ဘောလုံးလောကမှာ ချမ်းသာကြွယ်ဝမှု အများဆုံးကစားသမားကို ပြောပါဆိုရင် စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Lionel Messi ၊ နေမာ Neymar တို့ကိုပဲ အလွယ်တကူရွတ်ပြကြလိမ့်မယ်။
သူတို့ကို မေ့ထားလိုက်ပါ။ အဲဒီကစားသမားတွေထက် ပိုပြီး ချမ်းသာကြွယ်ဝတဲ့ ကစားသမားတစ်ဦးရှိတယ်ဆိုရင် အံ့အားသင့်သွားမလား။

ပိုပြီး အံ့အားသင့်ဖို့ကောင်းတာက အဲဒီကစားသမားက အသက်(၂၁)နှစ်သာရှိသေးတဲ့ အရှေ့တောင်အာရှက ဘရူနိုင်းနိုင်ငံသားတစ်ယောက်ဖြစ်နေတာပါပဲ။
ကမ္ဘာပေါ်မှာအချမ်းသာဆုံးဘောလုံးသမားက အရှေ့တောင်အာရှက ဘရူနိုင်းနိုင်ငံသား Faiq Bolkiah ဖြစ်ပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ သန်းနှစ်သောင်းလောက်ရှိပါတယ်။

အဲဒီကစားသမား နာမည်ကတော့ ဖာအစ်ဘိုကီယာ Faiq Bolkiah လို့ ခေါ်ပါတယ်။ သူက ဘာဖြစ်လို့ ဒီလောက်အထိ ချမ်းသာနေရတာလဲ . .
ရော်နယ်ဒို နဲ့ မက်ဆီတို့ ချမ်းသာမှုထက် အဆ 20 လောက်ပိုများတဲ့ပမာဏ တစ်ခုဖြစ်ပါတယ်။
အကြောင်းကတော့ ဘိုကီယာဟာ ဘရူနိုင်းနိုင်ငံရဲ့ ဆူလ်တန်ဘုရင် ဟာဆန်နယ်လ်ဘိုကီယာ Hassanal Bolkiah ရဲ့တူဖြစ်သလို သူ့အဖေက ဘရူနိုင်းမင်းသား ဂျက်ဖရီဘိုကီယာ Jefri Bolkiah ဖြစ်ပြီး မိသားစုအစဉ်အဆက် ချမ်းသာကြွယ်ဝမှုကြောင့် ဘိုကီယာက အလိုလိုနေရင်းကို ငွေတွေအများကြီး ပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။

ဂျက်ဖရီက ငွေကို ရေလိုသုံးတတ်တဲ့သူအဖြစ် နာမည်ကျော်ပြီး ဘယ်နေရာမှာ ဘယ်လိုဖြုန်းရမလဲဆိုတာ စဉ်းစားနေတတ်သူပါ။
ဂျက်ဖရီဟာ ဇိမ်ခံကားအစီးပေါင်း (၂၃၀၀)၊ ဘိုးအင်းလေယာဉ် (၈)စင်း၊ အပျော်စီးသင်္ဘော (၅)စီး၊ အိမ်ပေါင်း(၅၀၀)နဲ့ နန်းတော်တွေ အများကြီးပိုင်ဆိုင်ခဲ့တာကို ကြည့်ရင် ဘယ်လောက်ချမ်းသာလဲဆိုတာ တွက်ကြည့်ပါတော့။

တစ်ခါတုန်းကဆိုရင် သားဖြစ်သူ ကြည့်ဖို့အတွက် နာမည်ကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင် Michael Jackson ကို သီးသန့်ငှားရမ်းဖျော်ဖြေခိုင်းခဲ့ပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ (၁၇)သန်းအထိ သုံးစွဲခဲ့ပါသေးတယ်။
အဲဒီအချိန်တုန်းက ဖာအစ်ဘိုကီယာရဲ့အသက်က (၇)နှစ်ပဲရှိပါသေးတယ်။ ဖာအစ်ဘိုကီယာရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ (၂၀)ဘီလီယံအထိရှိပြီး ဒါဟာ ကလပ်အသင်းတစ်သင်းကို ဝယ်ယူနိုင်တဲ့အနေအထားရှိပါတယ်။



