Spots news

ဆန်ချို နဲ့ ဗာရန်း ရောက်ရှိလာလို့ မန်ယူမှာ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်တဲ့ ပေါ့ဘာ

Unicode Version

လက်ရှိအချိန်မှာ အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ကမ္ဘာ့အဆင့် ထိပ်သီး ခြေစွမ်းရှိတဲ့ ဆန်ချို နဲ့ ဗာရန်း တို့ကို ဆက်တိုက်ဆိုသလို ခေါ်ယူနိုင်ခဲ့တာကြောင့် ဆုဖလားအောင်မြင်မှု ရယူဖို့ ရှိနေတဲ့အတွက် ပေါ့ဘာဟာ ယူနိုက်တက်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပေါ့ဘာရဲ့ ပြင်သစ် ကစားဖော် ဗာရန်း ကို ယူနိုက်တက်က ခေါ်ယူအပြီးမှာ ပေါ့ဘာ က ဗာရန်း နဲ့ Video Call ပြောနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်ပေါ်မှာတင်ပြီး ကြိုဆိုခဲ့ပါတယ် ။

လက်ရှိအချိန်မှာ ပေါ့ဘာ နဲ့ ယူနိုက်တက်တို့ရဲ့စာချုပ်သက်တမ်းဟာ ၁ နှစ်ပဲ ကျန်ရှိတော့တဲ့ အတွက် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ယူနိုက်တက် တာဝန်ရှိသူတွေက ကြိုးစား‌ နေပါတယ်။

သို့ပေမယ့် ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ စာချုပ်သစ်ကမ်းလှမ်းမှုကို တိုးတက်မှု မရှိအောင် ပြုလုပ်နေပါတယ် ။ ပေါ့ဘာ ကို အေ့ဂျင့်ဖြစ်သူ ရွိုင်အိုလာက ပြင်သစ်ကလပ် PSG နဲ့အခါးသီးဆုံးပြိုင်ဖက် လီဗာပူးတို့ကို ပြောင်းရွေ့ဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ထိုအခြေအနေတွေ ဖြစ်ပေါ်နေပေမယ့် ပေါ့ဘာ ရဲ့ မိခင်အပါအဝင် တခြားသောမိသားစုတွေက PSG ရဲ့ ပြိုင်ဘက် ပြင်သစ်ကလပ် မာဆေးလ် ရဲ့ အမာခံပရိသတ်တွေဖြစ်တာကြောင့် ပေါ့ဘာကို PSG ကိုမပြောင်းဖို့ ပြောနေသလို PSG ပရိတ်သတ်တွေကလဲ ပေါ့ဘာ ပြောင်းရွှေ့လာမှာကို မလိုလားပဲ ဆန္ဒပြမှုတွေလုပ်ဆောင် နေပါတယ်။

လီဗာပူးအသင်းကလဲ ပေါ့ဘာကို စိတ်ဝင်စားမှု မရှိတာမလို့ ပေါ့ဘာ အနေနဲ့ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပြန်လည်စဉ်းစားသွားဖို့ ရှိနေပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား နဲ့လည်း

ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ပေါ့ဘာ ဟာ ချန်ပီယံဆုကို ရည်မှန်းပြီး အင်အားဖြည့်တင်းနေတဲ့ ယူနိုက်တက်ကို အားရနေတာဖြစ်လို့ ယူနိုက်တက်နဲ့ စာချုပ်သစ်တိုးပြီး အသင်းမှာပဲ ဆက်နေဖို့ ရာနှုန်းများနေပါတယ်။

