Spots news

ဗာရန်းဟာ ယူနိုက်တက်အတွက် နောက်ထပ် ဖာဒီနန်ပါပဲလို့ ဆိုလိုက်တဲ့ အီဗရာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူဟောင်းပက်ထရစ်အီဗရာကတော့ ယူနိုက်တက်ရဲ့ နောက်ခံကစားသမားသစ် ဗာရန်းဟာ ဂန္ဓဝင်‌ နောက်ခံလူရီယိုဖာဒီနန်ကို သတိရမိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗာရန်းကို ခေါ်ယူနိုင်ခဲဲ့တာဟာ အသင်းကို အကျိုးရှိစေမယ့် ခေါ်ယူမှုတစ်ခုဖြစ်တယ်လို့လည်း သူက သုံးသပ်ခဲ့ပြီး အသင်းဖော်ဟောင်းဖာဒီနန်နဲ့ ခိုင်းနှိုင်းခဲ့တာပါ။ ဗာရန်းကတော့ ပြောင်းရွေ့ကြေး ပေါင် ၄၁ သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

နောက်ခံလူဟောင်း အီဗရာကတော့ ယူနိုက်တက်မှာ ရီယိုဖာဒီနန်နဲ့ အတူ ကာလရှည်ကစားခဲ့သလို ဆုဖလားများစွာ ရယူခဲ့တဲ့ အသင်းဖော်တွေဖြစ်ခဲ့သူပါ။ ဖာဒီနန်ဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်ပြီး

အမှတ်ပေးဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ ကမ္ဘာ့အဆင့်နောက်ခံလူအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းခံစစ်ပိုင်းမှာ နီမန်ဂျာ ဗီဒစ်နဲ့အတူ အတွဲညီခဲ့သူ ဖြစ်ပါတယ်။

အီဗရာက “ဗာရန်းက ကျွန်တော့်ကို ဖာဒီနန်ကိုအမှတ်ရစေခဲ့ပါတယ်၊ အမြင့်ဘောထူးချွန်သူ၊ ဘောလုံးကိုင်ကစားနိုင်သူ၊ သူက ပြီးပြည့်စုံတဲ့ ခံစစ်မှူးပါ၊ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကျွန်တော်ပထမဆုံးကစားခဲ့တဲ့ပွဲကို သတိရမိပါတယ်၊

ဗာရန်းက ငယ်ရွယ်ပြီးတော့ ဘောလုံးကိုင်ကစားတာလည်းကောင်းမွန်ပါတယ်၊ လျင်မြန်ပြီး ပြီးပြည့်စုံတဲ့ ကစားသမားပါ၊ ခေါင်းအေးအေးထားကစားတတ်ပြီး ဂိုးလည်းသွင်းယူနိုင်သူပါ၊ ယူနိုက်တက်အတွက်တော့ ထိပ်တန်းခေါ်ယူမှုတစ်ခုပါပဲ” လို့ ဆိုပါတယ်။

ဗာရန်းဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ၁၀ နှစ်ကြာကစားခဲ့တဲ့ အတွေ့အကြုံရှိသူ ဖြစ်သလို စပိန်ထိပ်သီး နောက်ခံလူရာမို့စ်နဲ့ တွဲဖက်ကစားခဲ့တာဖြစ်ပါတယ်။

ပွဲပေါင်း ၂၆၀ ကျော် ကစားပေးခဲ့ပြီး ၁၇ ဂိုးသွင်းယူပေးခဲ့ကာ လာလီဂါဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၄ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြင်သစ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူလဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူေဟာင္းပက္ထရစ္အီဗရာကေတာ့ ယူနိုက္တက္ရဲ႕ ေနာက္ခံကစားသမားသစ္ ဗာရန္းဟာ ဂႏၶဝင္‌ ေနာက္ခံလူရီယိုဖာဒီနန္ကို သတိရမိတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဗာရန္းကို ေခၚယူနိုင္ခဲဲ့တာဟာ အသင္းကို အက်ိဳးရွိေစမယ့္ ေခၚယူမႈတစ္ခုျဖစ္တယ္လို႔လည္း သူက သုံးသပ္ခဲ့ၿပီး အသင္းေဖာ္ေဟာင္းဖာဒီနန္နဲ႕ ခိုင္းႏွိုင္းခဲ့တာပါ။ ဗာရန္းကေတာ့ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၄၁ သန္းနဲ႕ ယူနိုက္တက္ကို ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

