Spots news

ပေါ့ဘာ ဆိုတဲ့ အကယ်ဒမီထွက်လူငယ်လေး နဲ့ ယူနိုက်တက်ရဲ့ ကတ္တီပါလမ်းခွဲ

Unicode Version

ထွက်ပေါ်လာတဲ့ သတင်းအရ ယူနိုက်တက်နဲ့ ပေါ့ဘာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှု ပြုလုပ်မှာ မဟုတ်တော့ပါ ဆိုတဲ့ သတင်းတွေပါ။ နောက်ဆုံး သတိပေး စကားနဲ့တူနေပြီး အသင်းရဲ့ လက်ရှိ တည်ငြိမ်နေတဲ့ အနေအထားကို လှုတ်ခတ်သွားစေပါတယ်။ ယူနိုက်တက်ကို ပေါ့ဘာ ပြန်ရောက်လာတော့ ပရိတ်သတ်တွေ ရော အသင်းပိုင်ရှင်တွေပါ ဝမ်းသာအားရ ကြိုဆိုခဲ့ကြတယ်။ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားလေး အတွေ့အကြုံတွေ ရယူပြီး အသင်းအတွက် ပြန်လာခဲ့ပြီ အသင်းနဲ့ အရိုးထုတ်တော့မယ် ဆိုပြီး ပရိတ်သတ်တွေ ဝမ်းသာလုံးဆို့ခဲ့ကြတယ်။ အသင်းရဲ့ အောင်မြင်မှုကို ပြန်တည်ဆောက်ဖို့ အားကိုးခဲ့ကြ ပါတယ်။

အချိန်တွေကြာသွားခဲ့‌ ပြီ လောက်လောက် လားလား ပြစရာ ယူရိုပါလိဂ် ဖလားတစ်လုံးက လွဲလို့ ပြစရာမရှိ ခဲ့ဘူး။ ပြသနာတွေကတော့ များစွာရှိခဲ့ပါတယ်။နည်းပြ မော်ရင်ဟို နဲ့ ပေါ့ဘာရဲ့ အဆင်မပြေမှုတွေ ၊ ပေ့ါဘာရဲ့ အေးဂျင့် ရွိင်အိုလာရဲ့ ခလောက်ဆန်မှု တွေနဲ့ အက်ကြောင်းတွေ ဖြစ်ခဲ့တယ်။ အရေးအကြီးဆုံးက ချန်ပီယံလိဂ် ပွဲမတိုင်ခင် “ ပေါ့ဘာ နဲ့ ယူနိုက်တက် တို့ရဲ့ ဇာတ်လမ်း ပီးသွားပါပြီ ”ဆိုတဲ့ ရွိုင်အိုလာ ရဲ့ စကားကြောင့် အတော်လေး ဂရက်ရိုက်ခဲ့တယ်။

နည်းပြ ဆိုလ်းရှားက တော့ ကာကွယ်သွားခဲ့ပြီး
“ ပေါ့ဘာဟာ ပရော်ဖက်ရှင်နယ်ပီသတဲ့သူပါ။
ပွဲကစားဖို့ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်တဲ့ကစားသမားတွေ ကျနော်ကြုံခဲ့ဖူးပါတယ်၊ ဒါပေါ့… အခုအဲ့ဒီကစားသမားတွေ အသင်းမှာ မရှိတော့ပါဘူး၊ ဒါပေမယ့် ကျနော်ပြောချင်တာတစ်ခုက ပေါ့ဘာဟာ ဘယ်တုန်းကမှ အဲ့ဒီလိုမလုပ်ခဲ့ဖူးဘူးဆိုတာပါပဲ ”

ပေါစခိုးလ်ကတော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား အနေနဲ့ ပေါ့ဘာကို သတိပေးထားသင့်တယ် ဆိုပေမယ့် အသင်းခေါင်းဆောင် လတ်ပတ်သာ မက်ဂွိုင်းယား ဝတ်ဆင်ထားပြီး အသင်းရဲ့ အကယ်ဒမီထွက် လူငယ် ကစားသမား တွေဖြစ်တဲ့ ရပ်ရှ်ဖို့ ၊ဝီလျံ ၊ ဂရင်းဝုဒ်တို့ကို လွှမ်းမိုးနိုင်တာ ပေါ့ဘာ ဖြစ်နေခဲ့တာပါ။ ရွန်းနေ ဇလာတန် တို့ မရှိတော့တဲ့နောက် ပေါ့ဘာက အဝတ်လဲခန်းကို လွှမ်းမိုးခဲ့ပါတယ် လို့ ဆိုကြပါတယ်။

