Spots news

ယူနိုက်တက်ကို ပြောင်းရွေ့သွားတဲ့ ဗာရန်းကို ကြိုတင်ခန့်မှန်းချက်ပေးထားတဲ့ ရော်နယ်ဒို

Unicode Version

မန်ယူနိုက်တက်အသင်းဟာ ၂၀၁၃ နောက်ပိုင်း ရယူနိုင်ခြင်းမရှိတော့တဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ရေးအတွက် ဆန်ချိုကိုခေါ်ယူပြီးနောက် ဒုတိယမြောက် ကစားသမားခေါ်ယူမှု အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဗဟိုနောက်ခံလူ ဗာရန်းကို ပေါင် ၄၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဗာရန်းဟာ မကြာခင်ရက်ပိုင်းအတွင်း မန်ချက်စတာကိုရောက်ရှိလာမှာဖြစ်ပြီး ဆေးစစ်မှုခံယူကာ ယူနိုက်တက်နဲ့ တရားဝင် စာချုပ်သွားမှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင် နောက်ခံလူဟာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့အတူ ဗဟိုခံစစ်ကို ဦးဆောင်သွားမာ ဖြစ်ပါတယ်။

ဗာရန်းနဲ့ ယူနိုက်တက် အပြောင်းအရွေ့ကို ယူနိုက်တက်နဲ့ ရီးရဲလ် ကစားသမားဟောင်းတွေက ထင်မြင်ယူဆချက်တွေကို လူမှုကွန်ရက်နဲ့ ရုပ်သံမီဒီယာတွေမှာ ဖွင့်ဟခဲ့ကြပါတယ်။ ယူနိုက်တက်ကစားသမားဟောင်းလဲဖြစ် ဗာရန်းနဲ့အတူ မက်ဒရစ်မှာ ၇ နှစ်ကြာတွဲကစားဖူးတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုလည်း ပါဝင်ခဲ့ပါတယ်။

၂၀၁၁ ကနေ ၂၀၁၈ အထိ ရီးရဲလ်မှာ ဗာရန်းနဲ့ အတူတွဲကာ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ရော်နယ်ဒိုက ဗာရန်းဟာ ယူနိုက်တက်အတွက် မှန်ကန်တဲ့ခေါ်ယူမှုလို့သုံးသပ်ပြီး လွန်ခဲ့တဲ့ ၈ နှစ်ခန့်ကတည်းက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတယောက် ဗာရန်းဟာ ဖြစ်လာမယ်လို့ ပြောဆိုဖူးခဲ့ကြောင်း ဖွင့်ဟလာပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၃ကတည်းက အသင်းဖော်ဟောင်း ဗာရန်း ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ” ဗာရန်းက လက်ရှိမှာ စီနီယာတွေဆီက လေ့လာမှုတွေပြုလုပ်နေတယ်။ သူဟာ ကစားသမားတယောက်အနေနဲ့ရော လူသားတယောက်အနေနဲ့ပါ ရင့်ကျတ်သူပါ။ သူက လျင်မြန်သလို အေးဆေးတည်ငြိမ်မှုလည်း အပြည့်ရှိတယ်။

အသက်ငယ်ငယ်ကတည်းက အတွေ့အကြုံတွေ ရှာဖွေနေပြီး စီနီယာနဲ့ ဆရာတွေ‌အပေါ် နှိမ့်ချမှုလည်း ရှိပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်း သူဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတယောက် ဖြစ်လာလိမ့်မယ်။ ” လို့ ၂၀၁၃ ခုနှစ်က အေအက်စ်အားကစားသတင်းစာကို ရော်နယ်ဒို ပြောပြခဲ့ဖူးပါတယ်။

Zawgyi Version

မန္ယူနိုက္တက္အသင္းဟာ ၂၀၁၃ ေနာက္ပိုင္း ရယူနိုင္ျခင္းမရွိေတာ့တဲ့ အမွတ္ေပးခ်န္ပီယံဆုကို ရယူနိုင္ေရးအတြက္ ဆန္ခ်ိဳကိုေခၚယူၿပီးေနာက္ ဒုတိယေျမာက္ ကစားသမားေခၚယူမႈ အေနနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ဗဟိုေနာက္ခံလူ ဗာရန္းကို ေပါင္ ၄၂ သန္းနဲ႕ ေခၚယူနိုင္ခဲ့ပါတယ္။

