Spots news

ဟယ်ရီကိန်းနေရာကို အစားထိုးမယ့် မာရှယ်ရဲ့ ပြောင်းရွေ့ကြေးကြောင့် အခက်တွေ့နေတဲ့ စပါး

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ တိုက်စစ်မှူး အန်တိုနီမာရှယ်ကို ခေါ်ယူဖို့ စပါးအသင်းအနေနဲ့ ကစားသမားအတွက် ယူနိုက်တက်အသင်းဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရော ကစားသမားရဲ့ လစာပမာဏကပါ မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။

ပြင်သစ်တိုက်စစ်ကစားသမား မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ် ကစားသမားဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ သူရဲ့ ခြေစွမ်းတွေက အတော်လေးကို ကျဆင်းနေခဲ့ရသလို ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇ ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတဲ့ ယူနိုက်တက်အသင်းဟာ အပြောင်းအရွေ့ စရိတ်ရရှိဖို့အတွက် မာရှယ်ကို  ရောင်းထုတ်သွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ခန့်နဲ့ ကမ်းလှမ်းမှုရှိလာပါက ရောင်းချသွားမာ ဖြစ်ကြောင်း သိရပါတယ်။

မာရှယ်အတွက် ယူနိုက်တက်အသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း၅၀ ဝန်းကျင် သတ်မှတ်ထားတဲ့အပြင် မာရှယ်ရဲ့ တစ်ပတ်လုပ်ခ လစာဟာလည်း ပေါင် ၂၅၀၀၀၀ ခန့် ရှိနေတာကြောင့် ဒီပမာဏတွေကို စပါးဘက်ကနေ ပေးချေသွားဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ထိန်းသိမ်ထားဖို့  ကြိုးပမ်းနေရတာဖြစ်သလို ရီးရဲလ်ကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဂါရတ်ဘေးလ်ကလည်း အငှားစာချုပ် ပြည့်သွားပြီဖြစ်လို့ တိုက်စစ်အင်အား ဖြည့်တင်းဖို့အတွက် ပရီးမီးယားလိဂ်မှာ အသားကျနေတဲ့ မာရှယ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ စပါးအသင်းဟာ အီတလီဂိုးသမား ဂိုလီနီကို တစ်ရာသီအငှား+ အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားခဲ့သလို ဆီဗီလာအသင်းရဲ့ စပိန်လူငယ် ကစားသမားလေး ဘရိုင်ယန်ဂေးလ်ကိုလည်း တိုကျိုအိုလံပစ်ပြိုင်ပွဲအပြီးမှာ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ အနာဂတ္ မေရမရာ ျဖစ္ေနတဲ့ တိုက္စစ္မႉး အန္တိုနီမာရွယ္ကို ေခၚယူဖို႔ စပါးအသင္းအေနနဲ႕ ကစားသမားအတြက္ ယူနိုက္တက္အသင္းဘက္ကေန သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေရာ ကစားသမားရဲ႕ လစာပမာဏကပါ ျမင့္မားလြန္းေနတာေၾကာင့္ ေခၚယူဖို႔ ခက္ခဲေနတယ္လို႔သိရပါတယ္။

ျပင္သစ္တိုက္စစ္ကစားသမား မာရွယ္ဟာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အဓိက တိုက္စစ္ ကစားသမားျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီအတြင္းမွာ သူရဲ႕ ေျခစြမ္းေတြက အေတာ္ေလးကို က်ဆင္းေနခဲ့ရသလို ယူနိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၇ ဂိုးပဲ သြင္းယူနိုင္ခဲ့တဲ့အထိ ဆိုးဆိုး႐ြား႐ြား ျဖစ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ကစားသမားအင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ေနတဲ့ ယူနိုက္တက္အသင္းဟာ အေျပာင္းအေ႐ြ႕ စရိတ္ရရွိဖို႔အတြက္ မာရွယ္ကို  ေရာင္းထုတ္သြားခ်င္ေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ခန႔္နဲ႕ ကမ္းလွမ္းမႈရွိလာပါက ေရာင္းခ်သြားမာ ျဖစ္ေၾကာင္း သိရပါတယ္။

မာရွယ္အတြက္ ယူနိုက္တက္အသင္းဘက္ကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း၅၀ ဝန္းက်င္ သတ္မွတ္ထားတဲ့အျပင္ မာရွယ္ရဲ႕ တစ္ပတ္လုပ္ခ လစာဟာလည္း ေပါင္ ၂၅၀၀၀၀ ခန႔္ ရွိေနတာေၾကာင့္ ဒီပမာဏေတြကို စပါးဘက္ကေန ေပးေခ်သြားဖို႔ ခက္ခဲေနတာ ျဖစ္ပါတယ္။

စပါးအသင္းဟာ အဓိကတိုက္စစ္မႉး ဟယ္ရီကိန္းကို ထိန္းသိမ္ထားဖို႔  ႀကိဳးပမ္းေနရတာျဖစ္သလို ရီးရဲလ္ကေန အငွားနဲ႕ ေခၚယူထားခဲ့တဲ့ ဂါရတ္ေဘးလ္ကလည္း အငွားစာခ်ဳပ္ ျပည့္သြားၿပီျဖစ္လို႔ တိုက္စစ္အင္အား ျဖည့္တင္းဖို႔အတြက္ ပရီးမီးယားလိဂ္မွာ အသားက်ေနတဲ့ မာရွယ္ကို ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာ စပါးအသင္းဟာ အီတလီဂိုးသမား ဂိုလီနီကို တစ္ရာသီအငွား+ အၿပီးသတ္ေခၚယူခြင့္တို႔နဲ႕ ေခၚယူထားခဲ့သလို ဆီဗီလာအသင္းရဲ႕ စပိန္လူငယ္ ကစားသမားေလး ဘရိုင္ယန္ေဂးလ္ကိုလည္း တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲအၿပီးမွာ ေခၚယူနိုင္ေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။