Spots news

ဟယ်ရီကိန်း သို့ ဟာလန်းကို ခေါ်ယူဖို့ ကြိုတင်ပြင်ဆင်နေတဲ့ မန်ယူနိုက်တက်

Unicode Version

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ အဓိက ပစ်မှတ် ၂ဦးဖြစ်တဲ့ ကွင်းလယ် တောင်ပံကစားသမား ဆန်ချိုနဲ့ ဗဟိုခံစစ်မှူး ဗာရန်းတို့ကို ခေါ်ယူနိုင်ခဲ့ကာ လာမယ့်နွေရာသီအတွက် ထိပ်တန်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန်အတွက် ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ တိုက်စစ်အတွက် မြင့်မားတဲ့ ပြောင်းရွေ့ကြေး  မသုံးထားပေမယ့် ခြေစွမ်းတည်ငြိမ်နေတဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ နှင့် လူငယ်ကစားသမား ဂရင်းဝုဒ်ရဲ့ တိုးတက်လာမှုကြောင့် အရေးတကြီး အင်အားဖြည့်တင်းစရာ မလိုသေးပါဘူး။

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ပြီး ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းဟာလည်း RB Salzburg မှာ ရှိနေစဉ် ကတည်းက ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။

ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ပေမယ့် ယူနိုက်တက်ဟာ လာမယ့် နွေရာသီအတွက် ထိပ်သီး တိုက်စစ်မှူးတစ်ဦးကို မြင့်မားတဲ့ ပြောင်းရွေ့‌ကြေးနဲ့ ခေါ်ယူဖို့စီစဉ်နေပြီး ဟာလန်း နှင့် ဟယ်ရီကိန်းတို့ အပြောင်းအရွေ့ စျေးကွက်ထဲမှာပဲ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

ဟာလန်း နဲ့ ‌ဒေါ့မွန်တို့ရဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပြီး တစ်နှစ်အတွင်း ပြောင်းရွေ့ကြေး လျော့နည်းသွားဖို့ မရှိသလို စပါး ဥက္ကဌ ဒန်နီရယ် လီဗိုင်းကလည်း ကစားသမားကို ဆက်ထိန်းထားချင် နေပြီး ဘာဘာတော့ ကို ခေါ်ယူစဉ်ကတည်းက အတော်လေးကြိုးပမ်းခဲ့ရဘူးပါတယ်။

Zawgyi Version




ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ပေမယ့် ယူနိုက်တက်ဟာ လာမယ့် နွေရာသီအတွက် ထိပ်သီး တိုက်စစ်မှူးတစ်ဦးကို မြင့်မားတဲ့ ပြောင်းရွေ့‌ကြေးနဲ့ ခေါ်ယူဖို့စီစဉ်နေပြီး ဟာလန်း နှင့် ဟယ်ရီကိန်းတို့ အပြောင်းအရွေ့ ဈေးကွက်ထဲမှာပဲ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။
