတယ်။

အသက် ၂၇ နှစ်အရွယ် နယ်သာလန်သားဟာ ပြင်သစ်ကလပ်လိုင်ယွန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကို ရောက်ရှိလာခဲ့သူပါ။ အဂူရိုကလည်း ဒီပေးမတိုင်ခင် မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နူးကမ့်ရောက်လာခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ပုံရိပ်ကစားသမားဖြစ်တဲ့ မက်ဆီကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးပါဘူး။ ဇွန်လအကုန်မှာ အသင်းနဲ့စာချုပ်ပြည့်သွားခဲ့တဲ့ အာဂျင်တီးနားသားကို ဆက်ထိန်းနိုင်ဖို့ ဘာစီလိုနာကတော့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။

ဒါပေမဲ့ ဒီပေးကတော့ အာဂျင်တိုင်းညီနောင်နဲ့ တွဲဖက်ကစားနိုင်ဖို့ မျှော်လင့်နေသလို သူတို့ ၃ ယောက်ပေါင်းလိုက်ရင် မတူညီတဲ့တိုက်စစ်ဟန်တစ်ခု ထွက်လာလိမ့်မယ်လို့ဆိုပါတယ်။ “ မက်ဆီနဲ့တွဲကစားရမှာက တကယ့်ကို မယုံနိုင်စရာဖြစ်လာပါလိမ့်မယ်။ ဒါ ဖြစ်လာလိမ့်မယ်လို့လည်း အပြည့်အဝယုံကြည်ထားပါတယ်။