စီရော်နယ်လ်ဒိုလို ကမ္ဘာ့ထိပ်တန်းကစားသမားရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ သန်း(၂၀၀)ကနေ သန်း(၃၀၀)ကြားမှာပဲရှိနေချိန်မှာ အသက်(၂၁)နှစ်သာရှိသေးတဲ့ ဖာအစ်ဘိုကီယာက ဘီလျံနာတစ်ဦးဖြစ်နေပါပြီ။
ဖာအစ်ဘိုကီယာဟာ 2014 မှာ ချယ်လ်ဆီး လူငယ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီး နောက် 2017 မှာလက်စတာအသင်းကို ပြောင်းရွေ့သွားခဲ့ပေမဲ့ တစ်ပွဲမှကစားခွင့်မရခဲ့ဘဲ ယခုတော့ပေါ်တူဂီမှာ ကစားနေပါတယ်။
ဒီလိုမျိုး လက်ညှိးညွှန်ရာ ရေဖြစ်နေတဲ့ ဘဝမှာ ဖာအစ်ဘိုကီယာဟာ သူ့အဖေလို အသုံးအဖြုန်းကြီးတဲ့သူတစ်ယောက် မဖြစ်လာတာကတော့ ချီးကျူးရမှာပါပဲ။

ဖာအစ်ဘိုကီယာက ဘဝကို ကြိုးကြိုးစားစားနဲ့ ရုန်းကန်ပြီး နာမည်ကျော်ကြားတဲ့သူဖြစ်လာဖို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။
ငယ်ငယ်ကတည်းက ဘောလုံးသမားဖြစ်ချင်ခဲ့တဲ့ ဖာအစ်ဘိုကီယာဟာ ဆောက်သမ်တန်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လက်စတာအကယ်ဒမီတွေမှာ ကစားခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်မှာ လက်စတာအသင်းကြီးနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တယ်။
သူဟာ လက်စတာစီနီယာအသင်းအတွက် တစ်ပွဲမှ ကစားခွင့်မရခဲ့ပေမယ့် အခုနှစ် နွေရာသီမှာ လက်စတာအသင်းက ဖာအစ်ဘိုကီယာကို နောက်ထပ်(၁)နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဘောလုံးအားကစားနဲ့ ပတ်သက်လို့ ဖာအစ်ဘိုကီယာက အခုလိုပြောခဲ့ဖူးတယ်။

“ဘောလုံးကွင်းထဲမှာ ဘောလုံးကစားရတာကို ကျွန်တော် အရမ်းကြိုက်တယ်ဗျ။ ကျွန်တော့်မိဘတွေကလည်း ဘောလုံးသမားတစ်ဦးဖြစ်ချင်တဲ့ ကျွန်တော့် ရည်မှန်းချက် အမှန်တကယ်ဖြစ်လာအောင် ကူညီပေးကြပါတယ်။ ကမ္ဘာ့အဆင့်ဘောလုံးသမားဖြစ်ဖို့ဆိုတာက အခွင့်အရေး နည်းလွန်းပေမယ့် ကျွန်တော်ကတော့ အစွမ်းကုန်ကြိုးစားရုန်းကန်သွားမှာပါပဲ”။
Faiq Bolkiah သည်လက်ရှိပေါ်တူဂီကလပ် Marítimo အတွက်ကွင်းလယ်ကစားသမားအဖြစ်ကစားနေသည်။

အသက် ၂၂ နှစ်ရှိကစားသမားသည်သူသည် အမေရိကန် လော့စ်အိန်ဂျယ်လိစ်တွင်မွေးဖွားစဉ်ကဘရူနိုင်းနှင့်ယူနိုက်တက်စတိတ်တို့၏နိုင်ငံသားအဖြစ်ခံယူခဲ့သည်။
ကွင်းလယ်တိုက်စစ်၊ တောင်ပံတွေမှာ ကစားနိုင်သူ ဖာအစ်ဘိုကီယာဟာ အခုလောလောဆယ် ပရီးမီးယားလိဂ်မှာ ကစားခွင့် မရသေးပေမယ့် ဘရူနိုင်းလက်ရွေးစင်အသင်းမှာတော့ (၆)ပွဲကစားခဲ့ပြီး (၁)ဂိုးသွင်းယူထားပြီးပါပြီ။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာဖြစ်နေတာတောင် ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ်ဖြစ်ချင်တဲ့ နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်အောင် ကြိုးစားလျှောက်လှမ်းနေတဲ့ ဖာအစ်ဘိုကီယာရဲ့ စိတ်ဓာတ်ကတော့ အထင်ကြီးလေးစားစရာပါပဲ။
သူဟာ ငွေကြေးချမ်းသာချင်လို့ ဘောလုံးကစားနေတာ မဟုတ်ပါဘူး၊ ဘောလုံးကို တကယ်ချစ်မြတ်နိုးလို့ ကစားနေတဲ့သူဖြစ်ပါတော့တယ်…။