Spots news

အပြောင်းအရွေ့မပိတ်ခင်မှာ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူမယ့် မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို တာဝန်ယူထားတဲ့အကြီးအကဲတစ်ဦးဖြစ်သူ မတ်ဂျက်ခ်ျဟာ အခုနွေရာသီကာလမှာပဲ ကွင်းလယ်လူသစ်တစ်ဦး ဆက်လက်ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပြီဖြစ်ကြောင်း သိရပါတယ်။

နာမည်ကျော် အားကစား သတင်းဌာန ESPN ရဲ့ မတ်ဂျက်ခ်ျဟာ ရန်းစ်အသင်းရဲ့ ပြင်သစ် လူငယ် ကွင်းလယ်ကစားသမား ကာမာဗင်ဂါ၊ ဝုလ်ဗ်အသင်းရဲ့ပေါ်တူဂီကစားသမား ရူဘင်နီးဗတ်စ်၊ အက်သလက်တီကိုကွင်းလယ်လူဆာအူလ်တို့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံစကား ပြောဆိုခဲ့တယ်လို့ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းရဲ့အဓိကကွင်းလယ်လူတစ်ဦးဖြစ်သူ ပေ့ါဘာဟာ အခုနွေရာသီ အပြောင်းအရွေ့မှာ ပီအက်စ်ဂျီ အသင်းဆီကို ပြောင်းရွေ့ဖို့ သတင်းထွက်နေတဲ့ အတွက် သူ့နေရာမှာအစားထိုးဖို့ မတ်ဂျက်ခ်ျက ကွင်းလယ်တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

ပေါ့ဘာကို ခေါ်ယူဖို့အတွက် ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ အသင်းကချိတ်ဆက်နေသလိုကစားသမားကိုယ်တိုင်ကလည်း ပြောင်းရွှေ့လိုနေပြီး ယူနိုက်တက်အသင်းကတော့ အဓိက ကစားသမား ပေ့ါဘာကို လက်မလွတ်ရစေဖို့ အတတ်နိုင်ဆုံးကြိုးပမ်းနေပါတယ်။

သို့ပေမယ့် ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ စာချုပ်သစ်ကမ်းလှမ်းမှုကို တိုးတက်မှု မရှိအောင် ပြုလုပ်နေပါတယ် ။ ပေါ့ဘာ ကို အေ့ဂျင့်ဖြစ်သူ ရွိုင်အိုလာက ပီအက်စ်ဂျီ နဲ့ လီဗာပူးတို့ကို ပြောင်းရွေ့ဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥေတြကို တာဝန္ယူထားတဲ့အႀကီးအကဲတစ္ဦးျဖစ္သူ မတ္ဂ်က္ခ္်ဟာ အခုေႏြရာသီကာလမွာပဲ ကြင္းလယ္လူသစ္တစ္ဦး ဆက္လက္ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

နာမည္ေက်ာ္ အားကစား သတင္းဌာန ESPN ရဲ႕ မတ္ဂ်က္ခ္်ဟာ ရန္းစ္အသင္းရဲ႕ ျပင္သစ္ လူငယ္ ကြင္းလယ္ကစားသမား ကာမာဗင္ဂါ၊ ဝုလ္ဗ္အသင္းရဲ႕ေပၚတူဂီကစားသမား ႐ူဘင္နီးဗတ္စ္၊ အက္သလက္တီကိုကြင္းလယ္လူဆာအူလ္တို႔ရဲ႕ ေအးဂ်င့္ေတြနဲ႕ ေတြ႕ဆုံစကား ေျပာဆိုခဲ့တယ္လို႔ေဖာ္ျပထားပါတယ္။

ယူနိုက္တက္အသင္းရဲ႕အဓိကကြင္းလယ္လူတစ္ဦးျဖစ္သူ ေပ့ါဘာဟာ အခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ပီအက္စ္ဂ်ီ အသင္းဆီကို ေျပာင္းေ႐ြ႕ဖို႔ သတင္းထြက္ေနတဲ့ အတြက္ သူ႕ေနရာမွာအစားထိုးဖို႔ မတ္ဂ်က္ခ္်က ကြင္းလယ္တစ္ဦးေခၚယူဖို႔ ျပင္ဆင္ေနတာပဲျဖစ္ပါတယ္။

ေပါ့ဘာကို ေခၚယူဖို႔အတြက္ ျပင္သစ္ထိပ္သီး ပီအက္စ္ဂ်ီ အသင္းကခ်ိတ္ဆက္ေနသလိုကစားသမားကိုယ္တိုင္ကလည္း ေျပာင္းေ႐ႊ႕လိုေနၿပီး ယူနိုက္တက္အသင္းကေတာ့ အဓိက ကစားသမား ေပ့ါဘာကို လက္မလြတ္ရေစဖို႔ အတတ္နိုင္ဆုံးႀကိဳးပမ္းေနပါတယ္။

သို႔ေပမယ့္ ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ႐ြိုင္အိုလာဟာ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို တိုးတက္မႈ မရွိေအာင္ ျပဳလုပ္ေနပါတယ္ ။ ေပါ့ဘာ ကို ေအ့ဂ်င့္ျဖစ္သူ ႐ြိုင္အိုလာက ပီအက္စ္ဂ်ီ နဲ႕ လီဗာပူးတို႔ကို ေျပာင္းေ႐ြ႕ဖို႔ ကမ္းလွမ္းမႈေတြ လုပ္ခဲ့ေၾကာင္း သတင္းထြက္ေပၚေနပါတယ္။