Spots news

စီနီယာကစားသမား ၈ ဦးခန့်ကို ရောင်းချဖို့ ပြင်ဆင်နေ‌တဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိူက်တက်အသင်းဟာ ယခုနွေရာ သီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ စီနီယာ အသင်းကြီးမှ ကစားသမားများအပါအဝင် ကစားသမား ၈ ဦးအထိ ရောင်းချရန် စီစဉ်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒီယာ များက ဖော်ပြထားပါတယ်။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး မာရှယ် ၊ ဝေးလ်စ်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဒန်နီယဲလ်ဂျိမ်းစ်၊ အင်္ဂလန် ကွင်းလယ်လူ လင်ဂတ်၊ အင်္ဂလန်နောက်ခံလူ ဘရန်ဒန်ဝီလျံစ် တို့အပြင်

ပေါ်တူဂီ ညာနောက်ခံလူ ဒါလော့၊ ဘရာဇီးလ်ဘယ် နောက်ခံလူ အဲလက်စ်တဲလက်စ်၊ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်၊ ဘရာဇီးလ်ကွင်းလယ်ကစားသမား ပါရဲရားတို့ကို ရောင်းချမည့် အရောင်းစာရင်းထဲမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်း နည်းပြအဖွဲ့ဝင်များက အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အင်အား ဖြည့်တင်းပြီး အပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေတာ ဖြစ်ပြီး ဒန်နီယဲလ် ဂျိမ်းစ်၊ မာရှယ် ၊ လင်ဂတ် တို့ရဲ့ နေရာမှာ ကစားသမားသစ်များဖြင့် ပြန်လည်အင်အား ဖြည့်တင်းဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းဝေးကွာနေခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူရန် ဆန္ဒပြင်းပြနေပြီး ယခုနွေရာသီအပြောင်းအရွေ့ကာလမှာ‌

တောင်ပံကစားသမား ဆန်ချို ၊ နောကခံကစားသမား ဗာရန်းတို့ကို ခေါ်ယူထားပြီး နောက်ထပ် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အသင်းမှ ကစားသမားများကိုရောင်းချရန် စီစဉ်ခြင်းဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိူက္တက္အသင္းဟာ ယခုေႏြရာ သီအေျပာင္းအေ႐ႊ႕ကာလအတြင္း အသင္းမွ စီနီယာ အသင္းႀကီးမွ ကစားသမားမ်ားအပါအဝင္ ကစားသမား ၈ ဦးအထိ ေရာင္းခ်ရန္ စီစဥ္ေနေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းမီဒီယာ မ်ားက ေဖာ္ျပထားပါတယ္။

ESPN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ယူနိုက္တက္အသင္းဟာ တိုက္စစ္မႉး မာရွယ္ ၊ ေဝးလ္စ္အသင္းရဲ႕ လူငယ္ ေတာင္ပံ ကစားသမား ဒန္နီယဲလ္ဂ်ိမ္းစ္၊ အဂၤလန္ ကြင္းလယ္လူ လင္ဂတ္၊ အဂၤလန္ေနာက္ခံလူ ဘရန္ဒန္ဝီလ်ံစ္ တို႔အျပင္

ေပၚတူဂီ ညာေနာက္ခံလူ ဒါေလာ့၊ ဘရာဇီးလ္ဘယ္ ေနာက္ခံလူ အဲလက္စ္တဲလက္စ္၊ အဂၤလန္ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္၊ ဘရာဇီးလ္ကြင္းလယ္ကစားသမား ပါရဲရားတို႔ကို ေရာင္းခ်မည့္ အေရာင္းစာရင္းထဲမွာ ထည့္သြင္းထားေၾကာင္း သိရပါတယ္။

ယူနိုက္တက္အသင္း နည္းျပအဖြဲ႕ဝင္မ်ားက အသင္းရဲ႕ တိုက္စစ္ပိုင္းကို အဓိက အင္အား ျဖည့္တင္းၿပီး အေျပာင္းအလဲျပဳလုပ္ရန္ ျပင္ဆင္ေနတာ ျဖစ္ၿပီး ဒန္နီယဲလ္ ဂ်ိမ္းစ္၊ မာရွယ္ ၊ လင္ဂတ္ တို႔ရဲ႕ ေနရာမွာ ကစားသမားသစ္မ်ားျဖင့္ ျပန္လည္အင္အား ျဖည့္တင္းဖို႔ အလိုရွိေနတာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူၿပီး ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္းေဝးကြာေနခဲ့တဲ့ အဂၤလန္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္လည္ရယူရန္ ဆႏၵျပင္းျပေနၿပီး ယခုေႏြရာသီအေျပာင္းအေ႐ြ႕ကာလမွာ‌

ေတာင္ပံကစားသမား ဆန္ခ်ိဳ ၊ ေနာကခံကစားသမား ဗာရန္းတို႔ကို ေခၚယူထားၿပီး ေနာက္ထပ္ ကစားသမားသစ္မ်ား ေခၚယူရန္အတြက္ အသင္းမွ ကစားသမားမ်ားကိုေရာင္းခ်ရန္ စီစဥ္ျခင္းျဖစ္ပါတယ္။