Spots news

ယနေ့ ယူနိုက်တက် လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ရမယ့် ကစားသမားသစ် ဆန်ချို

Unicode Version

ပရီးမီးယားလိဂ် ရာသီသစ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းသားတွေဟာ တနင်္လါနေ့ (ယနေ့) မှာပဲ လေ့ကျင့်ရေး အစီအစဥ်တွေ

ပြုလုပ်မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ စနေနေ့က ပရက်စ်တွန်အသင်းနဲ့ ခြေစမ်းပွဲစဥ်ကစားဖို့ စီစဥ်ထားခဲ့ပေမယ့် ဖျက်သိမ်းခဲ့ရပါတယ်။

ကြာသပတေးနေ့က ဆေးစစ်မှုတွေမှာ ယူနိုက်တက် လူငယ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေမှာ COVID 19 ဗိုင်းရပ်စ် တွေ့ရှိခဲ့တယ် ဆိုပေမယ့်

ပြန်လည် စစ်ဆေးခဲ့ရာ ယူနိုက်တက်အသင်းသားတစ်ဦးမှာမျှ positive ရှိမနေခဲ့ဘူးလို့ အဖြေမှန်ထွက်ပေါ်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက တစ်ဦးတည်းလေ့ကျင့်ရေးအစီအစဥ်တွေ ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက

“ ယူနိုက်တက် ကစားသမားတိုင်းက တနင်္လါနေ့မှာ လေ့ကျင့်ရေးအစီအစဥ်တွေ ပြုလုပ်မှာဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဒါ့ကြောင့် ယူနိုက်တက်အသင်း ခေါ်ယူထားတဲ့ တောင်ပံ ကစားသမားသစ် ဆန်ချိုကတော့ အသင်းနဲ့ လေ့ကျင့်ရေးအစီအစဥ်တွေ ပြုလုပ်သွားတော့မှာပါ။

ထို့အပြင် လုခ်ရှော၊ ဟယ်ရီမက်ဂွိုင်းယားတို့လည်း အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပူးပေါင်း ပါဝင်တော့မှာဖြစ်ပါတယ်။

သို့ပေမယ့် ကာလရှည် ရရှိထားတဲ့ ပခုံးဒဏ်ရာကို ယခုအပတ်အတွင်း ခွဲစိတ်ကုသမှု ခံယူမယ့် မားကပ်စ်ရပ်ရှ်ဖို့ဒ်ကတော့ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ဦးမှာ မဟုတ်ပါဘူး။

ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိက ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ဖရက်ဒ်ဟာလည်း အသင်းနဲ့ လေ့ကျင့်ရေးအစီအစဥ်တွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ပေါလ်ပေါ့ဘာကလဲ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာသို့ ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ဒေးဗစ်ဒီဂီယာလည်း မန်ချက်စတာသို့ ရောက်ရှိနေပြီဖြစ်ပေမယ့် သူတို့နှစ်ယောက်ကို

ကာရင်တန်မှာ တွေ့မြင်ရခြင်း မရှိသေးပါဘူး။ ဥရုဂွေးအသင်းနဲ့ ကိုပါအမေရိကပြိုင်ပွဲဝင်ခဲ့တဲ့ အက်ဒီဆင်ကာဗာနီကိုလည်း တွေ့မြင်ခဲ့ရခြင်း မရှိသေးပါဘူး။

Zawgyi Version

ပရီးမီးယားလိဂ္ ရာသီသစ္အတြက္ မန္ခ်က္စတာ ယူနိုက္တက္အသင္းသားေတြဟာ တနလၤါေန႕ (ယေန႕) မွာပဲ ေလ့က်င့္ေရး အစီအစဥ္ေတြ ျပဳလုပ္မွာျဖစ္ပါတယ္။ ယူနိုက္တက္ဟာ စေနေန႕က ပရက္စ္တြန္အသင္းနဲ႕ ေျခစမ္းပြဲစဥ္ကစားဖို႔ စီစဥ္ထားခဲ့ေပမယ့္ ဖ်က္သိမ္းခဲ့ရပါတယ္။

ၾကာသပေတးေန႕က ေဆးစစ္မႈေတြမွာ ယူနိုက္တက္ လူငယ္ကစားသမားေတြနဲ႕ နည္းျပအဖြဲ႕ဝင္ေတြမွာ COVID 19 ဗိုင္းရပ္စ္ ေတြ႕ရွိခဲ့တယ္ ဆိုေပမယ့္ ျပန္လည္ စစ္ေဆးခဲ့ရာ ယူနိုက္တက္အသင္းသားတစ္ဦးမွာမွ် positive ရွိမေနခဲ့ဘူးလို႔ အေျဖမွန္ထြက္ေပၚခဲ့ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ကေတာ့ ၿပီးခဲ့တဲ့အပတ္ကတည္းက တစ္ဦးတည္းေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္ခဲ့ပါတယ္။ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက “ ယူနိုက္တက္ ကစားသမားတိုင္းက တနလၤါေန႕မွာ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္မွာျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

ဒါ့ေၾကာင့္ ယူနိုက္တက္အသင္း ေခၚယူထားတဲ့ ေတာင္ပံ ကစားသမားသစ္ ဆန္ခ်ိဳကေတာ့ အသင္းနဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္သြားေတာ့မွာပါ။ ထို႔အျပင္ လုခ္ေရွာ၊ ဟယ္ရီမက္ဂြိုင္းယားတို႔လည္း အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ပူးေပါင္း ပါဝင္ေတာ့မွာျဖစ္ပါတယ္။

သို႔ေပမယ့္ ကာလရွည္ ရရွိထားတဲ့ ပခုံးဒဏ္ရာကို ယခုအပတ္အတြင္း ခြဲစိတ္ကုသမႈ ခံယူမယ့္ မားကပ္စ္ရပ္ရွ္ဖို႔ဒ္ကေတာ့ အသင္းနဲ႕ ေလ့က်င့္ခန္းဆင္းနိုင္ဦးမွာ မဟုတ္ပါဘူး။

ဘရာဇီးလ္အသင္းနဲ႕အတူ ကိုပါအေမရိက ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့တဲ့ ဖရက္ဒ္ဟာလည္း အသင္းနဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္သြားေတာ့မွာ ျဖစ္ပါတယ္။

ေပါလ္ေပါ့ဘာကလဲ ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာသို႔ ျပန္လည္ ေရာက္ရွိလာခဲ့ပါၿပီ။ ေဒးဗစ္ဒီဂီယာလည္း မန္ခ်က္စတာသို႔ ေရာက္ရွိေနၿပီျဖစ္ေပမယ့္ သူတို႔ႏွစ္ေယာက္ကို ကာရင္တန္မွာ ေတြ႕ျမင္ရျခင္း မရွိေသးပါဘူး။ ဥ႐ုေဂြးအသင္းနဲ႕ ကိုပါအေမရိကၿပိဳင္ပြဲဝင္ခဲ့တဲ့ အက္ဒီဆင္ကာဗာနီကိုလည္း ေတြ႕ျမင္ခဲ့ရျခင္း မရွိေသးပါဘူး။