Unicode Version
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး လာမည့်တစ်ပတ်တွင် အပြောင်းအရွှေ့အပြီးသတ် နိုင်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြထားပါတယ်။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂရီးလစ်ရှ်ဟာ ယခုနွေရာသီမှာ မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားနှစ်ဦး အနက် တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးကတော့ စပါးအသင်းရဲ့ အင်္ဂလန်အသင်း ခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကိုခေါ်ယူရန် စိတ်ဝင်စားနေတဲ့ သတင်းများထွက်ပေါ် နေသည်မှာ ကာလအတန်ကြာပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းထားကြောင်း BBC၊ Sky Sports၊ Daily Mail စသည့် နာမည်ကြီး ဗြိတိန်သတင်းဌာနများစွာက သောကြာနေ့က ဖော်ပြထားပါတယ်။
ပေါင် သန်း ၁၀၀ ဆိုတဲ့ ပမာဏဟာ ဗြိတိန်ကလပ်များအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းကို ပေါင် ၈၉ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဘာရဲ့ ပြောင်းရွှေ့ကြေးထက် ပေါင် ၁၁ သန်း ပိုများနေပါတယ်။
ဗီလာအသင်းကတော့ ၎င်းတို့၏အကယ်ဒမီမှ ထွက်ပေါ်လာသည့် အသင်းခေါင်းဆောင်ဖြစ်သူ ဂရီးလစ်ရှ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ၂၀၂၅ ခုနှစ်အထိ သက် တမ်းရှိသည့် စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပေမယ့် ယခုအခါ ထပ်မံချုပ်ဆိုရန် ကြိုးပမ်းနေပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ဂရီးလစ်ရှ်ဟာ မန်စီးတီးမှာ တစ်ပတ် လုပ်ခလစာ ပေါင်နှစ်သိန်းအထက် ရရှိမည်ဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး လာမည့်တစ်ပတ် အစောပိုင်းမှာပင် အပြောင်းအရွှေ့အပြီးသတ်နိုင်ဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းဟာ ဗီလာအသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္ကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ျဖင့္ ကမ္းလွမ္းခဲ့ၿပီး လာမည့္တစ္ပတ္တြင္ အေျပာင္းအေ႐ႊ႕အၿပီးသတ္ နိုင္ဖြယ္ရွိေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပထားပါတယ္။
အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူ ဂရီးလစ္ရွ္ဟာ ယခုေႏြရာသီမွာ မန္စီးတီးအသင္းရဲ႕ အဓိကပစ္မွတ္ကစားသမားႏွစ္ဦး အနက္ တစ္ဦးျဖစ္ၿပီး က်န္တစ္ဦးကေတာ့ စပါးအသင္းရဲ႕ အဂၤလန္အသင္း ေခါင္းေဆာင္ တိုက္စစ္မႉး ဟယ္ရီကိန္းျဖစ္ပါတယ္။
မန္စီးတီးအသင္းဟာ ဂရီးလစ္ရွ္ကိုေခၚယူရန္ စိတ္ဝင္စားေနတဲ့ သတင္းမ်ားထြက္ေပၚ ေနသည္မွာ ကာလအတန္ၾကာၿပီျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ျဖင့္ ကမ္းလွမ္းထားေၾကာင္း BBC၊ Sky Sports၊ Daily Mail စသည့္ နာမည္ႀကီး ၿဗိတိန္သတင္းဌာနမ်ားစြာက ေသာၾကာေန႕က ေဖာ္ျပထားပါတယ္။
ေပါင္ သန္း ၁၀၀ ဆိုတဲ့ ပမာဏဟာ ၿဗိတိန္ကလပ္မ်ားအတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ မန္ယူနိုက္တက္အသင္းကို ေပါင္ ၈၉ သန္းျဖင့္ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေပါ့ဘာရဲ႕ ေျပာင္းေ႐ႊ႕ေၾကးထက္ ေပါင္ ၁၁ သန္း ပိုမ်ားေနပါတယ္။
ဗီလာအသင္းကေတာ့ ၎တို႔၏အကယ္ဒမီမွ ထြက္ေပၚလာသည့္ အသင္းေခါင္းေဆာင္ျဖစ္သူ ဂရီးလစ္ရွ္ကို ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလမွာ ၂၀၂၅ ခုႏွစ္အထိ သက္ တမ္းရွိသည့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားၿပီးျဖစ္ေပမယ့္ ယခုအခါ ထပ္မံခ်ဳပ္ဆိုရန္ ႀကိဳးပမ္းေနပါတယ္။
Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ဂရီးလစ္ရွ္ဟာ မန္စီးတီးမွာ တစ္ပတ္ လုပ္ခလစာ ေပါင္ႏွစ္သိန္းအထက္ ရရွိမည္ျဖစ္ၿပီး ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာ ျဖစ္ၿပီး လာမည့္တစ္ပတ္ အေစာပိုင္းမွာပင္ အေျပာင္းအေ႐ႊ႕အၿပီးသတ္နိုင္ဖြယ္ ရွိေၾကာင္း ေဖာ္ျပထားပါတယ္။