Spots news

ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွေ့ကြေးဖြင့်ခေါ်ယူမယ့် မန်ချက်စတာစီးတီး

Unicode Version

မန်ချက်စတာ စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ်ကို ပေါင် (၁၀၀)သန်းဖြင့် ကနဦး ကမ်းလှမ်းထားပြီး လက်ရှိအချိန်မှာ အပြောင်းအရွှေ့ကိစ္စအတွက် အက်စတွန်ဗီလာအသင်းနှင့်ဆွေးနွေးနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြပါတယ်။

မန်စီးတီးအသင်းရဲ့ စံချိန်တင် ကမ်းလှမ်းမှုကို အက်စတွန်ဗီလာအသင်း အနေနဲ့ လက်ခံခဲ့မည်ဆိုပါက ဂရီးလစ်ရှ် အနေနဲ့ ဗြိတိန်ကလပ်အသင်းများထဲမှ ခေါ်ယူတဲ့ ကစားသမားများထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဗြိတိန်ကလပ်အသင်းများမှ စံချင်တင် ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ကစားသမားများထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် မန်ချက်စတာ ယူနိုက်တက်ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဘာက ရပ်တည်လျက် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၆ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ပေါင် (၈၉)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ဗြိတိန်ကလပ်အသင်းများထဲတွင် ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် မှတ်တမ်းဝင်နေခြင်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၀၀) ပေးချေသွားမှာ ဖြစ်ပြီး၊ ၎င်းကိုလည်း တစ်ပတ်လစာ ပေါင် (၂၀၀၀၀၀) ကျော် ပေးချေသွားရန် ကမ်းလှမ်းမှူများ ပြုလုပ်နေကြောင်း Daily Mail က ဖော်ပြထားပါတယ်။

Zawgyi Version





