Spots news

ရာသီအစပွဲစဉ်တွေကို လွဲချော်မယ့် ယူနိုက်တက် အဓိက ကစားသမား ၃ ဦး

Unicode Version

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့ ပြောကြားချက် အရ နောက်ခံလူ အဲလက်စ် တဲလက်စ် ဟာ အသင်းရဲ့ ရာသီ အဖွင့် ပွဲစဥ်တွေ ကို လွဲချော်ရမှာ ဖြစ်ပြီး ဆောက်သမ်တန် ၊ ဝုလ်ဗ် အသင်း နဲ့ ပွဲစဥ် တွေ အထိပါ လွဲချော်လိမ့်မယ်လို့ သိရပါတယ် ။

အဲလက်စ် တဲလက်စ်ဟာ ယူနိုက်တက် အသင်းနဲ့ အတူ ပါဝင်ခဲ့တဲ့ ရာသီကြို လေ့ကျင့်ရေး ပွဲစဥ်တွေမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့တဲ့ အတွက် ကျူပီအာ အသင်းနဲ့ ရင်ဆိုင်ရတဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက် အသင်းအတွက် ပါဝင် ကစားပေးခွင့် လွဲချော်ခဲ့ပါတယ်။

ယူရို 2020 ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက် ဘယ် နောက်ခံလူ လုခ်ရှော ဟာလည်း ယူရိုပွဲအပြီး အားလပ်ရက် ရရှိနေတာ ဖြစ်နေတဲ့အတွက် မန်ချက်စတာ ယူနိုက်တက်တိရဲ့ ရာသီ အစ ဘောလုံး ပွဲစဥ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။

သို့‌ဖြစ်၍ ဘယ်နောက်ခံလူ နှစ်ဦးဖြစ်တဲ့ အဲလက်စ်တဲလက်စ် နဲ့ လုခ်ရှော နှစ်ဦးစလုံးဟာ ပွဲထွက်လာဖို့ မဖြစ်နိုင်တော့တဲ့ အတွက် ယူနိုက်တက်ဟာ ရာသီသစ်ရဲ့ အစောပိုင်း ပွဲစဥ်တွေကို လူငယ်နောက်ခံလူ ဘရန်ဒန် ဝီလီယံ နဲ့ ပွဲထွက် လာဖွယ်ရာ ရှိနေပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒဏ်ရာ ပြသနာတွေကြား ယူနိုက်တက် အသင်း အတွက် ကစားပေးခဲ့ သလို ယူရို 2020 ပြိုင်ပွဲမှာလည်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရတဲ့အတွက် အနားမယူပဲ ကစားပေးခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဟာ ပုခုံး ဒဏ်ရာကို ခွဲစိတ် ကုသမှာ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မားကပ်စ် ရပ်ရှ်ဖို့ဟာ ကာလရှည် ခံစားခဲ့ရတဲ့ နောက်ကျော ဒဏ်ရာကို ခွဲစိတ်ကုသသွားဖို့ ရှိနေပြီး အောက်တိုဘာလ အထိ အနားယူသွားရမှာ ဖြစ်တာကြောင့် အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖွယ် မရှိသေးပါဘူး။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားရဲ႕ ေျပာၾကားခ်က္ အရ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ ဟာ အသင္းရဲ႕ ရာသီ အဖြင့္ ပြဲစဥ္ေတြ ကို လြဲေခ်ာ္ရမွာ ျဖစ္ၿပီး ေဆာက္သမ္တန္ ၊ ဝုလ္ဗ္ အသင္း နဲ႕ ပြဲစဥ္ ေတြ အထိပါ လြဲေခ်ာ္လိမ့္မယ္လို႔ သိရပါတယ္ ။

အဲလက္စ္ တဲလက္စ္ဟာ ယူနိုက္တက္ အသင္းနဲ႕ အတူ ပါဝင္ခဲ့တဲ့ ရာသီႀကိဳ ေလ့က်င့္ေရး ပြဲစဥ္ေတြမွာ ေျခခ်င္းဝတ္ ဒဏ္ရာ ရရွိခဲ့တဲ့ အတြက္ က်ဴပီအာ အသင္းနဲ႕ ရင္ဆိုင္ရတဲ့ ေျခစမ္းပြဲမွာ ယူနိုက္တက္ အသင္းအတြက္ ပါဝင္ ကစားေပးခြင့္ လြဲေခ်ာ္ခဲ့ပါတယ္။

ယူရို 2020 ၿပိဳင္ပြဲမွာ အဂၤလန္လက္ေ႐ြးစင္ အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ ယူနိုက္တက္ ဘယ္ ေနာက္ခံလူ လုခ္ေရွာ ဟာလည္း ယူရိုပြဲအၿပီး အားလပ္ရက္ ရရွိေနတာ ျဖစ္ေနတဲ့အတြက္ မန္ခ်က္စတာ ယူနိုက္တက္တိရဲ႕ ရာသီ အစ ေဘာလုံး ပြဲစဥ္ေတြကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

သို႔‌ျဖစ္၍ ဘယ္ေနာက္ခံလူ ႏွစ္ဦးျဖစ္တဲ့ အဲလက္စ္တဲလက္စ္ နဲ႕ လုခ္ေရွာ ႏွစ္ဦးစလုံးဟာ ပြဲထြက္လာဖို႔ မျဖစ္နိုင္ေတာ့တဲ့ အတြက္ ယူနိုက္တက္ဟာ ရာသီသစ္ရဲ႕ အေစာပိုင္း ပြဲစဥ္ေတြကို လူငယ္ေနာက္ခံလူ ဘရန္ဒန္ ဝီလီယံ နဲ႕ ပြဲထြက္ လာဖြယ္ရာ ရွိေနပါတယ္ ။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ဒဏ္ရာ ျပသနာေတြၾကား ယူနိုက္တက္ အသင္း အတြက္ ကစားေပးခဲ့ သလို ယူရို 2020 ၿပိဳင္ပြဲမွာလည္း အဂၤလန္ လက္ေ႐ြးစင္ အသင္းမွာ ေ႐ြးခ်ယ္ခံရတဲ့အတြက္ အနားမယူပဲ ကစားေပးခဲ့တဲ့ တိုက္စစ္မႉး မားကပ္စ္ ရပ္ရွ္ဖို႔ဟာ ပုခုံး ဒဏ္ရာကို ခြဲစိတ္ ကုသမွာ ျဖစ္ပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြ အရေတာ့ မားကပ္စ္ ရပ္ရွ္ဖို႔ဟာ ကာလရွည္ ခံစားခဲ့ရတဲ့ ေနာက္ေက်ာ ဒဏ္ရာကို ခြဲစိတ္ကုသသြားဖို႔ ရွိေနၿပီး ေအာက္တိုဘာလ အထိ အနားယူသြားရမွာ ျဖစ္တာေၾကာင့္ အသင္းအတြက္ ျပန္လည္ ကစားေပးနိုင္ဖြယ္ မရွိေသးပါဘူး။