Unicode Version
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းရဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အခွင့်အရေးရှိတဲ့အသင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကတော့ ဆုဖလားလက်မဲ့အသင်းအဖြစ် ပြီးခဲ့တဲ့ရာသီကအထိ ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဗီလာရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကတော့
လာမယ့်ရာသီမှာ အသင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးအပြည့်ရှိနေပြီး ကံဆိုးမှုတွေကြောင့်သာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့ အလိုရှိတဲ့အရာမှန်သမျှ ဒါမှမဟုတ် အနိုင်ရဖို့ ကျွန်တော်တို့ကြိုးစားတဲ့အရာမှန်သမျှကို ရယူနိုင်မယ့် အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အတွက် ကံမကောင်းခဲ့ပါဘူး၊ ဆုဖလားမဆွတ်ခူးနိုင်ခဲ့ပါဘူး၊
ယူရိုပါလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် အနိုင်မရခဲ့တာပါ၊ ကစားသမားခေါ်ခေါ်မခေါ်ခါ် ယူနိုက်တက်က အမြဲတမ်းခက်ခဲတဲ့ အသင်းတစ်သင်းအဖြစ်ရှိနေပြီး ပါဝင်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ အမြဲကြိုးစားနေမှာပါ”
“ကျွန်တော်အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ အောင်မြင်မှုတွေရယူချင်တဲ့ ဒီအသင်းမှာ ကျွန်တော်ရှီနေပြီး ကျွန်တော်တို့ပါဝင်ကစားနေတဲ့ ပြိုင်ပွဲအားလုံးမှာ အနိုင်ရဖို့အခွင့်အရေးရှိတယ်ဆိုတာကို ကျွန်တော်သိလို့ပါ၊
ပြီးရင်တော့ ဆုဖလားရနိုင်သလို မရနိုင်တာလည်း ရှိမှာပါ၊ ဒါပေမယ့် အခွင့်အရေးကတော့ ရှိနေပါတယ်၊ အောင်မြင်မှုရဖို့ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်သင့်ပါတယ်၊ ဘာလို့မလုပ်နိုင်ရမှာလဲ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။
လာမယ့်ရာသီအတွက် ယူနိုက်တက်က တောင်ပံကစားသမားဆန်ချိုနဲ့ နောက်ခံလူဖာရာနီတို့ကို ခေါ်ယူထားပြီးဖြစ်ကာ ပေါင်သန်း ၁၀၀ ကျော် သုံးစွဲထားပြီးဖြစ်ပါတယ်။ အသင်းရဲ့အဓိကအားနည်းချက်နေရာတွေကို ဖြည့်ဆည်းထားနိုင်ခဲ့တာဖြစ်လို့လည်း ပြီးခဲ့တဲ့ရာသီကထက် ပိုမိုတောင့်တင်းလာမယ်လို့ မျှော်လင့်ရပါတယ်။
Zawgyi Version
မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ အဓိကကြင္းလယ္ကစားသမား ဘ႐ူနိုဖာနန္ဒက္စ္ဟာ ယူနိုက္တက္အသင္းဟာ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲတိုင္းရဲ႕ ဆုဖလားေတြကို စိန္ေခၚနိုင္တဲ့အခြင့္အေရးရွိတဲ့
အသင္းျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ယူရိုပါလိဂ္ဖလားကို ဆြတ္ခူးနိုင္ခဲ့ၿပီးေနာက္ ယူနိုက္တက္ကေတာ့ ဆုဖလားလက္မဲ့အသင္းအျဖစ္ ၿပီးခဲ့တဲ့ရာသီကအထိ ရွိေနခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီမွာလည္း ယူရိုပါလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့ၿပီး ဗီလာရီးရဲလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႕ အေရးနိမ့္ကာ ဒုတိယေနရာနဲ႕သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ ဖာနန္ဒက္စ္ကေတာ့
လာမယ့္ရာသီမွာ အသင္းက ဆုဖလားေတြကို စိန္ေခၚနိုင္တဲ့ အခြင့္အေရးအျပည့္ရွိေနၿပီး ကံဆိုးမႈေတြေၾကာင့္သာ ၿပီးခဲ့တဲ့ရာသီက ဆုဖလားလက္မဲ့ျဖစ္ခဲ့ရတယ္လို႔ ေျပာဆိုခဲ့ေၾကာင္း Goal.com က ေဖာ္ျပခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အလိုရွိတဲ့အရာမွန္သမွ် ဒါမွမဟုတ္ အနိုင္ရဖို႔ ကြၽန္ေတာ္တို႔ႀကိဳးစားတဲ့အရာမွန္သမွ်ကို ရယူနိုင္မယ့္ အခြင့္အေရးရွိတယ္လို႔ ထင္ပါတယ္၊ ၿပီးခဲ့တဲ့ရာသီက ကြၽန္ေတာ္တို႔အတြက္ ကံမေကာင္းခဲ့ပါဘူး၊ ဆုဖလားမဆြတ္ခူးနိုင္ခဲ့ပါဘူး၊
ယူရိုပါလိဂ္ဗိုလ္လုပြဲတက္နိုင္ခဲ့ေပမယ့္ အနိုင္မရခဲ့တာပါ၊ ကစားသမားေခၚေခၚမေခၚခၚ ယူနိုက္တက္က အၿမဲတမ္းခက္ခဲတဲ့ အသင္းတစ္သင္းအျဖစ္ရွိေနၿပီး ပါဝင္ယွဥ္ၿပိဳင္ရမယ့္ ၿပိဳင္ပြဲတိုင္းမွာ အနိုင္ရဖို႔ အၿမဲႀကိဳးစားေနမွာပါ”
“ကြၽန္ေတာ္အၿမဲတမ္းေျပာခဲ့ဖူးပါတယ္၊ ေအာင္ျမင္မႈေတြရယူခ်င္တဲ့ ဒီအသင္းမွာ ကြၽန္ေတာ္ရွီေနၿပီး ကြၽန္ေတာ္တို႔ပါဝင္ကစားေနတဲ့ ၿပိဳင္ပြဲအားလုံးမွာ အနိုင္ရဖို႔အခြင့္အေရးရွိတယ္ဆိုတာကို ကြၽန္ေတာ္သိလို႔ပါ၊
ၿပီးရင္ေတာ့ ဆုဖလားရနိုင္သလို မရနိုင္တာလည္း ရွိမွာပါ၊ ဒါေပမယ့္ အခြင့္အေရးကေတာ့ ရွိေနပါတယ္၊ ေအာင္ျမင္မႈရဖို႔ ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးပုံစံကိုျပသနိုင္သင့္ပါတယ္၊ ဘာလို႔မလုပ္နိုင္ရမွာလဲ” လို႔ ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။
လာမယ့္ရာသီအတြက္ ယူနိုက္တက္က ေတာင္ပံကစားသမားဆန္ခ်ိဳနဲ႕ ေနာက္ခံလူဖာရာနီတို႔ကို ေခၚယူထားၿပီးျဖစ္ကာ ေပါင္သန္း ၁၀၀ ေက်ာ္ သုံးစြဲထားၿပီးျဖစ္ပါတယ္။ အသင္းရဲ႕အဓိကအားနည္းခ်က္ေနရာေတြကို ျဖည့္ဆည္းထားနိုင္ခဲ့တာျဖစ္လို႔လည္း ၿပီးခဲ့တဲ့ရာသီကထက္ ပိုမိုေတာင့္တင္းလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။