Spots news

ကွင်းလယ်လူပါရဲရားကို ပြောင်းရွေ့ကြေးသတ်မှတ်ပေးလိုက်တဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီရာသီမှာ အငှားစာချုပ်ပြည့်ပြီး အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ဘရာဇီးကွင်းလယ်ကစားသမား ပါရဲရားကို အခုနွေရာသီ အပြောင်းအရွေ့မှာပဲ ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီး သူ့အတွက် ပြောင်းရွေ့ကြေး ပေါင် ၂၂ သန်းတန်ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ အသက် ၂၅ နှစ် အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်လူ ပါရဲရားဟာ ၂၀၁၁ ခုနှစ်မှာ ယူနိုက်တက်အသင်းအကယ်ဒမီကို ရောက်ရှိခဲ့ပါတယ်။ ထို့နောက် နည်းပြဟောင်း ဗန်ဟားလ်လက်ထက် ၂၀၁၄-၁၅ ရာသီမှာ စီနီယာ အသင်းကြီးအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

သို့ပေမယ့် ယူနိုက်တက် ကစားသမားဘဝ တစ်လျှောက် ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပဲ ပြီးခဲ့တဲ့ရာသီမှာ လာဇီယိုအသင်းမှာ အငှားနဲ့သွား ကစားခဲ့ပါတယ် ။ ယခုလက်ရှိ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာတော့ ပါရဲရားဟာ ပုံမှန်ကစားခွင့်ရနေပြီး ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့တဲ့ပွဲမှာ လှပ သေသပ်တဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပြခဲ့ပါတယ်။

သို့ပေမယ့်လဲ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ကွင်းလယ်မှာ ကစားသမားအင်အား အလုံအလောက်ရှိနေပြီး ဖာနန်ဒက်စ် ၊ ပေါ့ဘာတို့ အပြင် ဗန်ဒီဘိခ်လဲ ရှိနေသလို ကွင်းလယ် ကစားသမား တစ်ဦး ထပ်မံ ခေါ်ဖို့ရှိနေတာကြောင့် ပါရဲရားကို ရောင်းချဖို့စီစဉ်နေတာဖြစ်ပါတယ်။

ပါရဲရားကို  ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူခဲ့တဲ့ လာဇီယိုက ပြန်ခေါ်ဖို့အလို ရှိနေတာ ဖြစ်ပြီး ပါရဲရားကလည်း မကြာသေးခင်က အသင်းဟောင်းလာဇီယိုကို ပြောင်းရွှေ့ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘရာဇီးလ် ကွင်းလယ်လူကို တူရကီထိပ်သီးဖီနာဘာချီနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ကလည်း ပစ်မှတ်ထားနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းကေတာ့ ဒီရာသီမွာ အငွားစာခ်ဳပ္ျပည့္ၿပီး အသင္းကို ျပန္လည္ေရာက္ရွိလာတဲ့ ဘရာဇီးကြင္းလယ္ကစားသမား ပါရဲရားကို အခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာပဲ ေရာင္းခ်သြားဖို႔ ဆုံးျဖတ္ထားၿပီး သူ႕အတြက္ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၂၂ သန္းတန္ေၾကးသတ္မွတ္ထားတယ္လို႔ သိရပါတယ္။

လက္ရွိ အခ်ိန္မွာ အသက္ ၂၅ ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ကြင္းလယ္လူ ပါရဲရားဟာ ၂၀၁၁ ခုႏွစ္မွာ ယူနိုက္တက္အသင္းအကယ္ဒမီကို ေရာက္ရွိခဲ့ပါတယ္။ ထို႔ေနာက္ နည္းျပေဟာင္း ဗန္ဟားလ္လက္ထက္ ၂၀၁၄-၁၅ ရာသီမွာ စီနီယာ အသင္းႀကီးအတြက္ စတင္ ပြဲထြက္ခြင့္ ရရွိခဲ့ပါတယ္။

သို႔ေပမယ့္ ယူနိုက္တက္ ကစားသမားဘဝ တစ္ေလွ်ာက္ ပုံမွန္ပြဲထြက္ခြင့္ မရခဲ့ပဲ ၿပီးခဲ့တဲ့ရာသီမွာ လာဇီယိုအသင္းမွာ အငွားနဲ႕သြား ကစားခဲ့ပါတယ္ ။ ယခုလက္ရွိ ယူနိုက္တက္ရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြမွာေတာ့ ပါရဲရားဟာ ပုံမွန္ကစားခြင့္ရေနၿပီး ဘရန႔္ဖို႔ဒ္နဲ႕ သေရက်ခဲ့တဲ့ပြဲမွာ လွပ ေသသပ္တဲ့ သြင္းဂိုးတစ္ဂိုး သြင္းယူျပခဲ့ပါတယ္။

သို႔ေပမယ့္လဲ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ရာသီကတည္းက ကြင္းလယ္မွာ ကစားသမားအင္အား အလုံအေလာက္ရွိေနၿပီး ဖာနန္ဒက္စ္ ၊ ေပါ့ဘာတို႔ အျပင္ ဗန္ဒီဘိခ္လဲ ရွိေနသလို ကြင္းလယ္ ကစားသမား တစ္ဦး ထပ္မံ ေခၚဖို႔ရွိေနတာေၾကာင့္ ပါရဲရားကို ေရာင္းခ်ဖိဳ႕စီစဥ္ေနတာျဖစ္ပါတယ္။

ပါရဲရားကို  ၿပီးခဲ့တဲ့ရာသီက အငွားေခၚယူခဲ့တဲ့ လာဇီယိုက ျပန္ေခၚဖို႔အလို ရွိေနတာ ျဖစ္ၿပီး ပါရဲရားကလည္း မၾကာေသးခင္က အသင္းေဟာင္းလာဇီယိုကို ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဘရာဇီးလ္ ကြင္းလယ္လူကို တူရကီထိပ္သီးဖီနာဘာခ်ီနဲ႕ ပရီးမီးယားလိဂ္ကလပ္အသင္းတခ်ိဳ႕ကလည္း ပစ္မွတ္ထားေနပါတယ္။