အသင်းမှာလိုအပ်တဲ့အရည်အသွေးတွေ သူ့မှာအများကြီးရှိပါတယ်။ ဒါဟာ အရာအားလုံးအတွက် အရေးကြီးတဲ့တည်ဆောက်မှုဖြစ်ပါလိမ့်မယ်။ ပြီးတော့ အသင်းမှာ အရည်အသွေးပြည့်ဝသူတွေ အများကြီးရှိနေပါသေးတယ်။ မက်ဆီနဲ့တွဲကစားခွင့်ရပြီး ဆုဖလားတွေရယူနိုင်ရင်တော့ ကျွန်တော့်အတွက် ထူးခြားမှုဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့မှာ တိုက်စစ်သမားတွေ အများကြီးရှိပေမယ့် အားလုံးဟာ ကွဲပြားတဲ့ပုံစံရှိနေတယ်လို့ထင်ပါတယ်။ ကျွန်တော်၊ မက်ဆီနဲ့ အဂူရိုသာတွဲကစားလိုက်ရင် ပြီးပြည့်စုံပြီး ခြားနားတဲ့ပုံစံတစ်ခု မြင်ရလိမ့်မယ်ထင်ပါတယ် ” လို့ ဒီပေးက စပိန်သတင်းစာ Sport ကို ဖွင့်ဟလိုက်ပါတယ်။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ နယ်သာလန်လက်ရွေးစင်အသင်းကို တာဝန်ယူချိန်တုန်းက ဒီပေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နွေဈေးကွက်ကတည်းက ခေါ်ဖို့ကြိုးစားခဲ့တာပါ။ ဒါဟာ သူ့ရဲ့နူးကမ့်စာမျက်နှာသစ်မှာ အမြန်ဆုံးအထိုင်ကျဖို့ အကူအညီဖြစ်စေလိမ့်မယ်လို့လည်း မန်ယူတောင်ပံလူဟောင်းက ယုံကြည်နေပါတယ်။
(zawgyi)
ဘာစီလိုနာတိုက္စစ္မွာ မက္ဆီ၊ အဂူ႐ိုတို႔နဲ႔ သူကိုယ္တိုင္တြဲဖက္ကစားႏိုင္စြမ္းရွိေၾကာင္း ဒီေပးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ သူတို႔ ၃ ေယာက္တိုက္စစ္အတြဲဟာ ၿပီးျပည့္စုံၿပီး ကြဲျပားျခားနားတဲ့ပုံစံ ျဖစ္လာလိမ့္မယ္လို႔လည္း ဘာစီလိုနာတိုက္စစ္မႉးသစ္က ယုံၾကည္ထားပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ နယ္သာလန္သားဟာ ျပင္သစ္ကလပ္လိုင္ယြန္ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာစီလိုနာကို ေရာက္ရွိလာခဲ့သူပါ။ အဂူ႐ိုကလည္း ဒီေပးမတိုင္ခင္ မန္စီးတီးကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ႏူးကမ့္ေရာက္လာခဲ့သူျဖစ္ပါတယ္။ ဘာစီလိုနာရဲ႕ပုံရိပ္ကစားသမားျဖစ္တဲ့ မက္ဆီကေတာ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရေသးပါဘူး။ ဇြန္လအကုန္မွာ အသင္းနဲ႔စာခ်ဳပ္ျပည့္သြားခဲ့တဲ့ အာဂ်င္တီးနားသားကို ဆက္ထိန္းႏိုင္ဖို႔ ဘာစီလိုနာကေတာ့ ေဆြးေႏြးမႈေတြလုပ္ေနပါတယ္။ ဒါေပမဲ့ ဒီေပးကေတာ့ အာဂ်င္တိုင္းညီေနာင္နဲ႔ တြဲဖက္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနသလို သူတို႔ ၃ ေယာက္ေပါင္းလိုက္ရင္ မတူညီတဲ့တိုက္စစ္ဟန္တစ္ခု ထြက္လာလိမ့္မယ္လို႔ဆိုပါတယ္။ “ မက္ဆီနဲ႔တြဲကစားရမွာက တကယ့္ကို မယုံႏိုင္စရာျဖစ္လာပါလိမ့္မယ္။ ဒါ ျဖစ္လာလိမ့္မယ္လို႔လည္း အျပည့္အဝယုံၾကည္ထားပါတယ္။ အသင္းမွာလိုအပ္တဲ့အရည္အေသြးေတြ သူ႔မွာအမ်ားႀကီးရွိပါတယ္။ ဒါဟာ အရာအားလုံးအတြက္ အေရးႀကီးတဲ့တည္ေဆာက္မႈျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ အသင္းမွာ အရည္အေသြးျပည့္ဝသူေတြ အမ်ားႀကီးရွိေနပါေသးတယ္။ မက္ဆီနဲ႔တြဲကစားခြင့္ရၿပီး ဆုဖလားေတြရယူႏိုင္ရင္ေတာ့ ကြၽန္ေတာ့္အတြက္ ထူးျခားမႈျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔မွာ တိုက္စစ္သမားေတြ အမ်ားႀကီးရွိေပမယ့္ အားလုံးဟာ ကြဲျပားတဲ့ပုံစံရွိေနတယ္လို႔ထင္ပါတယ္။ ကြၽန္ေတာ္၊ မက္ဆီနဲ႔ အဂူ႐ိုသာတြဲကစားလိုက္ရင္ ၿပီးျပည့္စုံၿပီး ျခားနားတဲ့ပုံစံတစ္ခု ျမင္ရလိမ့္မယ္ထင္ပါတယ္ ” လို႔ ဒီေပးက စပိန္သတင္းစာ Sport ကို ဖြင့္ဟလိုက္ပါတယ္။ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းဟာ နယ္သာလန္လက္ေ႐ြးစင္အသင္းကို တာဝန္ယူခ်ိန္တုန္းက ဒီေပးနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြေဈးကြက္ကတည္းက ေခၚဖို႔ႀကိဳးစားခဲ့တာပါ။ ဒါဟာ သူ႔ရဲ႕ႏူးကမ့္စာမ်က္ႏွာသစ္မွာ အျမန္ဆုံးအထိုင္က်ဖို႔ အကူအညီျဖစ္ေစလိမ့္မယ္လို႔လည္း မန္ယူေတာင္ပံလူေဟာင္းက ယုံၾကည္ေနပါတယ္။