Spots news

သတင်းထွက်တာ မက်ဒရစ်ဖြစ်နေလို့ အပြောင်းအရွေ့က ဖြစ်မှာပါ

Unicode Version

ရီးရဲမက်ဒရစ်အသင်းဟာ လီဗာပူး တိုက်စစ်ကစားသမား မိုဟာမက် ဆာလတ် ကို၎င်းတို့ခေါ်ယူမယ့် ဦးစားပေးပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တယ်လို့ Sky Sports ကဖော်ပြခဲ့တာဖြစ်ပါတယ်။စပိန်ထိပ်သီး ကလပ်အနေနဲ့ ဆာလတ် ကို ကြီးကြီးမားမား အပြောင်းအရွေ့ ပစ်မှတ်အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပြီး ယခုနှစ်နွေရာသီအပြောင်းအရွေ့ကာလမှာ အီဂျစ်လက်ရွေးစင်ကိုခေါ်ယူဖို့ ကြိုးစားသွားမှာပဲဖြစ်ပါတယ်။

ဆာလတ် ဟာ လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလား တို့ကို ရရှိထားသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ အသင်းဖော် တိုက်စစ်မှူး မာနေးနဲ့ ဆက်ဆံရေးအရ အဆင်မပြေ ဖြစ်ခဲ့သလို လက်ရှိ ဘောလုံးရာသီ မှာလည်း ချန်ပီယံလိဂ်ပွဲ တစ်ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ် မပေးတာနဲ့ ပတ်သတ်ပြီး နည်းပြဖြစ်သူ ကလော့ပ်နဲ့လည်း အနည်းငယ် ဆက်ဆံရေး တင်းမာခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် မိုဟာမက် ဆာလက်ဟာ ရိုးမားအသင်းကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့ အပြီးမှာ သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း လီဗာပူးအသင်းရဲ့ အဓိက ဂိုးသွင်းစက် တစ်လုံး ဖြစ်နေသူပါ။

ပြီးခဲ့တဲ့ သီ‌တင်းပတ် အနည်းငယ်က ဆာလတ်ဟာ လီဗာပူးအသင်းမှာ ပျော်ရွှင်မှု မရှိတော့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး။ ဆာလတ်အနေနဲ့ အသင်းပြောင်းရွေ့ ဖို့ အစီအစဉ်များ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

နောက်ပိုင်း ပွဲစဥ် တွေ မှာလဲ ဆာလက်ဟာ အကောင်းဆုံး ပုံစံတွေမှာ ရှိမနေသလို သူ့ရဲ့ ကစားဟန်က လီဗာပူးတိုက်စစ်အတွက် အကူအညီ မဖြစ်ဘူးလို့ ထောက်ပြလာတာပါ။ လီဗာပူးကစားသမားဟောင်း အများအပြားက ဦးတည်ချက်လွဲသလို ဖြစ်နေတဲ့ ဆာလက်နဲ့ ပက်သက်လို့ ထောက်ပြမှုတွေ လုပ်နေပြီး ကစားသမားကို တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြန်လည် ပြသဖို့ တိုက်တွန်းလာနေကြတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီ အတွေ့အကြုံရင့် ထိပ်တန်း တိုက်စစ်မှူး တစ်ဦး အလိုရှိနေတာ ဖြစ်ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ နဲ့ ဘာပေ တို့ကို ကမ်းလှမ်းမှု အဆင်မပြေတာ ကြောင့် ဆာလတ်ကို ပြောင်းလဲ ချဉ်းကပ်လာတာပါ။ ဆာလက်ရဲ့ ပြောင်းရွေ့ကြေးကို မက်ဒရစ်က ပေါင်သန်း ၉၀ ခန့် ဖြင့် ကမ်းလှမ်း လာဖွယ်ရာ ရှိပြီး လီဗာပူး အသင်းကတော့ ပေါင် ၁၀၀သန်းခန့် ရရှိရင် ဆာလက်ကို ရောင်းချဖွယ် ရှိကြောင်း Sky Sports သတင်းဌာနက ဖော်ပြ သွားပါတယ်။

Zawgyi Version

ရီးရဲမက္ဒရစ္အသင္းဟာ လီဗာပူးတိုက္စစ္ကစားသမား မိုဟာမက္ ဆာလတ္ ကို၎တို႔ေခၚယူမယ့္ ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔ Sky Sports ကေဖာ္ျပခဲ့တာျဖစ္ပါတယ္။စပိန္ထိပ္သီး ကလပ္အေနနဲ႕ ဆာလတ္ ကို ႀကီးႀကီးမားမား အေျပာင္းအေ႐ြ႕ပစ္မွတ္အျဖစ္သတ္မွတ္ခဲ့တာျဖစ္ၿပီး ယခုႏွစ္ေႏြရာသီအေျပာင္းအေ႐ြ႕ကာလမွာ အီဂ်စ္လက္ေ႐ြးစင္ကိုေခၚယူဖို႔ႀကိဳးစားသြားမွာပဲျဖစ္ပါတယ္။