ဗာရန္းဟာ မၾကာခင္ရက္ပိုင္းအတြင္း မန္ခ်က္စတာကိုေရာက္ရွိလာမွာျဖစ္ၿပီး ေဆးစစ္မႈခံယူကာ ယူနိုက္တက္နဲ႕ တရားဝင္ စာခ်ဳပ္သြားမွာျဖစ္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူဟာ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားနဲ႕အတူ ဗဟိုခံစစ္ကို ဦးေဆာင္သြားမာ ျဖစ္ပါတယ္။

ဗာရန္းနဲ႕ ယူနိုက္တက္ အေျပာင္းအေ႐ြ႕ကို ယူနိုက္တက္နဲ႕ ရီးရဲလ္ ကစားသမားေဟာင္းေတြက ထင္ျမင္ယူဆခ်က္ေတြကို လူမႈကြန္ရက္နဲ႕ ႐ုပ္သံမီဒီယာေတြမွာ ဖြင့္ဟခဲ့ၾကပါတယ္။ ယူနိုက္တက္ကစားသမားေဟာင္းလဲျဖစ္ ဗာရန္းနဲ႕အတူ မက္ဒရစ္မွာ ၇ ႏွစ္ၾကာတြဲကစားဖူးတဲ့ ဂ်ဴဗင္တပ္တိုက္စစ္မႉး စီေရာ္နယ္ဒိုလည္း ပါဝင္ခဲ့ပါတယ္။

၂၀၁၁ ကေန ၂၀၁၈ အထိ ရီးရဲလ္မွာ ဗာရန္းနဲ႕ အတူတြဲကာ ေအာင္ျမင္မႈေတြ ရယူခဲ့တဲ့ ေရာ္နယ္ဒိုက ဗာရန္းဟာ ယူနိုက္တက္အတြက္ မွန္ကန္တဲ့ေခၚယူမႈလို႔သုံးသပ္ၿပီး လြန္ခဲ့တဲ့ ၈ ႏွစ္ခန႔္ကတည္းက ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူတေယာက္ ဗာရန္းဟာ ျဖစ္လာမယ္လို႔ ေျပာဆိုဖူးခဲ့ေၾကာင္း ဖြင့္ဟလာပါတယ္။

ေရာ္နယ္ဒိုဟာ ၂၀၁၃ကတည္းက အသင္းေဖာ္ေဟာင္း ဗာရန္း ရဲ႕ ေျခစြမ္းနဲ႕ပတ္သက္ၿပီး ” ဗာရန္းက လက္ရွိမွာ စီနီယာေတြဆီက ေလ့လာမႈေတြျပဳလုပ္ေနတယ္။ သူဟာ ကစားသမားတေယာက္အေနနဲ႕ေရာ လူသားတေယာက္အေနနဲ႕ပါ ရင့္က်တ္သူပါ။ သူက လ်င္ျမန္သလို ေအးေဆးတည္ၿငိမ္မႈလည္း အျပည့္ရွိတယ္။

အသက္ငယ္ငယ္ကတည္းက အေတြ႕အႀကဳံေတြ ရွာေဖြေနၿပီး စီနီယာနဲ႕ ဆရာေတြ‌အေပၚ ႏွိမ့္ခ်မႈလည္း ရွိပါတယ္။ လာမယ့္ႏွစ္အနည္းငယ္အတြင္း သူဟာ ကမာၻ႔အေကာင္းဆုံး ဗဟိုေနာက္ခံလူတေယာက္ ျဖစ္လာလိမ့္မယ္။ ” လို႔ ၂၀၁၃ ခုႏွစ္က ေအအက္စ္အားကစားသတင္းစာကို ေရာ္နယ္ဒို ေျပာျပခဲ့ဖူးပါတယ္။