Spots news

ယူနိုက်တက်နောက်ခံလူ တွမ်ဇန်ဘီကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်တန်း ကစားသမား တွမ်ဇန်ဘီကို နယူးကာဆယ် အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ် ။ တွမ်ဇန်ဘီဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် မရဘဲ အရန်ကစားသမားအနေနဲ့သာ ရှိနေသူပါ။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရီးရဲလ်မက်ဒရစ်ရဲ့ ပြင်သစ် နောက်တန်း ကစားသမား ဗာရန်း ထပ်မံ ရောက်ရှိလာမှုကြောင့် စတုတ္ထ ဦးစားပေး ကစားသမားလောက်သာ ဖြစ်သွားဖွယ်ရှိနေပါတယ်။

ဒါကြောင့် ယူနိုက်တက်မှာ အနာဂတ်အတွက် ပွဲထွက်ဖို့ အခွင့်အလမ်း အလွန် နည်းပါးနေတဲ့ တွမ်ဇန်ဘီကို အရခေါ်ယူဖို့ နယူးကာဆယ်အသင်းဟာ ကမ်းလှမ်းမှုများ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

လက်ရှိ နယူးကာဆယ် အသင်းရဲ့ နည်းပြ ဘရုစ် ကလဲ နောက်တန်း ကစားသမား တွန်ဇန်ဘီကို ခေါ်ယူနိုင်ခဲ့ပါက နယူးကာဆယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ယခင်က နယူးကာဆယ် နဲ့ မတိုင်ခင် အက်စတွန် ဗီလာအသင်းနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ထားတဲ့ တွမ်ဇန်ဘီဟာ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင် ကစားပေးနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေနာက္တန္း ကစားသမား တြမ္ဇန္ဘီကို နယူးကာဆယ္ အသင္းက ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သိရပါတယ္ ။ တြမ္ဇန္ဘီဟာ ယူနိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ မရဘဲ အရန္ကစားသမားအေနနဲ႕သာ ရွိေနသူပါ။

လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို ရီးရဲလ္မက္ဒရစ္ရဲ႕ ျပင္သစ္ ေနာက္တန္း ကစားသမား ဗာရန္း ထပ္မံ ေရာက္ရွိလာမႈေၾကာင့္ စတုတၳ ဦးစားေပး ကစားသမားေလာက္သာ ျဖစ္သြားဖြယ္ရွိေနပါတယ္။

ဒါေၾကာင့္ ယူနိုက္တက္မွာ အနာဂတ္အတြက္ ပြဲထြက္ဖို႔ အခြင့္အလမ္း အလြန္ နည္းပါးေနတဲ့ တြမ္ဇန္ဘီကို အရေခၚယူဖို႔ နယူးကာဆယ္အသင္းဟာ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

လက္ရွိ နယူးကာဆယ္ အသင္းရဲ႕ နည္းျပ ဘ႐ုစ္ ကလဲ ေနာက္တန္း ကစားသမား တြန္ဇန္ဘီကို ေခၚယူနိုင္ခဲ့ပါက နယူးကာဆယ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေပးဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

ယခင္က နယူးကာဆယ္ နဲ႕ မတိုင္ခင္ အက္စတြန္ ဗီလာအသင္းနဲ႕လည္း အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ထားတဲ့ တြမ္ဇန္ဘီဟာ လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပါဝင္ ကစားေပးေနပါတယ္။