ဆာလတ္ ဟာ လီဗာပူးအသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ဖလား ၊ ပရီးမီးယားလိဂ္ဖလား တို႔ကို ရရွိထားသူ ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ကုန္ခါနီးမွာ အသင္းေဖာ္ တိုက္စစ္မႉး မာေနးနဲ႕ ဆက္ဆံေရးအရ အဆင္မေျပ ျဖစ္ခဲ့သလို လက္ရွိ ေဘာလုံးရာသီ မွာလည္း ခ်န္ပီယံလိဂ္ပြဲ တစ္ပြဲမွာ အသင္းေခါင္းေဆာင္ လက္ပတ္ မေပးတာနဲ႕ ပတ္သတ္ၿပီး နည္းျပျဖစ္သူ ကေလာ့ပ္နဲ႕လည္း အနည္းငယ္ ဆက္ဆံေရး တင္းမာခဲ့သူလည္း ျဖစ္ပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ အီဂ်စ္လက္ေ႐ြးစင္ အသင္းရဲ႕ အသင္းေခါင္းေဆာင္ မိုဟာမက္ ဆာလက္ဟာ ရိုးမားအသင္းကေန လီဗာပူးအသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့ အၿပီးမွာ သူဟာ ကမာၻ႔အဆင့္ တိုက္စစ္မႉး တစ္ဦးျဖစ္ေၾကာင္း သက္ေသ ျပနိုင္ခဲ့ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာလည္း လီဗာပူးအသင္းရဲ႕ အဓိက ဂိုးသြင္းစက္ တစ္လုံး ျဖစ္ေနသူပါ။

ၿပီးခဲ့တဲ့ သီ‌တင္းပတ္ အနည္းငယ္က ဆာလတ္ဟာ လီဗာပူးအသင္းမွာ ေပ်ာ္႐ႊင္မႈ မရွိေတာ့ေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီး။ ဆာလတ္အေနနဲ႕ အသင္းေျပာင္းေ႐ြ႕ ဖို႔ အစီအစဥ္မ်ား ျပဳလုပ္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။

ေနာက္ပိုင္း ပြဲစဥ္ ေတြ မွာလဲ ဆာလက္ဟာ အေကာင္းဆုံး ပုံစံေတြမွာ ရွိမေနသလို သူ႕ရဲ႕ ကစားဟန္က လီဗာပူးတိုက္စစ္အတြက္ အကူအညီ မျဖစ္ဘူးလို႔ ေထာက္ျပလာတာပါ။ လီဗာပူးကစားသမားေဟာင္း အမ်ားအျပားက ဦးတည္ခ်က္လြဲသလို ျဖစ္ေနတဲ့ ဆာလက္နဲ႕ ပက္သက္လို႔ ေထာက္ျပမႈေတြ လုပ္ေနၿပီး ကစားသမားကို တည္ၿငိမ္တဲ့ ေျခစြမ္းေတြ ျပန္လည္ ျပသဖို႔ တိုက္တြန္းလာေနၾကတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ပီအက္စ္ဂ်ီ အေတြ႕အႀကဳံရင့္ ထိပ္တန္း တိုက္စစ္မႉး တစ္ဦး အလိုရွိေနတာ ျဖစ္ၿပီး ပီအက္စ္ဂ်ီ တိုက္စစ္မႉး ေနမာ နဲ႕ ဘာေပ တို႔ကို ကမ္းလွမ္းမႈ အဆင္မေျပတာ ေၾကာင့္ ဆာလတ္ကို ေျပာင္းလဲ ခ်ဥ္းကပ္လာတာပါ။ ဆာလက္ရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို မက္ဒရစ္က ေပါင္သန္း ၉၀ ခန႔္ ျဖင့္ ကမ္းလွမ္း လာဖြယ္ရာ ရွိၿပီး လီဗာပူး အသင္းကေတာ့ ေပါင္ ၁၀၀သန္းခန့္ ရရွိရင္ ဆာလက္ကို ေရာင္းခ်ဖြယ္ ရွိေၾကာင္း Sky Sports သတင္းဌာနက ေဖာ္ျပ သြားပါတယ္။