Spots news

ဗာရန်းရဲ့ နေရာကို ပါအူတောရက်စ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

အသင်းခေါင်းဆောင် ဆာဂျီယိုရာမိုစ့်အပြင် ယခုအခါမှာတော့ ဗာရန်းကိုပါ ယူနိုက်တက်ဆီသို့ လက်လွတ်ထားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ခံစစ်ကစားသမားသစ်တစ်ဦးကို မြန်မြန်ဆန်ဆန်ပဲ ခေါ်ယူဖို့ ပြင်ဆင်နေပြီး  ဗီလာရီးရဲလ်နောက်ခံလူ ပါအူတောရက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ပါအူတောရက်စ်ဟာ ဗီလာရီးရဲလ်အသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်လည်းဖြစ်သလို လက်ရှိအချိန်မှာ စပိန်အသင်းနဲ့လည်း ယူရို-၂၀၂ဝပြိုင်ပွဲကို ယှဉ်ပြိုင်အပြီး ထပ်မံ၍ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကိုပါ ပါဝင်ယှဉ်ပြိုင်နေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ပါအူတောရက်စ်ဟာ ဗီလာရီးရဲလ်အသင်းနဲ့အတူ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ပါအူတောရက်စ်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ကစားသမားအတွက် ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀ ဝန်းကျင် အသုံးပြု သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ပါအူတောရက်စ်ဟာ ဗီလာရီးရဲလ်အကယ်ဒမီက နေ ထွက်ပေါ်လာခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ဗီလာရီးယဲလ် စီနီယာအသင်းမှာ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် နောက်ထပ်ဘောလုံးရာသီမှာတော့ မာလာဂါအသင်းဆီ တစ်ရာသီအငှားချခံရပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာတော့ ဗီလာရီးရဲလ်အသင်းအတွက် အဓိက နောက်ခံလူအဖြစ် နေရာရရှိလာပါတယ်။

ဗီလာရီးရဲလ်အတွက် နှစ်ရာသီအတွင်း ပွဲစဉ်ပေါင်း ၈၀ အထိကို ပါဝင်ကစားထားတဲ့ ပါအူတောရက်စ်ကို ရီးရဲလ်အပြင် ဥရောပကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေပြီး လက်ရှိအချိန်မှာ ရာမိုစ့်နဲ့ ဗာရန်းရဲ့ နေရာကို အစားထိုးဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက လက်ဦးမှု ရယူဖို့ ကြိုးစားနေပါတယ်။

လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို အသင်းလက်မဲ့ ဖြစ်နေတဲ့ နာပိုလီ နောက်ခံလူ နီကိုလာမက်ခ်စီမိုဗစ်ကိုပါ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်

Zawgyi Version

အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမိုစ့္အျပင္ ယခုအခါမွာေတာ့ ဗာရန္းကိုပါ ယူနိုက္တက္ဆီသို႔ လက္လြတ္ထားခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္ အသင္းဟာ ခံစစ္ကစားသမားသစ္တစ္ဦးကို ျမန္ျမန္ဆန္ဆန္ပဲ ေခၚယူဖို႔ ျပင္ဆင္ေနၿပီး  ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူေတာရက္စ္ကို ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

ပါအူေတာရက္စ္ဟာ ဗီလာရီးရဲလ္အသင္းရဲ႕ အဓိက ေနာက္ခံလူတစ္ေယာက္လည္းျဖစ္သလို လက္ရွိအခ်ိန္မွာ စပိန္အသင္းနဲ႕လည္း ယူရို-၂၀၂ဝၿပိဳင္ပြဲကို ယွဥ္ၿပိဳင္အၿပီး ထပ္မံ၍ ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲကိုပါ ပါဝင္ယွဥ္ၿပိဳင္ေနပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ပါအူေတာရက္စ္ဟာ ဗီလာရီးရဲလ္အသင္းနဲ႕အတူ ယူရိုပါလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္သာ ရွိေသးတဲ့ ပါအူေတာရက္စ္ကို ရီးရဲလ္မက္ဒရစ္အသင္းကေန ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ကစားသမားအတြက္ ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၅၀ ဝန္းက်င္ အသုံးျပဳ သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

ပါအူေတာရက္စ္ဟာ ဗီလာရီးရဲလ္အကယ္ဒမီက ေန ထြက္ေပၚလာခဲ့ၿပီး ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီမွာ ဗီလာရီးယဲလ္ စီနီယာအသင္းမွာ ပါဝင္ခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ထပ္ေဘာလုံးရာသီမွာေတာ့ မာလာဂါအသင္းဆီ တစ္ရာသီအငွားခ်ခံရၿပီး ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာေတာ့ ဗီလာရီးရဲလ္အသင္းအတြက္ အဓိက ေနာက္ခံလူအျဖစ္ ေနရာရရွိလာပါတယ္။

ဗီလာရီးရဲလ္အတြက္ ႏွစ္ရာသီအတြင္း ပြဲစဥ္ေပါင္း ၈၀ အထိကို ပါဝင္ကစားထားတဲ့ ပါအူေတာရက္စ္ကို ရီးရဲလ္အျပင္ ဥေရာပကလပ္အသင္းမ်ားစြာကေန စိတ္ဝင္စားေနၿပီး လက္ရွိအခ်ိန္မွာ ရာမိုစ့္နဲ႕ ဗာရန္းရဲ႕ ေနရာကို အစားထိုးဖို႔ ျပင္ဆင္ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းက လက္ဦးမႈ ရယူဖို႔ ႀကိဳးစားေနပါတယ္။

လက္ရွိအခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ ေနာက္ခံလူ ေဒးဗစ္အလာဘာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူထားသလို အသင္းလက္မဲ့ ျဖစ္ေနတဲ့ နာပိုလီ ေနာက္ခံလူ နီကိုလာမက္ခ္စီမိုဗစ္ကိုပါ ေခၚယူနိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္