Spots news

ယူနိုက်တက်ကို ပြောင်းရွေ့ကစားဖို့ ဆန္ဒရှိနေတဲ့ နောက်ခံအစွန်လူ ထရစ်ပီယာ

Unicode Version

အက်သလက်တီကို အသင်းရဲ့ ညာနောက်ခံလူ ထရစ်ပီယာကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကစားဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။ထရစ်ပီယာဟာ ဒီနွေရာသီ အပြောင်းအရွေ့ မပိတ်ခင်မှာ ယူနိုက်တက်အသင်းထံ အပြောင်းအရွေ့အပြီးသတ်နိုင်ဖို့ မျှော်လင့်နေကြောင်း သတင်းများအရ သိရပါတယ်။

ထရစ်ပီယာရဲ့ မိသားစုဝင်တွေဟာလည်း မန်ချက်စတာမြို့ကို ရွှေ့ပြောင်းထားတာဖြစ်ပြီး  ယူနိုက်တက် ပရိသတ်ဖြစ်တဲ့ မိသားစုဝင်တွေက ထရစ်ပီယာ အနေနဲ့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

နည်းပြ ဆိုးလ်ရှားဟာ ရီးရဲလ်နောက်ခံလူ ဗာရန်းကို ခေါ်ယူပြီးနောက် ညာနောက်ခံနေရာမှာ ဝမ်ဘစ်ဆာကာကို ဖိအားပေးနိုင်ဖို့အတွက် အက်သလက်တီကို

နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ ပြင်ဆင်‌နေသလို ကွင်းလယ်နေရာအတွက်‌ နောက်ထပ် ကစားသမားတစ်ဦးခေါ်ယူဖို့ အတွက်လဲ ပြင်ဆင်လျက်ရှိနေပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းရဲ့ လူငယ် ဘယ်နောက်ခံ ကစားသမား ဝီလီယမ်ဟာ ပရီးမီးယားလိဂ်မှာပဲ အငှားထွက် ကစားနိုင်ချေ ရှိနေသလို ဘယ်နောက်ခံလူဖြစ်တဲ့ တဲလက်စ်ကလည်း ဒဏ်ရာ ရရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ညာနောက်ခံလူ ဒါလော့ကိုလည်းအေစီမီလန်အသင်းထံ အငှား ထပ်မံချရဖွယ်ရှိနေတဲ့ အတွက်နောက်ခံအစွန်နေရာမှာ ကစားမယ့် ကစားသမားတစ်ယောက်ကို ထပ်မံခေါ်ယူဖို့ လိုအပ်နေပြီး ထရစ်ပီယာဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။

Zawgyi Version

အက္သလက္တီကို အသင္းရဲ႕ ညာေနာက္ခံလူ ထရစ္ပီယာကေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ကစားဖို႔ ဆႏၵျပင္းျပေနတယ္လို႔ သိရပါတယ္။ထရစ္ပီယာဟာ ဒီေႏြရာသီ အေျပာင္းအေ႐ြ႕ မပိတ္ခင္မွာ ယူနိုက္တက္အသင္းထံ အေျပာင္းအေ႐ြ႕အၿပီးသတ္နိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သတင္းမ်ားအရ သိရပါတယ္။

ထရစ္ပီယာရဲ႕ မိသားစုဝင္ေတြဟာလည္း မန္ခ်က္စတာၿမိဳ႕ကို ေ႐ႊ႕ေျပာင္းထားတာျဖစ္ၿပီး  ယူနိုက္တက္ ပရိသတ္ျဖစ္တဲ့ မိသားစုဝင္ေတြက ထရစ္ပီယာ အေနနဲ႕ ယူနိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

နည္းျပ ဆိုးလ္ရွားဟာ ရီးရဲလ္ေနာက္ခံလူ ဗာရန္းကို ေခၚယူၿပီးေနာက္ ညာေနာက္ခံေနရာမွာ ဝမ္ဘစ္ဆာကာကို ဖိအားေပးနိုင္ဖို႔အတြက္ အက္သလက္တီကို ေနာက္ခံလူ ထရစ္ပီယာကို ေခၚယူဖို႔ ျပင္ဆင္‌ေနသလို ကြင္းလယ္ေနရာအတြက္‌ ေနာက္ထပ္ ကစားသမားတစ္ဦးေခၚယူဖို႔ အတြက္လဲ ျပင္ဆင္လ်က္ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္ အသင္းရဲ႕ လူငယ္ ဘယ္ေနာက္ခံ ကစားသမား ဝီလီယမ္ဟာ ပရီးမီးယားလိဂ္မွာပဲ အငွားထြက္ ကစားနိုင္ေခ် ရွိေနသလို ဘယ္ေနာက္ခံလူျဖစ္တဲ့ တဲလက္စ္ကလည္း ဒဏ္ရာ ရရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ညာေနာက္ခံလူ ဒါေလာ့ကိုလည္းေအစီမီလန္အသင္းထံ အငွား ထပ္မံခ်ရဖြယ္ရွိေနတဲ့ အတြက္ေနာက္ခံအစြန္ေနရာမွာ ကစားမယ့္ ကစားသမားတစ္ေယာက္ကို ထပ္မံေခၚယူဖို႔ လိုအပ္ေနၿပီး ထရစ္ပီယာဟာ ယူနိုက္တက္ရဲ႕ ပစ္မွတ္ျဖစ္ေနပါတယ္။