Unicode Version
ဘာစီလိုနာအသင်းကို ယခုနွေရာသီ အပြောင်းအရွေ့မှာပဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့တဲ့ မမ်ဖစ်ဒီပေးဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် စတုဂတ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြကာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပထမဆုံးပွဲဖြစ်တဲ့ ဂျီရိုနာနဲ့ပွဲမှာလည်း ပင်နယ်တီကတဆင့် တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ နှစ်ပွဲဆက်တိုက်ဂိုးရရှိခဲ့တာဖြစ်ပြီး ဒီပေးဟာ ဘာစီလိုနာမှာ အမြန်အထိုင်ကျနေကာ ခြေစွမ်းပြနေတာဖြစ်ပါတယ်။
ဘာစီလိုနာက စတုဂတ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီပေး အပါအဝင် ယူဆွတ်ဒီမီယာ၊ ရီကွီဖွီးတို့က သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒီပေးဟာ ကွင်းလယ်ကစားသမား
ဒီဂျောင်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းကာ ဧရိယာထဲဆွဲဝင်ခဲ့ပြီး စတုဂတ်နောက်ခံလူတစ်ဦးက လိုက်လံကပ်နေပေမယ့် ဒီပိုင်းက ညာခြေနဲ့အပိုင်ပိတ်သွင်းကာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပေးရဲ့ လျင်မြန်မှု၊ ပါးနပ်မှု နဲ့ အဆုံးသတ်ပိုင်းသေချာမှုတွေဟာ ထိပ်တန်းအဆင့်ရှိနေပြီး ဒီဂိုးဟာလဲ သေသပ် အဆင့်မြင့်မားတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ် ။ နည်းပြရော်နယ်ကိုးမန်းအတွက်တော့
လာမယ့်ရာသီမှာ အားကိုးရမယ့် ကစားသမားတစ်ဦး ဖြစ်ပြီး ဒီပေးရဲ့ ဂိုးသွင်းခြေစွမ်းကလည်း တော်တော်လေး ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
လာမယ့် ဘောလုံးရာသီမှာ ဝါရင့်တိုက်စစ်မှူး မက်ဆီ၊ အဂူရိုတို့နဲ့ အတူ တွဲဖက်ကာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ်လို့ ပြောဆိုခဲ့တဲ့ ဒီပေးဟာ သူ ကစားခွင့်ရတဲ့နှစ်ပွဲမှာပဲ နှစ်ဂိုးသွင်းယူ ပြခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ ဟော်လန်ကြယ်ပွင့်ကစားသမား ဒီပေးဟာ ဘယ်တောင်ပံတိုက်စစ်ကို ဦးဆောင်ကစားရဖွယ်ရှိနေပြီး နေမာမရှိတော့တဲ့နောက် ဘာစီလိုနာ ဘယ်တောင်ပံတိုက်စစ်မှာ အကောင်းဆုံး ဦးဆောင်ကစားပြမှုတွေကို ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။
Zawgyi Version
ဘာစီလိုနာအသင္းကို ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာပဲ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ြ႕လာခဲ့တဲ့ မမ္ဖစ္ဒီေပးဟာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ စတုဂတ္အသင္းနဲ႕ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းျပကာ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။
ပထမဆုံးပြဲျဖစ္တဲ့ ဂ်ီရိုနာနဲ႕ပြဲမွာလည္း ပင္နယ္တီကတဆင့္ တစ္ဂိုးသြင္းယူနိုင္ခဲ့တဲ့ ႏွစ္ပြဲဆက္တိုက္ဂိုးရရွိခဲ့တာျဖစ္ၿပီး ဒီေပးဟာ ဘာစီလိုနာမွာ အျမန္အထိုင္က်ေနကာ ေျခစြမ္းျပေနတာျဖစ္ပါတယ္။
ဘာစီလိုနာက စတုဂတ္ကို ၃ ဂိုးျပတ္နဲ႕ အနိုင္ရခဲ့ၿပီး ဒီေပး အပါအဝင္ ယူဆြတ္ဒီမီယာ၊ ရီကြီဖြီးတို႔က သြင္းယူ နိုင္ခဲ့တာ ျဖစ္ပါတယ္ ။ ဒီေပးဟာ ကြင္းလယ္ကစားသမား
ဒီေဂ်ာင္ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို တစ္ခ်က္ထိန္းကာ ဧရိယာထဲဆြဲဝင္ခဲ့ၿပီး စတုဂတ္ေနာက္ခံလူတစ္ဦးက လိုက္လံကပ္ေနေပမယ့္ ဒီပိုင္းက ညာေျခနဲ႕အပိုင္ပိတ္သြင္းကာ သြင္းယူခဲ့တာျဖစ္ပါတယ္။
ဒီေပးရဲ႕ လ်င္ျမန္မႈ၊ ပါးနပ္မႈ နဲ႕ အဆုံးသတ္ပိုင္းေသခ်ာမႈေတြဟာ ထိပ္တန္းအဆင့္ရွိေနၿပီး ဒီဂိုးဟာလဲ ေသသပ္ အဆင့္ျမင့္မားတဲ့ သြင္းဂိုးတစ္ဂိုး ျဖစ္ခဲ့ပါတယ္ ။ နည္းျပေရာ္နယ္ကိုးမန္းအတြက္ေတာ့
လာမယ့္ရာသီမွာ အားကိုးရမယ့္ ကစားသမားတစ္ဦး ျဖစ္ၿပီး ဒီေပးရဲ႕ ဂိုးသြင္းေျခစြမ္းကလည္း ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္တယ္ဆိုတာ ေတြ႕ရပါတယ္။
လာမယ့္ ေဘာလုံးရာသီမွာ ဝါရင့္တိုက္စစ္မႉး မက္ဆီ၊ အဂူရိုတို႔နဲ႕ အတူ တြဲဖက္ကာ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္နိုင္မယ္လို႔ ေျပာဆိုခဲ့တဲ့ ဒီေပးဟာ သူ ကစားခြင့္ရတဲ့ႏွစ္ပြဲမွာပဲ ႏွစ္ဂိုးသြင္းယူ ျပခဲ့တာျဖစ္ပါတယ္။
အသက္ ၂၇ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ေဟာ္လန္ၾကယ္ပြင့္ကစားသမား ဒီေပးဟာ ဘယ္ေတာင္ပံတိုက္စစ္ကို ဦးေဆာင္ကစားရဖြယ္ရွိေနၿပီး ေနမာမရွိေတာ့တဲ့ေနာက္ ဘာစီလိုနာ ဘယ္ေတာင္ပံတိုက္စစ္မွာ အေကာင္းဆုံး ဦးေဆာင္ကစားျပမႈေတြကို ျပန္လည္ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။