Zawgyi Version

လက္ရွိအခ်ိန္မွာ အသင္းေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ယူနိုက္တက္ကြင္းလယ္လူ ေပါ့ဘာ က သူ႕ရဲ႕ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္သြားေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ ကမာၻ႔အဆင့္ ထိပ္သီး ေျခစြမ္းရွိတဲ့ ဆန္ခ်ိဳ နဲ႕ ဗာရန္း တို႔ကို ဆက္တိုက္ဆိုသလို ေခၚယူနိုင္ခဲ့တာေၾကာင့္ ဆုဖလားေအာင္ျမင္မႈ ရယူဖို႔ ရွိေနတဲ့အတြက္ ေပါ့ဘာဟာ ယူနိုက္တက္မွာ ဆက္ေနဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

ေပါ့ဘာရဲ႕ ျပင္သစ္ ကစားေဖာ္ ဗာရန္း ကို ယူနိုက္တက္က ေခၚယူအၿပီးမွာ ေပါ့ဘာ က ဗာရန္း နဲ႕ Video Call ေျပာေနတဲ့ ပုံရိပ္ေတြကို လူမႈကြန္ရက္ေပၚမွာတင္ၿပီး ႀကိဳဆိုခဲ့ပါတယ္ ။

လက္ရွိအခ်ိန္မွာ ေပါ့ဘာ နဲ႕ ယူနိုက္တက္တို႔ရဲ႕စာခ်ဳပ္သက္တမ္းဟာ ၁ ႏွစ္ပဲ က်န္ရွိေတာ့တဲ့ အတြက္ စာခ်ဳပ္သက္တမ္းတိုးနိုင္ဖို႔ ယူနိုက္တက္ တာဝန္ရွိသူေတြက ႀကိဳးစား‌ ေနပါတယ္။

သို႔ေပမယ့္ ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ႐ြိုင္အိုလာဟာ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို တိုးတက္မႈ မရွိေအာင္ ျပဳလုပ္ေနပါတယ္ ။ ေပါ့ဘာ ကို ေအ့ဂ်င့္ျဖစ္သူ ႐ြိုင္အိုလာက ျပင္သစ္ကလပ္ PSG နဲ႕အခါးသီးဆုံးၿပိဳင္ဖက္ လီဗာပူးတို႔ကို ေျပာင္းေ႐ြ႕ဖို႔ ကမ္းလွမ္းမႈေတြ လုပ္ခဲ့ေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

ထိုအေျခအေနေတြ ျဖစ္ေပၚေနေပမယ့္ ေပါ့ဘာ ရဲ႕ မိခင္အပါအဝင္ တျခားေသာမိသားစုေတြက PSG ရဲ႕ ၿပိဳင္ဘက္ ျပင္သစ္ကလပ္ မာေဆးလ္ ရဲ႕ အမာခံပရိသတ္ေတြျဖစ္တာေၾကာင့္ ေပါ့ဘာကို PSG ကိုမေျပာင္းဖို႔ ေျပာေနသလို PSG ပရိတ္သတ္ေတြကလဲ ေပါ့ဘာ ေျပာင္းေ႐ႊ႕လာမွာကို မလိုလားပဲ ဆႏၵျပမႈေတြလုပ္ေဆာင္ ေနပါတယ္။

လီဗာပူးအသင္းကလဲ ေပါ့ဘာကို စိတ္ဝင္စားမႈ မရွိတာမလို႔ ေပါ့ဘာ အေနနဲ႕ ယူနိုက္တက္ရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျပန္လည္စဥ္းစားသြားဖို႔ ရွိေနပါတယ္။ ယူနိုက္တက္နည္းျပ ဆိုးလ္ရွား နဲ႕လည္း

ရင္းႏွီးတဲ့ဆက္ဆံေရးရွိတဲ့ ေပါ့ဘာ ဟာ ခ်န္ပီယံဆုကို ရည္မွန္းၿပီး အင္အားျဖည့္တင္းေနတဲ့ ယူနိုက္တက္ကို အားရေနတာျဖစ္လို႔ ယူနိုက္တက္နဲ႕ စာခ်ဳပ္သစ္တိုးၿပီး အသင္းမွာပဲ ဆက္ေနဖို႔ ရာႏႈန္းမ်ားေနပါတယ္။