Spots news

ပေါ့ဘာကို လီဗာပူးကိုပြောင်းရွေ့‌ဖို့ တိုက်တွန်းနေတဲ့ ပေါဘာရဲ့ အေးဂျင့်ရွိုင်အိုလာ

Unicode Version

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်တဲ့ ကမ္ဘာကျော် နာမည်ကျော်အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ သူ့ရဲ့ ကစားသမား ပေါ့ဘာကို ယူနိုက်တက်အသင်းကနေ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက်

အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းဆီ ပြောင်းရွေ့သွားဖို့အတွက် စီစဉ်လျက်ရှိနေတယ်လို့ ပြင်သစ်နာမည်ကျော် Le10Sport သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်ကစားသမားဖြစ်သူ ဝိုင်နယ်ဒန်ကို စာချုပ်သက်တမ်း မတိုးမြှင့်နိုင်ခဲ့ပဲ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဆီ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားခဲ့ရတာကြောင့် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့ ကွင်းလယ် ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်ပါတယ်။

ထို့ကြောင့် ယခုလိုအခြေအနေမှာ ယူနိုက်တက်အသင်းနဲ့ အနာဂတ် မသေချာမရေရာဖြစ်နေတဲ့ ကွင်းလယ်လူ ပေါ့ဘာကို အေးဂျင့်ရွိုင်အိုလာက ကွင်းလယ်ကစားသမား

အလိုရှိနေတဲ့ ယူနိုက်တက်ရဲ့ ပြိုင်ဘက် လီဗာပူးအသင်းဆီကို ပြောင်းရွေ့ဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တယ်လို့် Le10Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

ပေါ့ဘာဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ယူနိုက်တက်ကနေ သက်တမ်းတိုးဖို့

လုပ်ဆောင်နေပေမယ့် ပေါ့ဘာက အသင်းနဲ့ သက်တမ်းမတိုးချင်တော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကိုသာ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပေါ့ဘာဟာ ပြင်သစ်ထိပ်သီး ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုတွေလည်း အဆင်ပြေလျက် ရှိနေတယ်လို့ သတင်းထွက်နေပေမယ့်

ရုတ်တရက် ထွက်ပေါ်လာခဲ့တဲ့ ပေါ့ဘာနဲ့ လီဗာပူးလ်တို့က သတင်းတွေက ပေါ့ဘာရဲ့ လက်ရှိအခြေအနေ ကို ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းလာခဲ့ပါတယ်။

သို့‌ပေမယ့် ယူနိုက်တက်ဟာ ပေါ့ဘာကိုလက်လွတ်ရမယ်ဆိုရင်တောင် ပရီးမီးယားလိဂ်က ပြိုင်ဘက်ကလပ်အသင်းတွေဆီကို လက်လွတ်သွားမှာ မဟုတ်ပဲ ပီအက်စ်ဂျီကိုသာ

ရောင်းချနိုင်ပါတယ်။ ယူနိုက်တက်ကတော့ ပေါ့ဘာနေရာအတွက် ဘိုင်ယန်ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာနဲ့ ဝုဗ်ကွင်းလယ်လူ ရူဘင်နေးဗက်စ်တို့ကို စိတ်ဝင်စားနေပါတယ်။

Zawgyi Version

ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ကမာၻေက်ာ္ နာမည္ေက်ာ္ေအးဂ်င့္ျဖစ္သူ ႐ြိုင္အိုလာဟာ သူ႕ရဲ႕ ကစားသမား ေပါ့ဘာကို ယူနိုက္တက္အသင္းကေန ယူနိုက္တက္ရဲ႕ ခါးသီးၿပိဳင္ဘက္ အသင္းတစ္သင္းျဖစ္တဲ့ လီဗာပူးအသင္းဆီ ေျပာင္းေ႐ြ႕သြားဖို႔အတြက္ စီစဥ္လ်က္ရွိေနတယ္လို႔ ျပင္သစ္နာမည္ေက်ာ္ Le10Sport သတင္းစာကေန ေဖာ္ျပလာခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ကြင္းလယ္ကစားသမားျဖစ္သူ ဝိုင္နယ္ဒန္ကို စာခ်ဳပ္သက္တမ္း မတိုးျမႇင့္နိုင္ခဲ့ပဲ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လြတ္ထားခဲ့ရတာေၾကာင့္ သူရဲ႕ေနရာမွာ ျပန္လည္အစားထိုးဖို႔ ကြင္းလယ္ ကစားသမားတစ္ေယာက္ကို အလိုရွိေနတာျဖစ္ပါတယ္။

ထို႔ေၾကာင့္ ယခုလိုအေျခအေနမွာ ယူနိုက္တက္အသင္းနဲ႕ အနာဂတ္ မေသခ်ာမေရရာျဖစ္ေနတဲ့ ကြင္းလယ္လူ ေပါ့ဘာကို ေအးဂ်င့္႐ြိုင္အိုလာက ကြင္းလယ္ကစားသမား အလိုရွိေနတဲ့ ယူနိုက္တက္ရဲ႕ ၿပိဳင္ဘက္ လီဗာပူးအသင္းဆီကို ေျပာင္းေ႐ြ႕ဖို႔အတြက္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္လာခဲ့တယ္လို႔္ Le10Sport ကေန ေဖာ္ျပလာခဲ့ပါတယ္။

ေပါ့ဘာဟာ လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေနေတာ့တာျဖစ္ၿပီး ယူနိုက္တက္ကေန သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနေပမယ့္ ေပါ့ဘာက အသင္းနဲ႕ သက္တမ္းမတိုးခ်င္ေတာ့ပဲ အသင္းနဲ႕ လက္တြဲျဖဳတ္ဖို႔ကိုသာ စိတ္အားထက္သန္ေနတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ေပါ့ဘာဟာ ျပင္သစ္ထိပ္သီး ကလပ္အသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းနဲ႕ ေဆြးေႏြးမႈေတြလည္း အဆင္ေျပလ်က္ ရွိေနတယ္လို႔ သတင္းထြက္ေနေပမယ့္ ႐ုတ္တရက္ ထြက္ေပၚလာခဲ့တဲ့ ေပါ့ဘာနဲ႕ လီဗာပူးလ္တို႔က သတင္းေတြက ေပါ့ဘာရဲ႕ လက္ရွိအေျခအေန ကို ပိုၿပီး စိတ္ဝင္စားဖြယ္ေကာင္းလာခဲ့ပါတယ္။

သို႔‌ေပမယ့္ ယူနိုက္တက္ဟာ ေပါ့ဘာကိုလက္လြတ္ရမယ္ဆိုရင္ေတာင္ ပရီးမီးယားလိဂ္က ၿပိဳင္ဘက္ကလပ္အသင္းေတြဆီကို လက္လြတ္သြားမွာ မဟုတ္ပဲ ပီအက္စ္ဂ်ီကိုသာ ေရာင္းခ်နိဳင္ပါတယ္။ ယူနိုက္တက္ကေတာ့ ေပါ့ဘာေနရာအတြက္ ဘိုင္ယန္ကြင္းလယ္လူ ေဂၚရက္ဇ္ကာနဲ႕ ဝုဗ္ကြင္းလယ္လူ ႐ူဘင္ေနးဗက္စ္တို႔ကို စိတ္ဝင္စားေနပါတယ္။