သို့ပေမယ့် လက်ရှိမှာ ဘရူနို ဖာနန်ဒက်စ်က ကွင်းလယ်ကို အပိုင်စားယူထားပြီး ဘန်ဒိဘိခ် ထပ်မံရောက်ရှိလာတဲ့ အပြင် ‌တော်မီနေး ဖရက် တို့ရဲ့ ခြေစွမ်းဟာလဲ အဆင့်မီတဲ့ ကစားသမားဖြစ်ကြောင်း ပြနေပီမို့ မန်ယူနိုက်တက်မှာ ပေါ့ဘာဟာ မရှိမဖြစ် မဟုတ်တော့ပါဘူး။ ပေါ့ဘာရဲ့ အကြိုက်ဆုံး နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကို ဘရူနိုက အစားထိုးပေးထားပြီ ဖြစ်ပါတယ်။

ပေါ့ဘာကိုဝယ်ယူဖို့ အနီးစပ်ဆုံးရှိနေတာကတော့ အသင်းဟောင်းဂျူဗင်တပ်စ်ပါပဲ ။ လက်ရှိမှာ အသက်၂၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ပေါ့ဘာဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကိုရောက်နေခဲ့ပြီဆိုပေမယ့် သူမပျော်နိုင်တော့တဲ့ အသင်းမှာ ဆက်ပြီး နေချင်စိတ် မရှိတော့လောက်ပါဘူး။ ယူနိုက်တက် အနေနဲ့လဲ ချော့မော့ပြီး ဆွဲထားဖို့ အစီအစဉ်မရှိ တော့ပြီမို့ ယူနိုက်တက်နဲ့ အကယ်ဒမီထွက် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားရဲ့ ကတ္တီပါ လမ်းခွဲကို ဘောလုံး ဇာတ်ခုံမှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Zawgyi Version

ထြက္ေပၚလာတဲ့ သတင္းအရ ယူနိုက္တက္နဲ႕ ေပါ့ဘာ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈ ျပဳလုပ္မွာ မဟုတ္ေတာ့ပါ ဆိုတဲ့ သတင္းေတြပါ။ ေနာက္ဆုံး သတိေပး စကားနဲ႕တူေနၿပီး အသင္းရဲ႕ လက္ရွိ တည္ၿငိမ္ေနတဲ့ အေနအထားကို လႈတ္ခတ္သြားေစပါတယ္။ ယူနိုက္တက္ကို ေပါ့ဘာ ျပန္ေရာက္လာေတာ့ ပရိတ္သတ္ေတြ ေရာ အသင္းပိုင္ရွင္ေတြပါ ဝမ္းသာအားရ ႀကိဳဆိုခဲ့ၾကတယ္။ အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားေလး အေတြ႕အႀကဳံေတြ ရယူၿပီး အသင္းအတြက္ ျပန္လာခဲ့ၿပီ အသင္းနဲ႕ အရိုးထုတ္ေတာ့မယ္ ဆိုၿပီး ပရိတ္သတ္ေတြ ဝမ္းသာလုံးဆို႔ခဲ့ၾကတယ္။ အသင္းရဲ႕ ေအာင္ျမင္မႈကို ျပန္တည္ေဆာက္ဖို႔ အားကိုးခဲ့ၾက ပါတယ္။

အခ်ိန္ေတြၾကာသြားခဲ့‌ ၿပီ ေလာက္ေလာက္ လားလား ျပစရာ ယူရိုပါလိဂ္ ဖလားတစ္လုံးက လြဲလို႔ ျပစရာမရွိ ခဲ့ဘူး။ ျပသနာေတြကေတာ့ မ်ားစြာရွိခဲ့ပါတယ္။နည္းျပ ေမာ္ရင္ဟို နဲ႕ ေပါ့ဘာရဲ႕ အဆင္မေျပမႈေတြ ၊ ေပ့ါဘာရဲ႕ ေအးဂ်င့္ ႐ြိင္အိုလာရဲ႕ ခေလာက္ဆန္မႈ ေတြနဲ႕ အက္ေၾကာင္းေတြ ျဖစ္ခဲ့တယ္။ အေရးအႀကီးဆုံးက ခ်န္ပီယံလိဂ္ ပြဲမတိုင္ခင္ “ ေပါ့ဘာ နဲ႕ ယူနိုက္တက္ တို႔ရဲ႕ ဇာတ္လမ္း ပီးသြားပါၿပီ ”ဆိုတဲ့ ႐ြိုင္အိုလာ ရဲ႕ စကားေၾကာင့္ အေတာ္ေလး ဂရက္ရိုက္ခဲ့တယ္။