ေနာက္ခံလူေဟာင္း အီဗရာကေတာ့ ယူနိုက္တက္မွာ ရီယိုဖာဒီနန္နဲ႕ အတူ ကာလရွည္ကစားခဲ့သလို ဆုဖလားမ်ားစြာ ရယူခဲ့တဲ့ အသင္းေဖာ္ေတြျဖစ္ခဲ့သူပါ။ ဖာဒီနန္ဟာ ယူနိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းလည္းျဖစ္ၿပီး

အမွတ္ေပးဖလား ၆ လုံးနဲ႕ ခ်န္ပီယံလိဂ္ဖလားတို႔ကို ဆြတ္ခူးနိုင္ခဲ့ကာ ကမာၻ႔အဆင့္ေနာက္ခံလူအျဖစ္ အသိအမွတ္ျပဳခံခဲ့ရၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းခံစစ္ပိုင္းမွာ နီမန္ဂ်ာ ဗီဒစ္နဲ႕အတူ အတြဲညီခဲ့သူ ျဖစ္ပါတယ္။

အီဗရာက “ဗာရန္းက ကြၽန္ေတာ့္ကို ဖာဒီနန္ကိုအမွတ္ရေစခဲ့ပါတယ္၊ အျမင့္ေဘာထူးခြၽန္သူ၊ ေဘာလုံးကိုင္ကစားနိုင္သူ၊ သူက ၿပီးျပည့္စုံတဲ့ ခံစစ္မႉးပါ၊ ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႕အတူ ကြၽန္ေတာ္ပထမဆုံးကစားခဲ့တဲ့ပြဲကို သတိရမိပါတယ္၊

ဗာရန္းက ငယ္႐ြယ္ၿပီးေတာ့ ေဘာလုံးကိုင္ကစားတာလည္းေကာင္းမြန္ပါတယ္၊ လ်င္ျမန္ၿပီး ၿပီးျပည့္စုံတဲ့ ကစားသမားပါ၊ ေခါင္းေအးေအးထားကစားတတ္ၿပီး ဂိုးလည္းသြင္းယူနိုင္သူပါ၊ ယူနိုက္တက္အတြက္ေတာ့ ထိပ္တန္းေခၚယူမႈတစ္ခုပါပဲ” လို႔ ဆိုပါတယ္။

ဗာရန္းဟာ စပိန္ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္မွာ ၁၀ ႏွစ္ၾကာကစားခဲ့တဲ့ အေတြ႕အႀကဳံရွိသူ ျဖစ္သလို စပိန္ထိပ္သီး ေနာက္ခံလူရာမို႔စ္နဲ႕ တြဲဖက္ကစားခဲ့တာျဖစ္ပါတယ္။

ပြဲေပါင္း ၂၆၀ ေက်ာ္ ကစားေပးခဲ့ၿပီး ၁၇ ဂိုးသြင္းယူေပးခဲ့ကာ လာလီဂါဖလား ၃ လုံး၊ ခ်န္ပီယံလိဂ္ဖလား ၄ လုံးအထိ ဆြတ္ခူးနိုင္ခဲ့ပါတယ္။ ျပင္သစ္နဲ႕အတူ ၂၀၁၈ ကမာၻ႔ဖလားကို ဆြတ္ခူးနိုင္ခဲ့သူလဲ ျဖစ္ပါတယ္။