Unicode Version
ယခုနွေရာသီမှာ မန်စီးတီးအသင်းကို စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်လူ ဂရီးလစ်ရှ်ကတော့ တစ်ချိန်က မန်စီးတီး အသင်းကို သဘောမကျ ကြောင်း သိသာစေတဲ့ သူ့ရဲ့ လူမှုကွန်ရက်က ပို့စ်အဟောင်းတွေကို ပြန်ဖျက်နေကြောင်း သတင်းတွေအရ သိရပါတယ်။
မန်စီးတီးအသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ်ကို ပေါင် ၁၀၀ သန်းဖြင့် ကနဦး ကမ်းလှမ်းထားပြီး လက်ရှိအချိန်မှာ အပြောင်းအရွှေ့ကိစ္စအတွက် အက်စတွန်ဗီလာအသင်းနှင့်ဆွေးနွေးနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြပါတယ်။
မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ပေးချေသွားမှာ ဖြစ်တဲ့အပြင် ကစားသမားကိုလဲ တစ်ပတ်လုပ်ခ လစာ ပေါင် ၂၀၀၀၀၀ ကျော် ပေးချေသွားရန် ကမ်းလှမ်းမှူများ ပြုလုပ်နေကြောင်း သတင်းများအရ သိရပါတယ်။
သို့ပေမယ့် ဂရီးလစ်ရှ်ရဲ့ လူမှုကွန်ရက်က ပို့စ်တွေကတော့ သူဟာ မန်ချက်စတာမြို့ခံ နှစ်သင်းမှာ မန်စီးတီး အသင်းထက် မန်ချက်စတာ ယူနိုက်တက်ကို ပိုပြီးသဘောကျတဲ့ ကစားသမားဆိုတာ ငြင်းပယ်စရာ မရှိလောက်အောင် သိသာလွန်းနေပါတယ်။
ဂရီးလစ်ရှ်ဟာ လက်ရှိအချိန်မှာ မန်စီးတီးကို ပြောင်းရွေ့ဖို့ ရာနှုန်းများနေတဲ့ အတွက် အယူနိုက်တက်ကို အားပေးထားတဲ့ သူ့ရဲ့ ပို့စ်တွေကို ပြန်ဖျက်နေတာကြောင့်လည်း မန်စီးတီးပရိသတ်တွေအတွက် အပြောင်းအရွေ့ကို ပိုပြီးရင်ခုန် စိတ်လှုပ်ရှား ချင်စရာ ဖြစ်လာခဲ့ပါတယ်။
ဖျက်ပစ်ခဲ့တဲ့ ပို့စ်တွေကတော့ “ ဒီနေ့ည ယူနိုက်တက်ပွဲကို ကြည့်ဖို့ ငါအိပ်လို့မရဘူး#RedDevils ဘောလုံးပွဲစတော့မယ်၊ ယူနိုက်တက်ရေ အနိုင်ကန်ကွာ ၊ မန်စီးတီးရှုံးပါစေ။ စီးတီးလိဂ်ချန်ပီယံဖြစ်မယ်ကို ငါမကြိုက်ဘူး ။ဗီလာလည်း ကြိုးစားထားမယ်”စတဲ့ ယူနိုက်တက်ကို အားပေးထားတဲ့ ပို့စ်တွေပဲ ဖြစ်ပါတယ်။
Zawgyi Version
ယခုေႏြရာသီမွာ မန္စီးတီးအသင္းကို စံခ်ိန္တင္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေနတဲ့ ကြင္းလယ္လူ ဂရီးလစ္ရွ္ကေတာ့ တစ္ခ်ိန္က မန္စီးတီး အသင္းကို သေဘာမက် ေၾကာင္း သိသာေစတဲ့ သူ႕ရဲ႕ လူမႈကြန္ရက္က ပို႔စ္အေဟာင္းေတြကို ျပန္ဖ်က္ေနေၾကာင္း သတင္းေတြအရ သိရပါတယ္။
မန္စီးတီးအသင္းဟာ အဂၤလန္ကြင္းလယ္လူ ဂရီးလစ္ရွ္ကို ေပါင္ ၁၀၀ သန္းျဖင့္ ကနဦး ကမ္းလွမ္းထားၿပီး လက္ရွိအခ်ိန္မွာ အေျပာင္းအေ႐ႊ႕ကိစၥအတြက္ အက္စတြန္ဗီလာအသင္းႏွင့္ေဆြးေႏြးေနေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပေနၾကပါတယ္။
မန္စီးတီးအသင္းဟာ ဂရီးလစ္ရွ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၁၀၀ေပးေခ်သြားမွာ ျဖစ္တဲ့အျပင္ ကစားသမားကိုလဲ တစ္ပတ္လုပ္ခ လစာ ေပါင္ ၂၀၀၀၀၀ ေက်ာ္ ေပးေခ်သြားရန္ ကမ္းလွမ္းမႉမ်ား ျပဳလုပ္ေနေၾကာင္း သတင္းမ်ားအရ သိရပါတယ္။
သို႔ေပမယ့္ ဂရီးလစ္ရွ္ရဲ႕ လူမႈကြန္ရက္က ပို႔စ္ေတြကေတာ့ သူဟာ မန္ခ်က္စတာၿမိဳ႕ခံ ႏွစ္သင္းမွာ မန္စီးတီး အသင္းထက္ မန္ခ်က္စတာ ယူနိုက္တက္ကို ပိုၿပီးသေဘာက်တဲ့ ကစားသမားဆိုတာ ျငင္းပယ္စရာ မရွိေလာက္ေအာင္ သိသာလြန္းေနပါတယ္။
ဂရီးလစ္ရွ္ဟာ လက္ရွိအခ်ိန္မွာ မန္စီးတီးကို ေျပာင္းေ႐ြ႕ဖို႔ ရာႏႈန္းမ်ားေနတဲ့ အတြက္ အယူနိုက္တက္ကို အားေပးထားတဲ့ သူ႕ရဲ႕ ပို႔စ္ေတြကို ျပန္ဖ်က္ေနတာေၾကာင့္လည္း မန္စီးတီးပရိသတ္ေတြအတြက္ အေျပာင္းအေ႐ြ႕ကို ပိုၿပီးရင္ခုန္ စိတ္လႈပ္ရွား ခ်င္စရာ ျဖစ္လာခဲ့ပါတယ္။
ဖ်က္ပစ္ခဲ့တဲ့ ပို႔စ္ေတြကေတာ့ “ ဒီေန႕ည ယူနိုက္တက္ပြဲကို ၾကည့္ဖို႔ ငါအိပ္လို႔မရဘူး#RedDevils ေဘာလုံးပြဲစေတာ့မယ္၊ ယူနိုက္တက္ေရ အနိုင္ကန္ကြာ ၊ မန္စီးတီးရႈံးပါေစ။ စီးတီးလိဂ္ခ်န္ပီယံျဖစ္မယ္ကို ငါမႀကိဳက္ဘူး ။ဗီလာလည္း ႀကိဳးစားထားမယ္”စတဲ့ ယူနိုက္တက္ကို အားေပးထားတဲ့ ပို႔စ္ေတြပဲ ျဖစ္ပါတယ္။