Articles

ရီချာလီဆန်ရဲ့သွင်းဂိုးတွေနဲ့ ဘရာဇီး ကွာတားတက်ပေမယ့် အိမ်ပြန်စောခဲ့ရတဲ့ ဂျာမနီ


တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု D ရဲ့နောက်ဆုံးပွဲစဉ်မှာ ဘရာဇီးဟာ ဆော်ဒီအာရေဗျကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခွင့်ရခဲ့ပါတယ်။ ဘရာဇီးဟာ ဒီပွဲကို အနိမ့်ဆုံးသရေရရုံနဲ့ ကွာတားတက်ခွင့်ရမယ့် အုပ်စုဦးဆောင်သူအဖြစ် ကစားခဲ့ရတာဖြစ်ပြီး ဂျာမနီနဲ့အိုင်ဗရီကို့စ်ပွဲစဉ်က နောက်တစ်နေရာအတွက် အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။


တောင်အမေရိကအသင်းဟာ အဖွင့်ဂိုးရဖို့ ၁၄ မိနစ်သာစောင့်ခဲ့ရပြီး တိုက်စစ်မှူးမားသီးယက်စ်ကန်ဟာက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆော်ဒီဟာ ဖရီးကစ်ကနေ နောက်ခံလူအလမ်ရီရဲ့ခေါင်းတိုက်ဂိုးနဲ့ ၁-၁ ဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်း ၇၆ မိနစ် အရောက်မှာတော့ ဂျာမနီနဲ့အဖွင့်ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ ရီချာလီဆန်က ၂-၁ ဖြစ်စေခဲ့ပါတယ်။


ဒါ့အပြင် အဲဗာတန်တိုက်စစ်မှူးဟာ ဆမ်ဘာတွေအတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့တိုကျိုအိုလံပစ် ၅ ဂိုးမြောက်ဖြစ်ပြီး ဂိုးအများဆုံးသွင်းသူစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေပါတယ်။


ဒါပေမဲ့ ၂၀၁၆ ဒုတိယဆုရှင်ဂျာမနီကတော့ အိုင်ဗရီကို့စ်နဲ့ ၁ ဂိုးစီသရေကျပြီး ပြိုင်ပွဲကို စောစောစီးစီးကျောခိုင်းသွားရပါတယ်။ ၆၇ မိနစ်မှာ ဟန်းရစ်ချ်ရဲ့ OG ကြောင့် အာဖရိကအသင်း ဦးဆောင်ဂိုးရသွားခဲ့ပြီး လူစားဝင်ကစားသမားလိုဝန်က ဂျာမနီအတွက် ဖရီးကစ်ကနေ ချေပဂိုးသွင်းပေးခဲ့တာပါ။


ဒါပေမဲ့ ဂျာမန်တွေဟာ ၁ မှတ်အကွာနဲ့ အုပ်စုကနေထွက်ခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးဟာ စပိန်နဲ့ အာဂျင်တီးနားပါတဲ့ အုပ်စု C မှာ ဒုတိယရခဲ့တဲ့ အီဂျစ်နဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

(zawgyi)

တိုက်ိဳအိုလံပစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု D ရဲ႕ေနာက္ဆုံးပြဲစဥ္မွာ ဘရာဇီးဟာ ေဆာ္ဒီအာေရဗ်ကို ၃-၁ ဂိုးနဲ႔ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္ခြင့္ရခဲ့ပါတယ္။ ဘရာဇီးဟာ ဒီပြဲကို အနိမ့္ဆုံးသေရရ႐ုံနဲ႔ ကြာတားတက္ခြင့္ရမယ့္ အုပ္စုဦးေဆာင္သူအျဖစ္ ကစားခဲ့ရတာျဖစ္ၿပီး ဂ်ာမနီနဲ႔အိုင္ဗရီကို႔စ္ပြဲစဥ္က ေနာက္တစ္ေနရာအတြက္ အႀကိတ္အနယ္ျဖစ္ခဲ့ပါတယ္။ ေတာင္အေမရိကအသင္းဟာ အဖြင့္ဂိုးရဖို႔ ၁၄ မိနစ္သာေစာင့္ခဲ့ရၿပီး တိုက္စစ္မႉးမားသီးယက္စ္ကန္ဟာက သြင္းယူေပးခဲ့ပါတယ္။ ဒါေပမဲ့ ေဆာ္ဒီဟာ ဖရီးကစ္ကေန ေနာက္ခံလူအလမ္ရီရဲ႕ေခါင္းတိုက္ဂိုးနဲ႔ ၁-၁ ျဖစ္ေစခဲ့ပါတယ္။ ဒုတိယပိုင္း ၇၆ မိနစ္ အေရာက္မွာေတာ့ ဂ်ာမနီနဲ႔အဖြင့္ပြဲမွာ ဟက္ထရစ္သြင္းခဲ့တဲ့ ရီခ်ာလီဆန္က ၂-၁ ျဖစ္ေစခဲ့ပါတယ္။ ဒါ့အျပင္ အဲဗာတန္တိုက္စစ္မႉးဟာ ဆမ္ဘာေတြအတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို နာက်င္အခ်ိန္ပိုမွာ သြင္းယူေပးခဲ့ပါတယ္။ ဒီဂိုးဟာ သူ႔ရဲ႕တိုက်ိဳအိုလံပစ္ ၅ ဂိုးေျမာက္ျဖစ္ၿပီး ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ထိပ္ဆုံးကဦးေဆာင္ေနပါတယ္။ ဒါေပမဲ့ ၂၀၁၆ ဒုတိယဆုရွင္ဂ်ာမနီကေတာ့ အိုင္ဗရီကို႔စ္နဲ႔ ၁ ဂိုးစီသေရက်ၿပီး ၿပိဳင္ပြဲကို ေစာေစာစီးစီးေက်ာခိုင္းသြားရပါတယ္။ ၆၇ မိနစ္မွာ ဟန္းရစ္ခ်္ရဲ႕ OG ေၾကာင့္ အာဖရိကအသင္း ဦးေဆာင္ဂိုးရသြားခဲ့ၿပီး လူစားဝင္ကစားသမားလိုဝန္က ဂ်ာမနီအတြက္ ဖရီးကစ္ကေန ေခ်ပဂိုးသြင္းေပးခဲ့တာပါ။ ဒါေပမဲ့ ဂ်ာမန္ေတြဟာ ၁ မွတ္အကြာနဲ႔ အုပ္စုကေနထြက္ခဲ့ရတာျဖစ္ပါတယ္။ ဘရာဇီးဟာ စပိန္နဲ႔ အာဂ်င္တီးနားပါတဲ့ အုပ္စု C မွာ ဒုတိယရခဲ့တဲ့ အီဂ်စ္နဲ႔ ကြာတားဖိုင္နယ္မွာ ရင္ဆိုင္ရမွာျဖစ္ပါတယ္။