Spots news

မော်ရင်ဟိုရဲ့ ဝိန်းရွန်းနေ နဲ့ ကိန်း ကိုခှိုင်းနှိုင်းမှုကို သူ့ရဲ့ အမြင်ကို ပြောပြလိုက်တဲ့ ဖာဒီနန်

Unicode Version

စပါးအသင်းရဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်ယူနိုက်တက်ကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးနိုင်ခဲ့ပြီး ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ ၁၀ ဂိုးသွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စပါးအသင်းဟာ မှတ်တမ်းကောင်းများ ရယူနိုင်ခဲ့ပြီး ဆွန်ယောင်မင်ဟာ လဲ စပါးအသင်းနဲ့ သွင်းဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပါတယ်။

ကိုယ်ပိုင် ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ တဲ့ ဟယ်ရီကိန်းကို စပါး နည်းပြ‌မော်ရင်ဟိုက တစ်ချိန်က အင်္ဂလန် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဝိန်းရွန်းနေ နဲ့ ခိုင်းနှိုင်း ခဲ့တာလဲ ဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်အတွက် ဖန်တီးမှုရော ဂိုးသွင်းမှုပါ ပြုလုပ်နိုင်တဲ့ ဝိန်းလို တိုက်စစ်မှုမျိုး အသင်းမှာ ရှိနေပြီး စပါးအသင်းရဲ့ ဝိန်းရွန်းနေဆိုပြီး ချီးကျုးခဲ့ပါတယ်။ မော်ရင်ဟို ဟာ ဝိန်းရွန်းနေရဲ့ ကစားပုံကို နှစ်သက်သူ တစ်ဦးဖြစ်ပြီး ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး အသင်းတို့ကို နည်းပြစဉ်က ဝိန်းရွန်းနေကို ခေါ်ယူဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပါတယ်။

နည်းပြ မော်ရင်ဟို ရဲ့ ဟယ်ရီကိန်းကို ဝိန်းရွန်းနေနဲ့ ခိုင်းနှိုင်းမှုအပေါ် ဝိန်းရွန်းနေရဲ့ အသင်းဖော်ဟောင်း ဖာဒီနန်ကတော့ သူ့ရဲ့ အမြင်ကို ပြောပြသွားပါတယ်။

“ မော်ရင်ဟိုက ကိန်းကို ဝိန်းရွန်းနေ နဲ့ ခိုင်းနှိုင်းမှုကို ကျွန်တော့်ကိုပြောပြ ဖူးတယ်။ အခု ဖန်သားပြင်မှာ Live ပြောလိုက်တဲ့ အခါမှာ သူပြောခဲ့ ဘူးတာကို သတိရသွားခဲ့ပါတယ်။ ရွန်းနေက တိုက်စစ်မှူး စစ်စစ် တစ်ယောက်ဖြစ်ပေမယ့် အသင်းရဲ့ ရလဒ်ကိုသာ အဓိက ထားလေ့ရှိသူပါ။ သူဟာ ကိုယ်တိုင်ဂိုးသွင်းရတာထက် ဖန်တီးပေးရတာကို နှစ်သက်သူလို့တောင် ကျွန်တော်က မြင်မိတယ်။ တချို့နေရာတွေမှာ သူကိုယ်တိုင်အဆုံးသတ် ဂိုးသွင်းဖို့ထက် ရာခိုင်နှုန်းပိုများတဲ့ အသင်းဖော်ကို ဖန်တီးပေးလေ့ရှိသူပါ။ သူဟာ နှစ်မျိုးလုံးမှာ ပိုင်နိုင်တဲ့ ကစားသမားပါ ”

“ သူဟာ ဘောလုံးကို ပိုင်နိုင်စွာ ကိုင်ထားပြီး ကစားဖော်ကို နေရာလွတ်ရရှိအောင် ဖန်တီးပေးပါတယ်။ သူနဲ့ တွဲကစားတဲ့ တိုက်စစ်မှူး ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးအများကြီး ဖန်တီးပေးပါသေးတယ် ။ အဲ့လိုမျိုး ကိုယ်တိုင်လဲဂိုးတွေသွင်းပြီး အသင်းဖော်တွေ ကိုလဲ ဖန်တီးပေးတဲ့ နောက်ထပ် တိုက်စစ်မှူးတစ်ဦး လဲ ရှိပါတယ်။ သူကတော့ သီယာရီအွန်နရီပဲ ဖြစ်ပါတယ်။ ဟယ်ရီကိန်း ကိုကြည့်နေရတာ ကျွန်တော့်အတွက် ဝိန်း‌ရွန်းနေကို မြင်နေရသလို ပါပဲ ” ဟု ပြောကြားသွားခဲ့ပါတယ်။

ဟာရီကိန်းဟာ ယခုနှစ်ရာသီမှာ စပါးအသင်း အတွက် ပြိုင်ပွဲစုံ ၁၇ဂိုးသွင်းပြီး ၁၄ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီမို့ ဂိုးပါဝင်ပတ်သတ်မှုက ၃၁ဂိုးအထိရှိလာခဲ့ပါပြီ

Zawgyi Version





