Spots news

အနာတ်ဂတ်မသေချာတော့တဲ့ ပေါ့ဘာရဲ့ နေရာအတွက် ဆာအူလ်နဲ့အစားထိုးမယ့် ယူနိုက်တက်

Unicode Version

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူပေ့ါဘာရဲ့နေရာမှာအစားထိုးဖို့ အတွက်

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆာအူလ်ကို ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းမီဒိယာများက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေ့ါဘာကို စာချုပ်သက်တမ်း တိုးဖို့ကြိုးစားနေပေမယ့်လည်း ပေါ့ဘာကိုယ်တိုင်က အမိနိုင်ငံ ပြင်သစ် ကိုပြန်လည်ပြောင်းရွေ့လိုနေပြီး ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ဘက်ကလဲ ပေါ့ဘာအတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၅၀ ခန့်ရရှိမည်ဆိုလျှင် ပီအက်စ်ဂျီထံသို့ ရောင်းချသွားဖွယ်ရာရှိနေပြီး လက်ရှိအချိန်မှာ

ပေါ့ဘာရဲ့နေရာကို အစားထိုးဖို့အတွက် ကွင်းကစားသမား ကြိုတင်ရှာဖွေနေသလို အက်သလက်တီကိုနဲ့ ယခု‌ ယနွေရာသီမှာလမ်းခွဲဖို့နီးစပ်နေတဲ့ ဆာအူလ်ကို ပစ်မှတ်ထားနေပါတယ်။

အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ်ဟာ နည်းပြဖြစ်သူ ဆီမြွန်နီနဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်နေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက

အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူ ဖြစ်သလို အက်သလက်တီကိုအသင်းကလည်း သူ့ကို ယခုနွေရာသီ အပြောင်းအရွေ့မှာပဲ ရောင်းချဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ဆာအူလ်ကို လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းနဲ့ ကစားသမားချင်း တိုက်ရိုက်လဲလှယ်ဖို့ ဆက်သွယ်မှု ပြုလုပ်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းကပြောင်းရွှေ့ကြေးသီးသန့်သာလိုချင်တာ ဖြစ်လို့

ဆွေးနွေးမှု ပျက်ပြယ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ အက်သလက်တီကိုအသင်းဟာ ကွင်းလယ်လူ ဆာအူလ်ကို ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀ ဝန်းကျင်ရရင်ရောင်းချဖွယ်ရှိကြောင်း သိရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူပေါ့ဘာရဲ့နေရာမှာအစားထိုးဖို့ အတွက်


လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို စာချုပ်သက်တမ်း တိုးဖို့ကြိုးစားနေပေမယ့်လည်း ပေါ့ဘာကိုယ်တိုင်က အမိနိုင်ငံ ပြင်သစ် ကိုပြန်လည်ပြောင်းရွေ့လိုနေပြီး ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။