နည္းျပ ဆိုလ္းရွားက ေတာ့ ကာကြယ္သြားခဲ့ၿပီး
“ ေပါ့ဘာဟာ ပေရာ္ဖက္ရွင္နယ္ပီသတဲ့သူပါ။
ပြဲကစားဖို႔ ေလ့က်င့္ခန္းဆင္းဖို႔ ျငင္းဆန္တဲ့ကစားသမားေတြ က်ေနာ္ႀကဳံခဲ့ဖူးပါတယ္၊ ဒါေပါ့… အခုအဲ့ဒီကစားသမားေတြ အသင္းမွာ မရွိေတာ့ပါဘူး၊ ဒါေပမယ့္ က်ေနာ္ေျပာခ်င္တာတစ္ခုက ေပါ့ဘာဟာ ဘယ္တုန္းကမွ အဲ့ဒီလိုမလုပ္ခဲ့ဖူးဘူးဆိုတာပါပဲ ”

ေပါစခိုးလ္ကေတာ့ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယား အေနနဲ႕ ေပါ့ဘာကို သတိေပးထားသင့္တယ္ ဆိုေပမယ့္ အသင္းေခါင္းေဆာင္ လတ္ပတ္သာ မက္ဂြိုင္းယား ဝတ္ဆင္ထားၿပီး အသင္းရဲ႕ အကယ္ဒမီထြက္ လူငယ္ ကစားသမား ေတြျဖစ္တဲ့ ရပ္ရွ္ဖို႔ ၊ဝီလ်ံ ၊ ဂရင္းဝုဒ္တို႔ကို လႊမ္းမိုးနိုင္တာ ေပါ့ဘာ ျဖစ္ေနခဲ့တာပါ။ ႐ြန္းေန ဇလာတန္ တို႔ မရွိေတာ့တဲ့ေနာက္ ေပါ့ဘာက အဝတ္လဲခန္းကို လႊမ္းမိုးခဲ့ပါတယ္ လို႔ ဆိုၾကပါတယ္။

သို႔ေပမယ့္ လက္ရွိမွာ ဘ႐ူနို ဖာနန္ဒက္စ္က ကြင္းလယ္ကို အပိုင္စားယူထားၿပီး ဘန္ဒိဘိခ္ ထပ္မံေရာက္ရွိလာတဲ့ အျပင္ ‌ေတာ္မီေနး ဖရက္ တို႔ရဲ႕ ေျခစြမ္းဟာလဲ အဆင့္မီတဲ့ ကစားသမားျဖစ္ေၾကာင္း ျပေနပီမို႔ မန္ယူနိုက္တက္မွာ ေပါ့ဘာဟာ မရွိမျဖစ္ မဟုတ္ေတာ့ပါဘူး။ ေပါ့ဘာရဲ႕ အႀကိဳက္ဆုံး ေနရာျဖစ္တဲ့ ကြင္းလယ္တိုက္စစ္ကို ဘ႐ူနိုက အစားထိုးေပးထားၿပီ ျဖစ္ပါတယ္။

ေပါ့ဘာကိုဝယ္ယူဖို႔ အနီးစပ္ဆုံးရွိေနတာကေတာ့ အသင္းေဟာင္းဂ်ဴဗင္တပ္စ္ပါပဲ ။ လက္ရွိမွာ အသက္၂၇ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ေပါ့ဘာဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကိုေရာက္ေနခဲ့ၿပီဆိုေပမယ့္ သူမေပ်ာ္နိုင္ေတာ့တဲ့ အသင္းမွာ ဆက္ၿပီး ေနခ်င္စိတ္ မရွိေတာ့ေလာက္ပါဘူး။ ယူနိုက္တက္ အေနနဲ႕လဲ ေခ်ာ့ေမာ့ၿပီး ဆြဲထားဖို႔ အစီအစဥ္မရွိ ေတာ့ၿပီမို႔ ယူနိုက္တက္နဲ႕ အကယ္ဒမီထြက္ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္ ကစားသမားရဲ႕ ကတၱီပါ လမ္းခြဲကို ေဘာလုံး ဇာတ္ခုံမွာ ျမင္ေတြ႕ရေတာ့မွာပဲ ျဖစ္ပါတယ္။