Spots news

ယူနိုက်တက်ကိုပြောင်းသွားတဲ့ ဗာရန်းကို နှုတ်ဆက်စကားဆိုလိုက်တဲ့ ရာမိုစ့်

Unicode Version

လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိနေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ဆာဂျီယို ရာမိုစ့်က

မက်ဒရစ်ကနေ ယူနိုက်တက်အသင်းထံသို့ ယခုအပြောင်းအရွေ့ကာလမှာပဲ ပြောင်းရွေ့သွားပြီဖြစ်တဲ့ ရီးရဲလ်အသင်းဖော်ဟောင်း ဗာရန်းထံသို့ ဆုတောင်းစကား ပေးပို့ နှုတ်ဆက်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ်လက်‌ရွေးစင်အဓိက နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ ပြောင်းရွေ့ကြေး ပေါင်၄၂သန်းဖြင့် အပြီးသတ် သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ရာမိုစ့်နဲ့ ဗာရန်းတို့ဟာ ၁၀နှစ်တာနီးပါး အတူတူ ကစားခဲ့ကြပြီး အပြောင်းအရွေ့ကာလ တစ်ခုတည်းမှာပဲ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရာမိုစ့်က “ရာ‌ဖေးလ်ရေ ပြီးခဲ့တဲ့ နှစ်တွေမှာ ရဲဘော်ရဲဖက်လို ဆက်ဆံရေးနှင့် အောင်မြင်မှုတွေအတွက် ငါမင်းကို ကျေးဇူးတင်စကား ဆိုချင်ပါတယ်” ဟု ဆိုပြီး လာလီဂါဆုဖလားနဲ့အတူ နှစ်ယောက်အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာ တင်ထားခဲ့ပါတယ်။

“အသင်းသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။ ငါတို့တစ်ယောက်နဲ တစ်ယောက် ရင်ဆိုင်တွေ့တာ အမြဲတမ်း နိုင်ငံအသင်းနဲ့ဘဲ ဖြစ်ခဲ့တယ်မလား ? ဂရုစိုက်ပါငါကောင့်ရေ”လို့ ဆုတောင်းနှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အဓိကနောက်ခံလူ ဗာရန်းဟာ လန်းစ်အသင်းကနေ ၂၀၁၁ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့ပြီး ရာမို့စ်နဲ့တွဲဖက်ကာ လာလီဂါဖလား ၃ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၄ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား ၃ကြိမ်၊ ကိုပါဒယ်ရေး ၁ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

ယမန်နှစ်က ဘောလုံးရာသီက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့ နောက် ၁၂မှတ်အကွာ ဖြစ်ခဲ့တဲ့ ယူနိုက်တက်ဟာ ရာသီသစ်အတွက် အောင်မြင်မှုရဖို့အတွက် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ပေါင်၇၃သန်း၊ ဗာရန်းကို ပေါင်၄၂သန်း ခေါ်ယူကာ တောင့်တင်းတဲ့ လူစာရင်းဖြစ်လာအောင် အားဖြည့်လျက်ရှိပါတယ်။

Zawgyi Version

လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းကို ေရာက္ရွိေနၿပီျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ေနာက္ခံလူ ဆာဂ်ီယို ရာမိုစ့္က မက္ဒရစ္ကေန ယူနိုက္တက္အသင္းထံသို႔ ယခုအေျပာင္းအေ႐ြ႕ကာလမွာပဲ ေျပာင္းေ႐ြ႕သြားၿပီျဖစ္တဲ့ ရီးရဲလ္အသင္းေဖာ္ေဟာင္း ဗာရန္းထံသို႔ ဆုေတာင္းစကား ေပးပို႔ ႏႈတ္ဆက္လိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ျပင္သစ္လက္‌ေ႐ြးစင္အဓိက ေနာက္ခံလူ ဗာရန္းကို ေခၚယူဖို႔ ေျပာင္းေ႐ြ႕ေၾကး ေပါင္၄၂သန္းျဖင့္ အၿပီးသတ္ သေဘာတူညီမႈ ရယူနိုင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ရာမိုစ့္နဲ႕ ဗာရန္းတို႔ဟာ ၁၀ႏွစ္တာနီးပါး အတူတူ ကစားခဲ့ၾကၿပီး အေျပာင္းအေ႐ြ႕ကာလ တစ္ခုတည္းမွာပဲ ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာခဲ့ၾကသူေတြ ျဖစ္ပါတယ္။

ရာမိုစ့္က “ရာ‌ေဖးလ္ေရ ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ရဲေဘာ္ရဲဖက္လို ဆက္ဆံေရးႏွင့္ ေအာင္ျမင္မႈေတြအတြက္ ငါမင္းကို ေက်းဇူးတင္စကား ဆိုခ်င္ပါတယ္” ဟု ဆိုၿပီး လာလီဂါဆုဖလားနဲ႕အတူ ႏွစ္ေယာက္အတူတြဲရိုက္ထားတဲ့ ဓာတ္ပုံကို လူမႈကြန္ယက္မွာ တင္ထားခဲ့ပါတယ္။

“အသင္းသစ္မွာ အေကာင္းဆုံးျဖစ္ပါေစလို႔ဆုေတာင္းေပးပါတယ္။ ငါတို႔တစ္ေယာက္နဲ တစ္ေယာက္ ရင္ဆိုင္ေတြ႕တာ အၿမဲတမ္း နိုင္ငံအသင္းနဲ႕ဘဲ ျဖစ္ခဲ့တယ္မလား ? ဂ႐ုစိုက္ပါငါေကာင့္ေရ”လို႔ ဆုေတာင္းႏႈတ္ဆက္စကား ဆိုခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕ အဓိကေနာက္ခံလူ ဗာရန္းဟာ လန္းစ္အသင္းကေန ၂၀၁၁ခုႏွစ္က ရီးရဲလ္မက္ဒရစ္အသင္းကို ေရာက္ရွိလာခဲ့ၿပီး ရာမို႔စ္နဲ႕တြဲဖက္ကာ လာလီဂါဖလား ၃ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား ၄ႀကိမ္၊ ယူအီးအက္ဖ္ေအစူပါဖလား ၃ႀကိမ္၊ ကိုပါဒယ္ေရး ၁ႀကိမ္ ဆြတ္ခူးခဲ့ပါတယ္။

ယမန္ႏွစ္က ေဘာလုံးရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ခဲ့တဲ့ မန္စီးတီးရဲ႕ ေနာက္ ၁၂မွတ္အကြာ ျဖစ္ခဲ့တဲ့ ယူနိုက္တက္ဟာ ရာသီသစ္အတြက္ ေအာင္ျမင္မႈရဖို႔အတြက္ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေပါင္၇၃သန္း၊ ဗာရန္းကို ေပါင္၄၂သန္း ေခၚယူကာ ေတာင့္တင္းတဲ့ လူစာရင္းျဖစ္လာေအာင္ အားျဖည့္လ်က္ရွိပါတယ္။