Spots news

ဒဏ်ရာပြသနာကြောင့် ရာမိုစ့်ကို ပွဲထွက်ခွင့် ပေးလို့မရနေတဲ့ ပီအက်စ်ဂျီ

Unicode Version

ရီးရဲမက်ဒရစ်အသင်းကနေ ယခုအပြောင်းအ‌ရွေ့မှာ ပီအက်စ်ဂျီ အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ဗဟိုခံစစ်မှူး ရာမို့စ်ဟာ မူလဒဏ်ရာ အကင်းမသေ သေးမှုကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲအစကို လွဲချော်နေပါတယ်။

နည်းပြ ပွန်ခိုတီနိုကလည် နောက်ခံကစားသမားသစ် ရာမိုစ့်ကို ခြေစမ်းပွဲတွေမှာ အရဲစွန့် မသုံးသေးပဲ လာမယ့် အင်္ဂါနေ့ကျမှ က စားရမယ့် စပိန်ကလပ် ဆီဗီလာ အသင်းနဲ့ပွဲမှာမှ ပထမဆုံး ပွဲထုတ်လာဖို့လည်း ရှိနေပါတယ်။

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက‌နေ ပြောင်းရွေ့လာခဲ့တဲ့ နောက်ခံလူ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းနှင့်အတူ ၂၀၂၃အထိ သက်တမ်းရှိတဲ့ ၂နှစ် စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

စပိန်လက်ရွေးစင် အသင်းရဲ့ အဓိက နောက်ခံကစားသမားဟောင်း ဖြစ်တဲ့ ရာမိုစ့်ဟာ၂၀၀၃-၀၄ ဘောလုံးရာသီမှာ ဆီဗီလာအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းနှင့်အတူ အောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့သူပါ။

နောက်ခံလူ တစ်ဦး ဖြစ်သော်ပေမယ့် ရာမိုစ့်ဟာ ဂိုးသွင်းစွမ်းရည်ကောင်းမွန်ပြီး ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၆၇၁ပွဲမှာ ၁၀၁ဂိုးထိ သွင်းယူပေးနိုင်ခဲ့သူပါ။ ဒါ့အပြင် စပိန် လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊၂၀၁၂ ဥရောပဖလား ၂၀၀၈ ဥရောပဖလားတို့ကိုလည်း ဆွတ်ခူးရရှိခဲ့ဖူးသူပါ။

Zawgyi Version

ရီးရဲမက္ဒရစ္အသင္းကေန ယခုအေျပာင္းအ‌ေ႐ြ႕မွာ ပီအက္စ္ဂ်ီ အသင္းဆီကို ေျပာင္းေ႐ႊ႕ ေရာက္ရွိလာတဲ့ ဗဟိုခံစစ္မႉး ရာမို႔စ္ဟာ မူလဒဏ္ရာ အကင္းမေသ ေသးမႈေၾကာင့္ ပီအက္စ္ဂ်ီအသင္းရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲအစကို လြဲေခ်ာ္ေနပါတယ္။

နည္းျပ ပြန္ခိုတီနိုကလည္ ေနာက္ခံကစားသမားသစ္ ရာမိုစ့္ကို ေျခစမ္းပြဲေတြမွာ အရဲစြန႔္ မသုံးေသးပဲ လာမယ့္ အဂၤါေန႕က်မွ က စားရမယ့္ စပိန္ကလပ္ ဆီဗီလာ အသင္းနဲ႕ပြဲမွာမွ ပထမဆုံး ပြဲထုတ္လာဖို႔လည္း ရွိေနပါတယ္။

စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္အသင္းက‌ေန ေျပာင္းေ႐ြ႕လာခဲ့တဲ့ ေနာက္ခံလူ ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအသင္းႏွင့္အတူ ၂၀၂၃အထိ သက္တမ္းရွိတဲ့ ၂ႏွစ္ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုထားသူလည္း ျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ အသင္းရဲ႕ အဓိက ေနာက္ခံကစားသမားေဟာင္း ျဖစ္တဲ့ ရာမိုစ့္ဟာ၂၀၀၃-၀၄ ေဘာလုံးရာသီမွာ ဆီဗီလာအသင္းႏွင့္အတူ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားဘဝကို စတင္ခဲ့သူျဖစ္ၿပီး ရီးရဲမက္ဒရစ္အသင္းႏွင့္အတူ ေအာင္ျမင္မႈမ်ားစြာ ပိုင္ဆိုင္ခဲ့သူပါ။

ေနာက္ခံလူ တစ္ဦး ျဖစ္ေသာ္ေပမယ့္ ရာမိုစ့္ဟာ ဂိုးသြင္းစြမ္းရည္ေကာင္းမြန္ၿပီး ရီးရဲလ္မက္ဒရစ္ အတြက္ ပြဲေပါင္း ၆၇၁ပြဲမွာ ၁၀၁ဂိုးထိ သြင္းယူေပးနိုင္ခဲ့သူပါ။ ဒါ့အျပင္ စပိန္ လက္ေ႐ြးစင္အသင္းႏွင့္အတူ ၂၀၁၀ ကမာၻ႔ဖလား၊၂၀၁၂ ဥေရာပဖလား ၂၀၀၈ ဥေရာပဖလားတို႔ကိုလည္း ဆြတ္ခူးရရွိခဲ့ဖူးသူပါ။